unicode

ရောဂါကူးစက်မှုနှုန်းက မြင့်တက်နေဆဲပါ။COVID 19 ရောဂါကူးစက်မှုအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ Stay at Home ကာလကို ကိုပိုပြီးတင်းတင်းကြပ်ကြပ်လုပ်ဆောင်သင့်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက Duwun ကိုပြောပါတယ်။လက်ရှိရန်ကုန်မှာ ပိုးတွေ့လူနာတွေကို တွေ့ရှိနေရဆဲဖြစ်ပေမယ့်လည်း လူတွေကတော့ ပုံမှန်အတိုင်းသွားလာလှုပ်ရှားမှုတွေရှိနေပါပြီ။



ဒီလိုအချိန်မှာ ပိုးတွေ့လူနာတွေ့ရှိတဲ့ နေရာတွေကိုသာ lock down လုပ်တာမျိုးမဟုတ်ဘဲ အားလုံးကို Stay at Home ကာလအဖြစ် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။



“ သင်္ကြန်ကာလမှာတုန်းက လုပ်တဲ့အစီအစဉ်က အရမ်းကောင်းပါတယ်။ အခုလည်းအဲလိုပဲလုပ်သင့်တာ။ ဘာလို့လဲဆိုတော့ ရောဂါကပျောက်သွားတာမဟုတ်သေးဘူး။ ခုထိကူးစက်မှုတွေရှိနေဆဲဖြစ်တယ်။ ရန်ကုန်လိုနေရာမျိုးက ပိုပြီးလုပ်ဆောင်သင့်ပါတယ်။ အခုဆိုပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ အင်းစိန်မြို့နယ်မှာ လူငါးသောင်းကျော်ကို ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်။ အမှန်တော့ မြို့နယ်ကို Lock Down အရင်လုပ်ပြီးမှ အခုလိုစစ်ဆေးမှုတွေလုပ်သင့်တာ။ ကျန်းမာရေးစစ်ပြီး အဲဒီလူ ငါးသောင်းက သွားလာလှုပ်ရှားနေတော့ကော ဘာမှထူးလာမှာမဟုတ်ဘူး” လို့ ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောပါတယ်။



အင်းစိန်နဲ့ လှှိုင်သာယာမြို့နယ်တွေဟာ လူဦးရေအထူထပ်ဆုံးမြို့နယ်တွေဖြစ်လို့ ပြည်သူတွေအနေနဲ့ကလည်း ကျန်မားရေးနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို အထူးလိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။



ရန်ကုန်မှာလည်း mask မတပ်ဘဲ သွားလာလှုပ်ရှားနေတဲ့သူတွေအများကြီးရှိတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ကလည်း လိုက်နာမှုမရှိတဲ့ ပြည်သူတွေကို တင်းတင်းကြပ်ကြပ် ပြစ်ဒဏ်ချမှတ်တာတွေလုပ်ဆောင်မှ ကူးစက်မှုလူဦးရေကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ပါမောက္ခဒေါက်တာမော်မော်ဦးက ပြောပါတယ်။

ဓူဝံ

zawgyi

ေရာဂါကူးစက္မႈႏႈန္းက ျမင့္တက္ေနဆဲပါ။COVID 19 ေရာဂါကူးစက္မႈအမ်ားဆုံးျဖစ္ေနတဲ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ Stay at Home ကာလကို ကိုပိုၿပီးတင္းတင္းၾကပ္ၾကပ္လုပ္ေဆာင္သင့္တယ္လို႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚဌာနမွ ပါေမာကၡေဒါက္တာေမာ္ေမာ္ဦးက Duwun ကိုေျပာပါတယ္။လက္ရွိရန္ကုန္မွာ ပိုးေတြ႕လူနာေတြကို ေတြ႕ရွိေနရဆဲျဖစ္ေပမယ့္လည္း လူေတြကေတာ့ ပုံမွန္အတိုင္းသြားလာလႈပ္ရွားမႈေတြရွိေနပါၿပီ။


ဒီလိုအခ်ိန္မွာ ပိုးေတြ႕လူနာေတြ႕ရွိတဲ့ ေနရာေတြကိုသာ lock down လုပ္တာမ်ိဳးမဟုတ္ဘဲ အားလုံးကို Stay at Home ကာလအျဖစ္ လုပ္ေဆာင္သင့္တယ္လို႔ ဆိုပါတယ္။


“ သၾကၤန္ကာလမွာတုန္းက လုပ္တဲ့အစီအစဥ္က အရမ္းေကာင္းပါတယ္။ အခုလည္းအဲလိုပဲလုပ္သင့္တာ။ ဘာလို႔လဲဆိုေတာ့ ေရာဂါကေပ်ာက္သြားတာမဟုတ္ေသးဘူး။ ခုထိကူးစက္မႈေတြရွိေနဆဲျဖစ္တယ္။ ရန္ကုန္လိုေနရာမ်ိဳးက ပိုၿပီးလုပ္ေဆာင္သင့္ပါတယ္။ အခုဆိုပိုးေတြ႕လူနာအမ်ားဆုံးျဖစ္တဲ့ အင္းစိန္ၿမိဳ႕နယ္မွာ လူငါးေသာင္းေက်ာ္ကို က်န္းမာေရးစစ္ေဆးမႈလုပ္တယ္။ အမွန္ေတာ့ ၿမိဳ႕နယ္ကို Lock Down အရင္လုပ္ၿပီးမွ အခုလိုစစ္ေဆးမႈေတြလုပ္သင့္တာ။ က်န္းမာေရးစစ္ၿပီး အဲဒီလူ ငါးေသာင္းက သြားလာလႈပ္ရွားေနေတာ့ေကာ ဘာမွထူးလာမွာမဟုတ္ဘူး” လို႔ ပါေမာကၡေဒါက္တာေမာ္ေမာ္ဦးက ေျပာပါတယ္။


အင္းစိန္နဲ႔ လွႈိင္သာယာၿမိဳ႕နယ္ေတြဟာ လူဦးေရအထူထပ္ဆုံးၿမိဳ႕နယ္ေတြျဖစ္လို႔ ျပည္သူေတြအေနနဲ႔ကလည္း က်န္မားေရးနဲ႔ပတ္သက္တဲ့ ၫႊန္ၾကားခ်က္ေတြကို အထူးလိုက္နာဖို႔လိုတယ္လို႔ ဆိုပါတယ္။


ရန္ကုန္မွာလည္း mask မတပ္ဘဲ သြားလာလႈပ္ရွားေနတဲ့သူေတြအမ်ားႀကီးရွိတာေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔ကလည္း လိုက္နာမႈမရွိတဲ့ ျပည္သူေတြကို တင္းတင္းၾကပ္ၾကပ္ ျပစ္ဒဏ္ခ်မွတ္တာေတြလုပ္ေဆာင္မွ ကူးစက္မႈလူဦးေရကို ထိန္းခ်ဳပ္ႏိုင္မွာျဖစ္တယ္လို႔ပါေမာကၡေဒါက္တာေမာ္ေမာ္ဦးက ေျပာပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post