(Unicode)

ရခိုင်ပြည်နယ်ထဲတွင် ရက္ခိုင်စစ်တပ် (AA) က နယ်ခြားစောင့် လုံခြုံရေး ရဲကင်းကို ယနေ့မနက်ပိုင်းက အလစ် အငိုက်တိုက်ခိုက်ပြီး နာရီပိုင်း အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AA ၏ မဟာမိတ် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က တပ်မတော် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးအနီးရှိ နမ့်ကွတ်ရွာအနီးဝန်းကျင်တွင် မူဆယ်မှ ဆင်းလာသည့် တပ်မတော်ယာဉ်တန်းကို TNLA က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းပြန်ကြားရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အတည်ပြုသည်။


ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားထဲမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်ယာဉ် တန်းကို မိုင်းထောင်၊ မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ အခု လောလောဆယ်အထိ သတင်းရရှိထားချက်အရ နမ့်ကွတ် ကျေးရွာကြားထဲမှာ တိုက်ခိုက်ခံရတယ် သိရတယ်။ ယာဉ်ထိခိုက်မှုတော့ရှိတယ်။ ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ လူတော့ မရှိဘူးလို့ လောလောဆယ် သိရတယ်။ သူတို့က ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မိုင်းခွဲတိုက်ခိုက်တာ သူတို့က တမင်စောင့်ပြီးလုပ်တဲ့ဟာမျိုးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက လွန်ခဲ့သည့် နာရီပိုင်းက သတင်းထုတ်ပြန်ထားချက်အရ ယနေ့ မနက် နမ့်ကွတ်ရွာ အနီး တိုက်ပွဲတွင် တပ်မတော်တစီး မီးလောင် ပျက်စီးနေသည်ကိုတွေ့ရပြီး သိမ်းဆည်းရမိထားသည့် တပ်မတော်၏ လက်နက်ခဲယမ်းများကိုလည်း ထုတ်ပြထားသည်ကိုတွေ့ရသည်။



တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ နမ့်ကွတ်ရွာခံတဦး ကလည်း “စစ်သားတွေ အပေါ်က ဆင်းလာတာကို ပလောင်တပ်တွေက စောင့်ကြည့်ပုံရတယ်။ ရွာနားမှာပဲ တိုက်ပွဲဖြစ်တာ။ လက်နက်ကြီးသံရော လက်နက်သေး အသံတွေပါအစုံကြား နေရတယ်။ လူတွေ မှန်သွားသေးလားဘာလား ဘာတခုမှ မသိရဘူး။ အပြင်မထွက်ရဲဘူးလေ။ အခုမှ တိုက်ပွဲ ပြီးသွားတာ။ ဗမာစစ်တပ်တွေ ပြန်တက်လာလို့ ကြောက်လို့ အပြင် မထွက်သေးတာ” ဟု ပြောသည်။

တပ်နှင့် TNLA တိုက်ပွဲဖြစ်ပွားမှုမှာ တနာခွဲကျော်ကြာမြင့်ပြီး ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီမနက်မှာ ကျနော်တို့ တပ်ဖွဲ့က လမ်းမကြီးကို ဖြတ်ကူးတဲ့အချိန်မှာ မူဆယ်ဘက်က ဆင်းလာတဲ့ စစ်တပ်နဲ့ လမ်းမပေါ်မှာတွေ့လို့ ပစ်ခတ်မှုဖြစ် တယ်ကြားတယ်။ အပျက်အစီးကတော့ ကျနော်တို့ မသိရသေးဘူး။ အသေးစိတ်ကတော့ မသိရသေးပါဘူး” ဟု ပြောသည်။



တိုက်ပွဲဖြစ်ပွားခဲ့သောနေရာသည် တရုတ်-မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သသည့် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် ဖြတ်သန်းသွားလာနေကြသည့် ကားကြီး၊ ကားငယ်၊ တွဲကားများက အဆိုပါလမ်းမကြီးအနီးရှိ နမ့်ကွတ်ရွာတွင် ရပ်ကာ ပုန်းခိုနေရသည်ဟု ဒေသခံတဦး ထံမှ သိရသည်။

တပ်မတော်ကလည်း မေလ ၉ ရက်က အကြမ်းဖက်အဖွဲ့အစည်းများရှိရာ နေရာမှအပ ကျန်နေရာများတွင် အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားသော TNLA၊ AA နှင့် ကိုးကန့်အဖွဲ့ MNDAA တို့သည် ယခုလ ၃ ရက်နေ့က တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။ သို့သော်လည်း စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို လိုအပ်လျှင် လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမည်ဟု မေလ ၁၀ ရက်နေ့က ထပ်မံထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

Credit Irrwaddy

(Zawgyi)

ရခိုင္ျပည္နယ္ထဲတြင္ ရကၡိဳင္စစ္တပ္ (AA) က နယ္ျခားေစာင့္ လုံျခဳံေရး ရဲကင္းကို ယေန႔မနက္ပိုင္းက အလစ္ အငိုက္တိုက္ခိုက္ၿပီး နာရီပိုင္း အတြင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ AA ၏ မဟာမိတ္ ပေလာင္ (တအာင္း) အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) က တပ္မေတာ္ ယာဥ္တန္းကို ၾကားျဖတ္ တိုက္ခိုက္ခဲ့သည္။

ကြတ္ခိုင္ၿမိဳ့နယ္၊ ျပည္ေထာင္စုလမ္းမႀကီးအနီးရွိ နမ့္ကြတ္ရြာအနီးဝန္းက်င္တြင္ မူဆယ္မွ ဆင္းလာသည့္ တပ္မေတာ္ယာဥ္တန္းကို TNLA က မိုင္းခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္သတင္းျပန္ၾကားေရး အဖြဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မွူးခ်ဳပ္ ေဇာ္မင္းထြန္း က အတည္ျပဳသည္။

ဗိုလ္မွူးခ်ဳပ္ ေဇာ္မင္းထြန္းက “ကြတ္ခိုင္နဲ႔ နမ့္ဖက္ကာ ၾကားထဲမွာ လုံျခဳံေရးေဆာင္ရြက္ေနတဲ့ တပ္မေတာ္ယာဥ္ တန္းကို မိုင္းေထာင္၊ မိုင္းခြဲ တိုက္ခိုက္ခဲ့တယ္။ အခု ေလာေလာဆယ္အထိ သတင္းရရွိထားခ်က္အရ နမ့္ကြတ္ ေက်းရြာၾကားထဲမွာ တိုက္ခိုက္ခံရတယ္ သိရတယ္။ ယာဥ္ထိခိုက္မွုေတာ့ရွိတယ္။ ထိခိုက္ဒဏ္ရာရ ေသဆုံးတဲ့ လူေတာ့ မရွိဘူးလို့ ေလာေလာဆယ္ သိရတယ္။ သူတို့က ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ မိုင္းခြဲတိုက္ခိုက္တာ သူတို့က တမင္ေစာင့္ၿပီးလုပ္တဲ့ဟာမ်ိဳးေပါ့” ဟု ဧရာဝတီသို့ ေျပာသည္။

TNLA သတင္းႏွင့္ ျပန္ၾကားေရး ဌာနက လြန္ခဲ့သည့္ နာရီပိုင္းက သတင္းထုတ္ျပန္ထားခ်က္အရ ယေန႔ မနက္ နမ့္ကြတ္ရြာ အနီး တိုက္ပြဲတြင္ တပ္မေတာ္တစီး မီးေလာင္ ပ်က္စီးေနသည္ကိုေတြ႕ရၿပီး သိမ္းဆည္းရမိထားသည့္ တပ္မေတာ္၏ လက္နက္ခဲယမ္းမ်ားကိုလည္း ထုတ္ျပထားသည္ကိုေတြ႕ရသည္။

တိုက္ပြဲ ျဖစ္ပြားမွုႏွင့္ ပတ္သက္၍ နမ့္ကြတ္ရြာခံတဦး ကလည္း “စစ္သားေတြ အေပၚက ဆင္းလာတာကို ပေလာင္တပ္ေတြက ေစာင့္ၾကည့္ပုံရတယ္။ ရြာနားမွာပဲ တိုက္ပြဲျဖစ္တာ။ လက္နက္ႀကီးသံေရာ လက္နက္ေသး အသံေတြပါအစုံၾကား ေနရတယ္။ လူေတြ မွန္သြားေသးလားဘာလား ဘာတခုမွ မသိရဘူး။ အျပင္မထြက္ရဲဘူးေလ။ အခုမွ တိုက္ပြဲ ၿပီးသြားတာ။ ဗမာစစ္တပ္ေတြ ျပန္တက္လာလို့ ေၾကာက္လို့ အျပင္ မထြက္ေသးတာ” ဟု ေျပာသည္။

တပ္ႏွင့္ TNLA တိုက္ပြဲျဖစ္ပြားမွုမွာ တနာခြဲေက်ာ္ၾကာျမင့္ၿပီး ျဖစ္စဥ္ အေသးစိတ္ကို မသိရွိရေသးေၾကာင္း TNLA သတင္းႏွင့္ ျပန္ၾကားေရးဌာန တာဝန္ခံ ဗိုလ္မွူး မိုင္းအိုက္ေက်ာ္ က ဧရာဝတီသို့ ေျပာသည္။

ဗိုလ္မွူး မိုင္းအိုက္ေက်ာ္က “ဒီမနက္မွာ က်ေနာ္တို့ တပ္ဖြဲ႕က လမ္းမႀကီးကို ျဖတ္ကူးတဲ့အခ်ိန္မွာ မူဆယ္ဘက္က ဆင္းလာတဲ့ စစ္တပ္နဲ႔ လမ္းမေပၚမွာေတြ႕လို့ ပစ္ခတ္မွုျဖစ္ တယ္ၾကားတယ္။ အပ်က္အစီးကေတာ့ က်ေနာ္တို့ မသိရေသးဘူး။ အေသးစိတ္ကေတာ့ မသိရေသးပါဘူး” ဟု ေျပာသည္။

တိုက္ပြဲျဖစ္ပြားခဲ့ေသာေနရာသည္ တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံ အဓိက ကုန္သြယ္ေရး လမ္းေၾကာင္း ျဖစ္သသည့္ ျပည္ေထာင္စု လမ္းမႀကီးေပၚတြင္ ျဖစ္ၿပီး တိုက္ပြဲျဖစ္ပြားစဥ္ ျဖတ္သန္းသြားလာေနၾကသည့္ ကားႀကီး၊ ကားငယ္၊ တြဲကားမ်ားက အဆိုပါလမ္းမႀကီးအနီးရွိ နမ့္ကြတ္ရြာတြင္ ရပ္ကာ ပုန္းခိုေနရသည္ဟု ေဒသခံတဦး ထံမွ သိရသည္။

တပ္မေတာ္ကလည္း ေမလ ၉ ရက္က အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိရာ ေနရာမွအပ က်န္ေနရာမ်ားတြင္ အပစ္အခတ္ ရပ္စဲေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ထားသည္။

ေျမာက္ပိုင္းမဟာမိတ္အျဖစ္ ဖြဲ႕စည္းထားေသာ TNLA၊ AA ႏွင့္ ကိုးကန႔္အဖြဲ႕ MNDAA တို့သည္ ယခုလ ၃ ရက္ေန႔က တဖက္သတ္အပစ္အခတ္ရပ္စဲေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာထားသည္။ သို့ေသာ္လည္း စစ္ေရး၊ နိုင္ငံေရး အေျခအေနမ်ားကို လိုအပ္လၽွင္ လိုအပ္သလို ပူးေပါင္းေဆာင္ရြက္သြားမည္ဟု ေမလ ၁၀ ရက္ေန႔က ထပ္မံထုတ္ျပန္ေသာ ပူးတြဲေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

Post a Comment

Previous Post Next Post