(Unicode)

ရွှေဆိုင် ဓားပြတိုက်ပြီး လူသတ်မှုကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား ၃ ဦးကို သေဒဏ်ပေးလိုက်ကြောင်း UWSA မှပြန်ကြားရေးတာဝန်ခံ ဦးညီရမ်းထံ မှ သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား ၃ ဦးသည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က (ဝ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နမ့်တစ်မြို့ရှိ ရွှေဆိုင်တစ်ခုကိုဝင်ရောက်ဓားပြတိုက် လုယက်ပြီး ဆိုင်ရှင်ကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။



UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက “သေနတ်နဲ့ပစ်သတ်တာပါ။ အရင်ကလည်း စီရင်နေကြပါ။



တရားဥပဒေအရှေ့မှာ မည်သူမဆို တန်းတူပါပဲ” ဟု သတင်းတမန်သို့ ပြောကြားခဲ့သည်။



အဆိုပါ ကျူးလွန်သူ တရုတ်နိုင်ငံသား ၃ ဦးထဲမှ ၂ ဦးကို အခင်းဖြစ်သည့်နေ့မှာပင်ဖမ်းဆီးရမိပြီး ကျန် ၁ ဦးကို မေလ ၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဦးညီရမ်းထံမှသိရသည်။



ယင်းနောက် ရွှေဆိုင်ဓါးမြတိုက် လုယှက်မှုနှင့်လူသတ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၃ဦးကို မေလ ၁၄ ရက်နေ့တွင် “ဝ”ဒေသရှိ တရားရုံးမှသေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

Ref ; News Ambassador


(Zawgyi)

ေ႐ႊဆိုင္ ဓားျပတိုက္ၿပီး လူသတ္မႈက်ဴးလြန္ခဲ့သည့္ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို ေသဒဏ္ေပးလိုက္ေၾကာင္း UWSA မွျပန္ၾကားေရးတာဝန္ခံ ဦးညီရမ္းထံ မွ သိရသည္။

အဆိုပါ တ႐ုတ္ႏိုင္ငံသား ၃ ဦးသည္ ၿပီးခဲ့သည့္ ေမလ ၂ ရက္ေန႔က (ဝ) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ နမ့္တစ္ၿမိဳ႕ရွိ ေ႐ႊဆိုင္တစ္ခုကိုဝင္ေရာက္ဓားျပတိုက္ လုယက္ၿပီး ဆိုင္ရွင္ကို သတ္ျဖတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။


UWSA ေျပာေရးဆိုခြင့္ရွိသူ ဦးညီရမ္းက “ေသနတ္နဲ႔ပစ္သတ္တာပါ။ အရင္ကလည္း စီရင္ေနၾကပါ။

တရားဥပေဒအေရွ႕မွာ မည္သူမဆို တန္းတူပါပဲ” ဟု သတင္းတမန္သို႔ ေျပာၾကားခဲ့သည္။

အဆိုပါ က်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား ၃ ဦးထဲမွ ၂ ဦးကို အခင္းျဖစ္သည့္ေန႔မွာပင္ဖမ္းဆီးရမိၿပီး က်န္ ၁ ဦးကို ေမလ ၅ ရက္ေန႔တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ဦးညီရမ္းထံမွသိရသည္။

ယင္းေနာက္ ေ႐ႊဆိုင္ဓါးျမတိုက္ လုယွက္မႈႏွင့္လူသတ္မႈက်ဴးလြန္သူ တ႐ုတ္ႏိုင္ငံသား ၃ဦးကို ေမလ ၁၄ ရက္ေန႔တြင္ “ဝ”ေဒသရွိ တရား႐ုံးမွေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Ref ; News Ambassador



Post a Comment

Previous Post Next Post