“ကလေးတွေကို ကိုဗစ်က မျက်စိထဲမထည့်ပါ ဒါ့ကြောင့် သူတို့ကို ဒုက္ခမပေးပါ”

ကလေးများနှင့် ကိုဗစ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ၂၉-၄-၂၀၂၀ နေ့ကလုပ်တဲ့ Media Conference မှာ ကလေးတွေနဲ့ ကိုဗစ်အကြောင်း မေးခွန်းမေးသွားတာတွေ့ရပါတယ်.. ဒါနဲ့ ကိုယ်လဲစိတ်ဝင်စားလို့ မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက ကလေးတွေဘယ်နှစ်ယောက်များ ပါနေသလဲကို စေ့ငုကြည့်တဲ့အခါ ဒီလိုတွေ့ရပါတယ်…

ယနေ့အချိန်ထိ ဓာတ်ခွဲအတည်ပြုစုစုပေါင်းလူနာ ၁၅၁ ဦးအနက် ကလေးလူနာ ၁၂ နှစ်အောက် ၅ ဦးပဲ ရှိပါတယ်..

အသက် ၁-၅ တစ်ဦး

အသက် ၅-၁၀ လေးဦး

စုစုပေါင်း ၅ ဦးဖြစ်တဲ့အတွက် စုစုပေါင်းဖြစိပွားမှုရဲ့ ၃.၃ ရာနှုန်းရှိပါတယ်.. အသက်အငယ်ဆုံးကလေးဟာ တစ်နှစ်ခြောက်လဖြစ်ပါတယ်.. ဒီကလေး ၅ ဦးလုံးဟာ စောင့်ကြည့်လူနာတွေ မဟုတ်ကြပဲ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ မိသားစုဝင်တွေပဲ ဖြစ်ကြပါတယ်.. မိသားစုတွင်း ကူးစက်ခံရတာဖြစ်ကြပါတယ်.. ထူးခြားချက်က သူတို့မှာ ရောဂါလက္ခဏာတွေ မရှိကြတဲ့ Asymptomatic Case တွေပဲ ဖြစ်ကြပါတယ်…


မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ဓာတ်ခွဲအတည်ပြုလူနာ ၁၅၁ ဦးအနက် ရောဂါလက္ခဏာရှိသူ ၆၃ ဦးရှိပြီး ၄၂ ရာနှုန်းရှိပါတယ်.. ရောဂါလက္ခဏာမရှိသူ ၈၆ ဦးရှိပြီး ၅၇ ရာနှုန်းရှိတာ တွေ့ရပါတယ်.. ရောဂါအတည်ပြုပြီးမှ ရောဂါလက္ခဏာပေါ်ပေါက်သူ ၂ ဦးရှိပြီး ၁ ရာနှုန်းရှိပါတယ်.. ရောဂါလက္ခဏာအနေနဲ့ ဖျားခြင်းကို ၇၅ ရာနှုန်းမှာတွေ့ရပြီး ချောင်းဆိုးခြင်းကို ၅၄ ရာနှုန်းတွေ့ရပါတယ်…


(၂၉-၄-၂၀၂၀) က နောက်ဆုံးလုပ်တဲ့ WHO Press Conference မှာ ကလေးတွေကနေ ရောဂါကူးစက်မှု ဖြစ်စေသလား အဖိုးအဖွားတွေက သူတို့ရဲ့မြေးလေးတွေကို ပွေ့ဖက်ချင်လှပြီ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းတာ တွေ့ရပါတယ်…

ဒါနဲ့ပတ်သက်ပြီး WHO က ပြန်ဖြေရာမှာတော့ ကိုဗစ်ဟာ ဒီတခါမှာတော့ ကလေးတွေကို ညှာတာပါတယ်.. ကလေးတွေမှာ ဖြစ်တာသိပ်ပြီးမတွေ့ရသလို ရောဂါကူးစက်ခြင်းခံရတဲ့ ကလေးအများစုဟာလဲ စောင့်ကြပ်ကြည့်ရှုခြင်းစနစ်ကနေ တွေ့ရှိတာဖြစ်ပြီး သူတို့ဟာ သာမန်လက္ခဏာလောက်ပဲ ခံစားရပြီး ပြန်ကောင်းလာကြတာတွေ့ရပါတယ်…



အိမ်တွင်းကူးစက်မှုတွေကို လေ့လာကြည့်တဲ့အခါမှာ လူကြီးတွေကသာ ကလေးတွေကို ကူးစက်တာများပြီး ကလေးကနေ လူကြီးကို ကူးစက်တာ အလွန်နည်းပါးတာကို တွေ့ရပါတယ်.. ကလေးတွေမှာ ရောဂါကူးစက်ခံရလျှင် ဘာ့ကြောင့်ဖြစ်ပွားမှုနည်းရတာလဲဆိုတာရယ် ဒါဟာဘယ်လိုအကြောင်းကြောင့်ဖြစ်ရတာလဲဆိုတာကို မသိရသေးပါ.. ကူးစက်ရောဂါဗေဒမှာလဲ ဒါမျိုးမတွေ့ဖူးသေးပါ.. ဒါ့ကြောင့်သုတေသနတွေများစွာ လုပ်ဖို့လိုအပ်ပြီး အသေးစိတ်လုပ်စရာတွေ များစွာရှိနေပါသေးတယ်…သုတေသနစာတမ်း အစောင် ၉၀ လေ့လာကြည့်တဲ့အခါမှာလဲ ကလေးတွေမှာ ရောဂါကူးစက်ခံရပြီးနောက် ရောဂါမဖြစ်ပေါ်လာတာနဲ့ ပတ်သက်ပြီး Seroprevalence အပိုင်းမှာ လက်ရှိအချိန်ထိ မသိနိုင်သေးတဲ့ အရာများစွာရှိနေပါသေးတယ်…



ရောဂါလက္ခဏာ မပြတဲ့ကလေးကနေ တခြားသူကို ကူးစက်ဖို့ဆိုတာကလဲ ခဲယဉ်းလှပါတယ်.. ဘာလို့ဆိုတော့ သူတို့က ချောင်းမဆိုး နှာမချေဘူး ကူးစက်ဗေဒဖြစ်စဉ်တစ်ခုလုံးကို သေချာလေ့လာကြည့်လျှင် တခါတရံယူဆချက်နှင့် ကောက်ချက်ချရတာရှိပါတယ်.. တချို့သောသူတွေမှာ ရောဂါလက္ခဏာမပြပေမဲ့ ကူးစက်နိုင်တာကလဲ ရှိနေတာကိုး ဒါ့ကြောင့်မို့ ရောဂါလက္ခဏာရှိသူ ချောင်းဆိုးနှာချေလိုက်တဲ့အခါမှာ ဗိုင်းရပ်စ်ပမာဏ မည်၍မည်မျှ အပြင်ကိုထွက်သွားသလဲ လက်မှာရောဘယ်လောက်ကပ်ငြိသွားသလဲ ပတ်ဝန်းကျင်ကိုရော ဘယ်လောက်ထိ ရောက်ရှိသွားသလဲဆိုတာကို ဆက်လက်လေ့လာရန် လိုအပ်နေပါသေးတယ်… ရောဂါရဲ့ပြင်းထန်မှုဟာ ဝင်ရောက်တဲ့ ဗိုင်းရပ်စ်ပမာဏပေါ် မူတည်နေလား ဘယ်လိုပုံစံနဲ့ကူးစက်ခံရတာလဲဆိုတာနဲ့ ရောဂါရဲ့ ပြင်းထန်မှု ဆက်စပ်မှုရှိနေလားဆိုတာကိုလဲ အများကြီး လေ့လာဖို့ လိုအပ်နေပါသေးတယ်…

တရုတ်နိုင်ငံမှာ လေ့လာမှုအရ ရောဂါဖြစ်ပွားတဲ့ကလေးများရဲ့ ၉၄ ရာနှုန်းဟာ ရောဂါလက္ခဏာ မရှိသူ သာမန် အသင့်အတင့်သာဖြစ်ကြောင်း တွေ့ရှိရပါတယ်…(Interim clinical guidance for management of patients with confirmed coronavirus disease) တချို့ဥရောပတိုင်းပြည်တွေမှာ သွေးကြောလေးတွေရောင်ပြီး နီရဲ ယားယံလာတတ်တဲ့ Kawasaki ရောဂါစုနဲ့ ဆင်တူတဲ့ပုံစံနဲ့ ဖြစ်ပွားမှု ကလေးတွေမှာ တွေ့ရှိရကြောင်း ဖော်ပြတာတွေ့ရပါတယ်.. ဒါဟာရှားပါတယ်.. တိုင်းပြည်တစ်ခု သို့ နှစ်ခုမှာသာ ဖြစ်တာကိုတွေ့ရပြီး တခြားတိုင်းပြည်များက သတင်းပို့တာ မရှိသေးပါ…မိဘတွေကို ထပ်ပြီးဖြည့်စွက်ပြောရလျှင် ရောဂါဖြစ်ပွားသော ကလေးအများစုသည် သာမန်လက္ခဏာသာဖြစ်ပွားပြီး အမြန်ဆုံးသက်သာပျောက်ကင်းပါသည်.. Kawasaki ရောဂါစုသည် ဟိုးယခင်ကတဲက ရှိသောရောဂါဖြစ်ပြီး ရှားရှားပါးပါး ဖြစ်လေ့ရှိပါသည်…



Kawasaki ရောဂါစုသည် အသက် ၅ နှစ်အောက်ကလေးများတွင် ဖြစ်ပွားတတ်သောရောဂါစုဖြစ်ပြီး သွေးကြောများတွင် ရောင်ရမ်းခြင်းနှင့် ဆက်စပ်နေပါသည်.. Autoimmune ရောဂါတမျိုးလည်းဖြစ်ပါသည်.. ဘာ့ကြောင့်ဖြစ်သည်ဆိုသည့် အကြောင်းရင်းကို ယခုထိမသိသေးပါ.. သို့သော် ကလေးများတွင် Kawasaki လက္ခဏာစုနဲ့ ခပ်ဆင်ဆင်တူသော ရောဂါလက္ခဏာနှင့် ဖော်ပြကြောင်း တွေ့ရှိရပါသည်…

ကိုဗစ်သည် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကိုသာ ရွေးချယ် တိုက်ခိုက်စေသည်မဟုတ်ပဲ တကိုယ်လုံးရှိ အစိတ်အပိုင်းပစ္စည်းများကို ထိခိုက်စေနိုင်သည့်အတွက် အထူးသတိထားရန် လိုအပ်ပါသည်… နိဂုံးချုပ်ရလျှင် ကလေးများသည် ကိုဗစ်ကိစ္စတွင် ဘာ့ကြောင့်မှန်းမသိပဲ ကိုဗစ်၏ မျက်နှာသာပေးမှု ခံရခြင်းသည်လည်း ကံကောင်းခြင်းတစ်ရပ်ဖြစ်ပါသည်… အဆိုပါ အကြောင်းအရာသည် တကယ့်ကို စိတ်ဝင်စားစရာ ကောင်းပါသည်…



လက်ရှိတွင်လည်း မြန်မာပြည်က ကိုဗစ်လူနာ ကလေး ၅ ယောက်စလုံးသည် ရောဂါ၏ ဆိုးရွားပြင်းထန်မှာကို မခံစားရပဲ သက်တောင့်သက်တာ ရှိနေပါသည် မကြာမီအားလုံး Negative နှစ်ကြိမ်ဆက်တိုက်ဖြစ်မည်ဟု မျှော်လင့်ရပါသည်

Zawgyi

“ကေလးေတြကို ကိုဗစ္က မ်က္စိထဲမထည့္ပါ ဒါ့ေၾကာင့္ သူတို႔ကို ဒုကၡမေပးပါ” (WHO)


“ကေလးေတြကို ကိုဗစ္က မ်က္စိထဲမထည့္ပါ ဒါ့ေၾကာင့္ သူတို႔ကို ဒုကၡမေပးပါ”

ကေလးမ်ားႏွင့္ ကိုဗစ္

ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ၂၉-၄-၂၀၂၀ ေန႔ကလုပ္တဲ့ Media Conference မွာ ကေလးေတြနဲ႔ ကိုဗစ္အေၾကာင္း ေမးခြန္းေမးသြားတာေတြ႕ရပါတယ္.. ဒါနဲ႔ ကိုယ္လဲစိတ္ဝင္စားလို႔ ျမန္မာႏိုင္ငံမွာ ဓာတ္ခြဲအတည္ျပဳလူနာေတြထဲက ကေလးေတြဘယ္ႏွစ္ေယာက္မ်ား ပါေနသလဲကို ေစ့ငုၾကည့္တဲ့အခါ ဒီလိုေတြ႕ရပါတယ္…

ယေန႔အခ်ိန္ထိ ဓာတ္ခြဲအတည္ျပဳစုစုေပါင္းလူနာ ၁၅၁ ဦးအနက္ ကေလးလူနာ ၁၂ ႏွစ္ေအာက္ ၅ ဦးပဲ ရွိပါတယ္..

အသက္ ၁-၅ တစ္ဦး

အသက္ ၅-၁၀ ေလးဦး

စုစုေပါင္း ၅ ဦးျဖစ္တဲ့အတြက္ စုစုေပါင္းျဖစိပြားမႈရဲ႕ ၃.၃ ရာႏႈန္းရွိပါတယ္.. အသက္အငယ္ဆုံးကေလးဟာ တစ္ႏွစ္ေျခာက္လျဖစ္ပါတယ္.. ဒီကေလး ၅ ဦးလုံးဟာ ေစာင့္ၾကည့္လူနာေတြ မဟုတ္ၾကပဲ ဓာတ္ခြဲအတည္ျပဳလူနာေတြရဲ႕ မိသားစုဝင္ေတြပဲ ျဖစ္ၾကပါတယ္.. မိသားစုတြင္း ကူးစက္ခံရတာျဖစ္ၾကပါတယ္.. ထူးျခားခ်က္က သူတို႔မွာ ေရာဂါလကၡဏာေတြ မရွိၾကတဲ့ Asymptomatic Case ေတြပဲ ျဖစ္ၾကပါတယ္…


ျမန္မာႏိုင္ငံမွာ ျဖစ္ပြားတဲ့ ဓာတ္ခြဲအတည္ျပဳလူနာ ၁၅၁ ဦးအနက္ ေရာဂါလကၡဏာရွိသူ ၆၃ ဦးရွိၿပီး ၄၂ ရာႏႈန္းရွိပါတယ္.. ​ေရာဂါလကၡဏာမရွိသူ ၈၆ ဦးရွိၿပီး ၅၇ ရာႏႈန္းရွိတာ ေတြ႕ရပါတယ္.. ေရာဂါအတည္ျပဳၿပီးမွ ေရာဂါလကၡဏာေပၚေပါက္သူ ၂ ဦးရွိၿပီး ၁ ရာႏႈန္းရွိပါတယ္.. ေရာဂါလကၡဏာအေနနဲ႔ ဖ်ားျခင္းကို ၇၅ ရာႏႈန္းမွာေတြ႕ရၿပီး ေခ်ာင္းဆိုးျခင္းကို ၅၄ ရာႏႈန္းေတြ႕ရပါတယ္…


(၂၉-၄-၂၀၂၀) က ေနာက္ဆုံးလုပ္တဲ့ WHO Press Conference မွာ ကေလးေတြကေန ေရာဂါကူးစက္မႈ ျဖစ္ေစသလား အဖိုးအဖြားေတြက သူတို႔ရဲ႕ေျမးေလးေတြကို ေပြ႕ဖက္ခ်င္လွၿပီ ဆိုတာနဲ႔ ပတ္သက္ၿပီး ေမးျမန္းတာ ေတြ႕ရပါတယ္…

ဒါနဲ႔ပတ္သက္ၿပီး WHO က ျပန္ေျဖရာမွာေတာ့ ကိုဗစ္ဟာ ဒီတခါမွာေတာ့ ကေလးေတြကို ညႇာတာပါတယ္.. ကေလးေတြမွာ ျဖစ္တာသိပ္ၿပီးမေတြ႕ရသလို ေရာဂါကူးစက္ျခင္းခံရတဲ့ ကေလးအမ်ားစုဟာလဲ ေစာင့္ၾကပ္ၾကည့္ရႈျခင္းစနစ္ကေန ေတြ႕ရွိတာျဖစ္ၿပီး သူတို႔ဟာ သာမန္လကၡဏာေလာက္ပဲ ခံစားရၿပီး ျပန္ေကာင္းလာၾကတာေတြ႕ရပါတယ္…


အိမ္တြင္းကူးစက္မႈေတြကို ေလ့လာၾကည့္တဲ့အခါမွာ လူႀကီးေတြကသာ ကေလးေတြကို ကူးစက္တာမ်ားၿပီး ကေလးကေန လူႀကီးကို ကူးစက္တာ အလြန္နည္းပါးတာကို ေတြ႕ရပါတယ္.. ကေလးေတြမွာ ေရာဂါကူးစက္ခံရလွ်င္ ဘာ့ေၾကာင့္ျဖစ္ပြားမႈနည္းရတာလဲဆိုတာရယ္ ဒါဟာဘယ္လိုအေၾကာင္းေၾကာင့္ျဖစ္ရတာလဲဆိုတာကို မသိရေသးပါ.. ကူးစက္ေရာဂါေဗဒမွာလဲ ဒါမ်ိဳးမေတြ႕ဖူးေသးပါ.. ဒါ့ေၾကာင့္သုေတသနေတြမ်ားစြာ လုပ္ဖို႔လိုအပ္ၿပီး အေသးစိတ္လုပ္စရာေတြ မ်ားစြာရွိေနပါေသးတယ္…သုေတသနစာတမ္း အေစာင္ ၉၀ ေလ့လာၾကည့္တဲ့အခါမွာလဲ ကေလးေတြမွာ ေရာဂါကူးစက္ခံရၿပီးေနာက္ ေရာဂါမျဖစ္ေပၚလာတာနဲ႔ ပတ္သက္ၿပီး Seroprevalence အပိုင္းမွာ လက္ရွိအခ်ိန္ထိ မသိႏိုင္ေသးတဲ့ အရာမ်ားစြာရွိေနပါေသးတယ္…


ေရာဂါလကၡဏာ မျပတဲ့ကေလးကေန တျခားသူကို ကူးစက္ဖို႔ဆိုတာကလဲ ခဲယဥ္းလွပါတယ္.. ဘာလို႔ဆိုေတာ့ သူတို႔က ေခ်ာင္းမဆိုး ႏွာမေခ်ဘူး ကူးစက္ေဗဒျဖစ္စဥ္တစ္ခုလုံးကို ေသခ်ာေလ့လာၾကည့္လွ်င္ တခါတရံယူဆခ်က္ႏွင့္ ေကာက္ခ်က္ခ်ရတာရွိပါတယ္.. တခ်ိဳ႕ေသာသူေတြမွာ ေရာဂါလကၡဏာမျပေပမဲ့ ကူးစက္ႏိုင္တာကလဲ ရွိေနတာကိုး ဒါ့ေၾကာင့္မို႔ ေရာဂါလကၡဏာရွိသူ ေခ်ာင္းဆိုးႏွာေခ်လိုက္တဲ့အခါမွာ ဗိုင္းရပ္စ္ပမာဏ မည္၍မည္မွ် အျပင္ကိုထြက္သြားသလဲ လက္မွာေရာဘယ္ေလာက္ကပ္ၿငိသြားသလဲ ပတ္ဝန္းက်င္ကိုေရာ ဘယ္ေလာက္ထိ ေရာက္ရွိသြားသလဲဆိုတာကို ဆက္လက္ေလ့လာရန္ လိုအပ္ေနပါေသးတယ္… ေရာဂါရဲ႕ျပင္းထန္မႈဟာ ဝင္ေရာက္တဲ့ ဗိုင္းရပ္စ္ပမာဏေပၚ မူတည္ေနလား ဘယ္လိုပုံစံနဲ႔ကူးစက္ခံရတာလဲဆိုတာနဲ႔ ေရာဂါရဲ႕ ျပင္းထန္မႈ ဆက္စပ္မႈရွိေနလားဆိုတာကိုလဲ အမ်ားႀကီး ေလ့လာဖို႔ လိုအပ္ေနပါေသးတယ္…

တ႐ုတ္ႏိုင္ငံမွာ ေလ့လာမႈအရ ေရာဂါျဖစ္ပြားတဲ့ကေလးမ်ားရဲ႕ ၉၄ ရာႏႈန္းဟာ ေရာဂါလကၡဏာ မရွိသူ သာမန္ အသင့္အတင့္သာျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္…(Interim clinical guidance for management of patients with confirmed coronavirus disease) တခ်ိဳ႕ဥေရာပတိုင္းျပည္ေတြမွာ ေသြးေၾကာေလးေတြေရာင္ၿပီး နီရဲ ယားယံလာတတ္တဲ့ Kawasaki ေရာဂါစုနဲ႔ ဆင္တူတဲ့ပုံစံနဲ႔ ျဖစ္ပြားမႈ ကေလးေတြမွာ ေတြ႕ရွိရေၾကာင္း ေဖာ္ျပတာေတြ႕ရပါတယ္.. ဒါဟာရွားပါတယ္.. တိုင္းျပည္တစ္ခု သို႔ ႏွစ္ခုမွာသာ ျဖစ္တာကိုေတြ႕ရၿပီး တျခားတိုင္းျပည္မ်ားက သတင္းပို႔တာ မရွိေသးပါ…မိဘေတြကို ထပ္ၿပီးျဖည့္စြက္ေျပာရလွ်င္ ေရာဂါျဖစ္ပြားေသာ ကေလးအမ်ားစုသည္ သာမန္လကၡဏာသာျဖစ္ပြားၿပီး အျမန္ဆုံးသက္သာေပ်ာက္ကင္းပါသည္.. Kawasaki ေရာဂါစုသည္ ဟိုးယခင္ကတဲက ရွိေသာေရာဂါျဖစ္ၿပီး ရွားရွားပါးပါး ျဖစ္ေလ့ရွိပါသည္…


Kawasaki ေရာ​ဂါစုသည္ အသက္ ၅ ႏွစ္ေအာက္ကေလးမ်ားတြင္ ျဖစ္ပြားတတ္ေသာေရာဂါစုျဖစ္ၿပီး ေသြးေၾကာမ်ားတြင္ ေရာင္ရမ္းျခင္းႏွင့္ ဆက္စပ္ေနပါသည္.. Autoimmune ေရာဂါတမ်ိဳးလည္းျဖစ္ပါသည္.. ဘာ့ေၾကာင့္ျဖစ္သည္ဆိုသည့္ အေၾကာင္းရင္းကို ယခုထိမသိေသးပါ.. သို႔ေသာ္ ကေလးမ်ားတြင္ Kawasaki လကၡဏာစုနဲ႔ ခပ္ဆင္ဆင္တူေသာ ေရာဂါလကၡဏာႏွင့္ ေဖာ္ျပေၾကာင္း ေတြ႕ရွိရပါသည္…

ကိုဗစ္သည္ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုကိုသာ ေ႐ြးခ်ယ္ တိုက္ခိုက္ေစသည္မဟုတ္ပဲ တကိုယ္လုံးရွိ အစိတ္အပိုင္းပစၥည္းမ်ားကို ထိခိုက္ေစႏိုင္သည့္အတြက္ အထူးသတိထားရန္ လိုအပ္ပါသည္… နိဂုံးခ်ဳပ္ရလွ်င္ ကေလးမ်ားသည္ ကိုဗစ္ကိစၥတြင္ ဘာ့ေၾကာင့္မွန္းမသိပဲ ကိုဗစ္၏ မ်က္ႏွာသာေပးမႈ ခံရျခင္းသည္လည္း ကံေကာင္းျခင္းတစ္ရပ္ျဖစ္ပါသည္… အဆိုပါ အေၾကာင္းအရာသည္ တကယ့္ကို စိတ္ဝင္စားစရာ ေကာင္းပါသည္…


လက္ရွိတြင္လည္း ျမန္မာျပည္က ကိုဗစ္လူနာ ကေလး ၅ ေယာက္စလုံးသည္ ေရာဂါ၏ ဆိုး႐ြားျပင္းထန္မွာကို မခံစားရပဲ သက္ေတာင့္သက္တာ ရွိေနပါသည္ မၾကာမီအားလုံး Negative ႏွစ္ႀကိမ္ဆက္တိုက္ျဖစ္မည္ဟု ေမွ်ာ္လင့္ရပါသည္

ေဒါက္တာခင္ခင္ႀကီး

Post a Comment

Previous Post Next Post