(Unicode)
အီးယူက တင်ပြသည့် ဆုံးဖြတ်ချက် မူကြမ်းကို သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ အိန္ဒိယ၊ ဂျပန်နှင့် ရုရှားတို့က ထောက်ခံထားပြီးဖြစ်သည်။ (WHO) အဖွဲ့ဝင် နိုင်ငံ (၁၉၄) နိုင်ငံ အနက် (၁၁၆) နိုင်ငံ တို့က ထောက်ခံ ထားကြောင်း ရိုက်တာ သတင်းဌာန ကဖော်ပြခဲ့သည်။ ကိုရိုနာ ပျံ့နှံ့ကူးစက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အချိန်မတိုင်သေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
ထို့ပြင် ကမ္ဘာ တစ်ဝန်း လူ (၃၀၀၀၀၀) ကျော်သေဆုံးစေ ခဲ့သည့် COVID 19 ကုသဆေး၊ ကာကွယ်ဆေးနှင့် စမ်းသပ်အ ဖြေ ထုတ်မှု များကို နိုင်ငံအားလုံး တန်းတူ ညီမျှရရှိရေးကို လည်း ဆုံးဖြတ်ချက်မူကြမ်းတွင် ဖော်ပြထားသည်။ အီးယူက တင်ပြသည့် မူကြမ်းနှင့် ပတ်သက် ၍ တစ်ပတ်ကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။
(COVID 19) အကျပ် အတည်းကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) က ကိုင်တွယ်ခဲ့ပုံနှင့် ပတ်သက်၍ လွတ်လပ် ပြီး အမှီအခို ကင်းသော စုံစမ်းစစ်ဆေး မှုပြုလုပ်ရန် ကမ္ဘာတစ် ဝန်းရှိ ကျန်းမာရေး ဝန်ကြီးများက တောင်းဆို နိုင်ခြေရှိနေကြောင်း ကုလသမဂ္ဂရှိ သံတမန် သတင်း အရင်း အမြစ်များက ပြောဆို ခဲ့သည်။
မေ (၁၈) ရက် အနှောင်း ပိုင်း တွင် ပြုလုပ် မည့် (WHO) ၏ အွန်လိုင်းမှ တစ်ဆင့် ပြုလုပ် သော ကမ္ဘာ့ ကျန်းမာ ရေး ညီလာခံ၌ ကျန်းမာ ရေး ဝန်ကြီး များက တောင်းဆို ဖွယ် ရှိနေသည်။ ဥရောပ သမဂ္ဂ(အီးယူ) က တင်ပြ သည့် ဆုံးဖြတ် ချက် မူကြမ်းတွင် (WHO) ၏ လုပ် ဆောင် မှုကို သုံးသပ်ရန် တောင်းဆိုထားခြင်းဖြစ်သည်။
crd: The myanmar Time
(Zawgyi)
အီးယူက တင္ျပသည့္ ဆုံးျဖတ္ခ်က္ မူၾကမ္းကို ၾသစေၾတးလ်၊ ၿဗိတိန္၊ ကေနဒါ၊ အိႏၵိယ၊ ဂ်ပန္ႏွင့္ ႐ုရွားတို႔က ေထာက္ခံထားၿပီးျဖစ္သည္။ (WHO) အဖြဲ႕ဝင္ ႏိုင္ငံ (၁၉၄) ႏိုင္ငံ အနက္ (၁၁၆) ႏိုင္ငံ တို႔က ေထာက္ခံ ထားေၾကာင္း ႐ိုက္တာ သတင္းဌာန ကေဖာ္ျပခဲ့သည္။ ကို႐ိုနာ ပ်ံ႕ႏွံ႔ကူးစက္မႈႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးရန္ အခ်ိန္မတိုင္ေသးေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထား သည္။
ထို႔ျပင္ ကမာၻ တစ္ဝန္း လူ (၃၀၀၀၀၀) ေက်ာ္ေသဆုံးေစ ခဲ့သည့္ COVID 19 ကုသေဆး၊ ကာကြယ္ေဆးႏွင့္ စမ္းသပ္အ ေျဖ ထုတ္မႈ မ်ားကို ႏိုင္ငံအားလုံး တန္းတူ ညီမွ်ရရွိေရးကို လည္း ဆုံးျဖတ္ခ်က္မူၾကမ္းတြင္ ေဖာ္ျပထားသည္။ အီးယူက တင္ျပသည့္ မူၾကမ္းႏွင့္ ပတ္သက္ ၍ တစ္ပတ္ၾကာ အႀကိတ္အနယ္ေဆြးေႏြးခဲ့ၾကၿပီးျဖစ္သည္။
(COVID 19) အက်ပ္ အတည္းကို ကမာၻ႔ က်န္းမာေရးအဖြဲ႕(WHO) က ကိုင္တြယ္ခဲ့ပုံႏွင့္ ပတ္သက္၍ လြတ္လပ္ ၿပီး အမွီအခို ကင္းေသာ စုံစမ္းစစ္ေဆး မႈျပဳလုပ္ရန္ ကမာၻတစ္ ဝန္းရွိ က်န္းမာေရး ဝန္ႀကီးမ်ားက ေတာင္းဆို ႏိုင္ေျခရွိေနေၾကာင္း ကုလသမဂၢရွိ သံတမန္ သတင္း အရင္း အျမစ္မ်ားက ေျပာဆို ခဲ့သည္။
ေမ (၁၈) ရက္ အေႏွာင္း ပိုင္း တြင္ ျပဳလုပ္ မည့္ (WHO) ၏ အြန္လိုင္းမွ တစ္ဆင့္ ျပဳလုပ္ ေသာ ကမာၻ႔ က်န္းမာ ေရး ညီလာခံ၌ က်န္းမာ ေရး ဝန္ႀကီး မ်ားက ေတာင္းဆို ဖြယ္ ရွိေနသည္။ ဥေရာပ သမဂၢ(အီးယူ) က တင္ျပ သည့္ ဆုံးျဖတ္ ခ်က္ မူၾကမ္းတြင္ (WHO) ၏ လုပ္ ေဆာင္ မႈကို သုံးသပ္ရန္ ေတာင္းဆိုထားျခင္းျဖစ္သည္။
crd: The myanmar Time
Post a Comment