(Unicode)

ရန်ကုန်၊ မေ ၂၈
..
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ၂၅.၅.၂၀၂၀ ရက်နေ့ ၀၈၀၀ အချိန်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများနှင့် YBS ကားမှတ်တိုင်များ တွင် ခါးပိုက်နှိုက်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပန်းဘဲတန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးရှိ ဗိုလ်ချုပ်အောင်ဆန်းဈေးကားမှတ်တိုင်၌ YBS-56 ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက် ကျော်ဇောသတင်းရှိသူ ခင်မောင်(ခ)စလင်း(ခ)မိုးဇက်၊ ကျော်ကျော်(ခ)စောဒေးဗစ်နှင့် ကျော်ကိုဦး(ခ) ရှပ်မင်း တို့(၃)ဦး ကို တွေ့ရှိစစ်ဆေးရာ ၎င်းတို့လွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ VIVO အမျိုးအစား ဖုန်း(၁)လုံးမှာ အဆိုပါယာဉ်ပေါ်ပါ အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးလွယ်ထားသော စလင်းဘတ် အိတ်အတွင်းမှ လူကာ၍နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။


အလားတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ထိုနေ့ ၀၉၀၀ အချိန်တွင် လသာမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ ဆေးရုံကြီးကားမှတ်တိုင် ၌ YBS-56 ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်ကျော်ဇောသတင်းရှိသူ မောင်ရွှေ(ခ)မွန်လေး အား တွေ့ရှိ စစ်ဆေးရာ ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ ငွေ(၂၁၀၀)ကျပ်မှာ အဆိုပါယာဉ်ပေါ်ပါ အသက် (၂၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ဆွဲခြင်းအတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။
..
ခါးပိုက်နှိုက်ဖမ်းဆီးရရှိသူ ခင်မောင်(ခ)စလင်း(ခ)မိုးဇက် ပါ(၃)ဦးနှင့် မောင်ရွှေ(ခ)မွန်လေး တို့(၄)ဦး ကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
..
Yangon Police

(Zawgyi)

ရန္ကုန္၊ ေမ ၂၈
..
ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွူး႐ုံး၊ အုပ္ခ်ဳပ္မွုဌာနခြဲမွတပ္ဖြဲ႕ဝင္မ်ားသည္ ၂၅.၅.၂၀၂၀ ရက္ေန႔ ၀၈၀၀ အခ်ိန္တြင္ ရန္ကုန္ၿမိဳ့တြင္း ေျပးဆြဲလ်က္ရွိေသာ YBS ယာဥ္လိုင္းမ်ားႏွင့္ YBS ကားမွတ္တိုင္မ်ား တြင္ ခါးပိုက္ႏွိုက္ဖမ္းဆီးရမိေရးေဆာင္ရြက္ခဲ့ရာ ပန္းဘဲတန္းၿမိဳ့နယ္၊ (၂)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမႀကီးရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈးကားမွတ္တိုင္၌ YBS-56 ယာဥ္ေပၚမွဆင္းလာသည့္ ခါးပိုက္ႏွိုက္ ေက်ာ္ေဇာသတင္းရွိသူ ခင္ေမာင္(ခ)စလင္း(ခ)မိုးဇက္၊ ေက်ာ္ေက်ာ္(ခ)ေစာေဒးဗစ္ႏွင့္ ေက်ာ္ကိုဦး(ခ) ရွပ္မင္း တို့(၃)ဦး ကို ေတြ႕ရွိစစ္ေဆးရာ ၎တို့လြယ္ထားေသာ ေဘးလြယ္အိတ္အတြင္းမွ VIVO အမ်ိဳးအစား ဖုန္း(၁)လုံးမွာ အဆိုပါယာဥ္ေပၚပါ အသက္(၂၅)ႏွစ္ခန႔္ရွိ အမ်ိဳးသမီးတစ္ဦးလြယ္ထားေသာ စလင္းဘတ္ အိတ္အတြင္းမွ လူကာ၍ႏွိုက္ယူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ပါသည္။


အလားတူ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွူး႐ုံး၊ အုပ္ခ်ဳပ္မွုဌာနခြဲမွတပ္ဖြဲ႕ဝင္မ်ားသည္ ထိုေန႔ ၀၉၀၀ အခ်ိန္တြင္ လသာၿမိဳ့နယ္၊ (၉)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီး၊ ေဆး႐ုံႀကီးကားမွတ္တိုင္ ၌ YBS-56 ယာဥ္ေပၚမွဆင္းလာသည့္ ခါးပိုက္ႏွိုက္ေက်ာ္ေဇာသတင္းရွိသူ ေမာင္ေရႊ(ခ)မြန္ေလး အား ေတြ႕ရွိ စစ္ေဆးရာ ၎လြယ္ထားေသာ ေဘးလြယ္အိတ္အတြင္းမွ ေငြ(၂၁၀၀)က်ပ္မွာ အဆိုပါယာဥ္ေပၚပါ အသက္ (၂၀)ႏွစ္ခန႔္ရွိ အမ်ိဳးသမီးတစ္ဦး၏ဆြဲျခင္းအတြင္းမွ ႏွိုက္ယူခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ပါသည္။
..
ခါးပိုက္ႏွိုက္ဖမ္းဆီးရရွိသူ ခင္ေမာင္(ခ)စလင္း(ခ)မိုးဇက္ ပါ(၃)ဦးႏွင့္ ေမာင္ေရႊ(ခ)မြန္ေလး တို့(၄)ဦး ကို ဥပေဒႏွင့္အညီ အျမန္တရားစြဲ တင္ပို့နိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
..
Yangon Police

Post a Comment

Previous Post Next Post