(Unicode)

11.6.2020 မှ 17.6.2020 အထိ ၇ရက်သားသမီး တစ်ပါတ်စာဟောစာတမ်း

ဆရာငြိမ်းအေးလူ-ဗေဒင်သုတေသီ



တနင်္ဂနွေ

ဒီကာလမှာ မည်သည့်စီးပွားရေး လုပ်ငန်းတွင်မဆို အတိုက်အခံပုံစံမျိုး ကြုံရတတ်ပါတယ်။ မြော်မြော် မြင်မြင် တိုင်းတိုင်းထွာထွာ ပြောဆိုဆက်ဆံတတ်ခြင်းကြောင့် အဆင်ပြေပါလိမ့်မည်။ ဉာဏ်ပညာနှင့်ယှဉ်၍ လုံ့လဝီရိယရှိခြင်းကြောင့် အောင်မြင်မှုရတတ်သည်။ အကောင်းဆုံးဖြစ်စေရန်မပျင်းဘဲ အမြဲတစေကြိုးစားပါ။ စပ်တူရှယ်ယာလုပ်ငန်းများ၊ ကုမ္ပဏီအဖွဲ့အစည်းလုပ်ငန်းများ အထူးအကျိုးပေးပါတယ်။ လုပ်ငန်းသစ်ပေါ်မည်။

ရတနာဥစ္စာပစ္စည်းများ တိုးပွားမှုကြုံမည်။ သင်လျှောက်လှမ်း နေသည့်လမ်းသည်ပုံမှန်လမ်းကြောင်းကိုသွေဖယ်သွား တယ်ဆိုရင်ဆန်းစစ်သင့်သည်။ လမ်းကြောင်းလွဲတာနဲ့ပြဿနာဝင်လာတတ်လို့ပါပဲ။ ကျန်းမာရေး မဆိုးပါ။ လျှပ်စစ် အန္တရာယ်တော့သတိရှိပါ။အိမ်မှာမီးပြင်စရာရှိရင် နားလည်တက်ကျွမ်းသူကိုခေါ်ပြင်တာ အကောင်းဆုံးပါပဲ။ အချစ် ရေးတွင် တွေဝေမနေသင့်ပါ။ ပြတ်သားသည့် အဖြေတစ်ခုရစေရန် မေးစေချင်တယ်။အဲလိုမှမဟုတ်ရင်မိမိကိုယ် ဇာတ်မျောကြီးလုပ်ထားတတ်ပါတယ်။ ချစ်သူ၏ရိုးသားသော လှည့်စားမှုကို ခံရတတ်ချိန်ပါ။ အိမ်ထောင်ဘက်ရဲ့ အောင်မြင်မှုက လက်တစ်ကမ်းသို့ ရောက်ရှိနေပါပြီ။ ပညာရေးကံ အားအနည်းဆုံးအချိန်လို့ သိထားပါ။

အကျိုးပေးဂဏန်း ၁/၆/၅
အထူးဟော ငွေကြေးအပေးအယူ ကိစ္စများ သေချာဆောင်ရွက်ပါ။
ယတြာ ကျန်းမာရေးအားနည်းသူကို ဆေးဝါးဓာတ်စာလှူပေးပါ။



တနင်္လာ

ဒီကာလအတွင်း သာမန်ရိုးကျ လမ်းခွဲပြီး ဆန်းသစ်တီထွင်မှုမှ အကျိုးအမြတ်ကောင်းများ ရရှိတတ်သည်။ စီးပွားတူ မိတ်ဆွေကိုအထူးသတိထားပါ။ သင့်အပေါ်ကောင်းမလိုလိုနှင့် အခွင့်ကြုံရင်ချောက်ချတတ်ပါတယ်။ မိတ်ဆွေ သစ်၊ ဝန်းကျင်သစ်ကြောင့် ငွေကြေးဥစ္စာများ တိုးပွားမှုများ ကြုံရလိမ့်မည်။ မွေးနေ့တူသူနှင့် စပ်တူလုပ်ငန်း များ အဆင်မပြေတတ်ပါ။ ငွေအထွက်များနေတတ်ပါတယ်။

တစ်ခုခုဝယ်မယ်ဆိုရင်တကယ်လိုအပ်တယ်ဆိုမှပဲ ဝယ်စေချင်ပါတယ်။ တာဝန်အရရပ်ဝေးခရီး၊ နယ်စပ်ခရီးများ သွားရတတ်သည်။ ခင်မင်ရင်းနှီးသူများအပေါ် ဩဇာ အာဏာ လွှမ်းမိုးရတတ်ပါသည်။ မိသားစုဝင်အချင်းချင်း တစ်ဦးအပေါ်တစ်ဦး နားလည်ခြင်း၊ ဖေးကူခြင်းများ ကြုံရ တတ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်ပါလိမ့်မည်။ဒါပေမယ့် အငန်၊အစပ်နှင့်အရက်ကိုအလွန်အကျွံမသုံးစွဲမိဖို့ သတိပေးချင်ပါတယ်။ ဝီရိယဖြင့် စနစ်တကျကြိုးစားမှုကြောင့် အောင်မြင်ကိန်းမြင်ပါသည်။ အချစ်ရေးတွင် ချစ်မိသူက မျက်စိအောက်က အပျောက်မခံနိုင်အောင် ရှိနေလိမ့်မည်။

ချစ်သူဝိုင်းဝိုင်းလည် တတ်ချိန်ဖြစ်၍ ချစ်သူက စိတ်မချဖြစ်နေရတတ်သည်။ အိမ်ထောင်ရေးကံလဲအထူးရှယ်ကောင်းမွန်နေပါလိမ့်မည်။ ပညာရေးတွင် ချစ်ရသူ တစ်ဦးဦးဆီကပညာတွေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၈/၆
အထူးဟော လူကြီးတွေရဲ့ အလုပ်တာဝန်တွေကိုပါ ကူလုပ်ပေးနေရတတ်ပါတယ်။
ယတြာ ရွှေသင်္ကန်းအလှူလေးတွေ လှူဒါန်းပေးပါ။



အင်္ဂါ

ဒီကာလအတွင်း အောင်မြင်မှုအတွက် အဓိကကျသော ဆုံးဖြတ်ချက်များ စာချုပ်ချုပ်ဆိုမှုများ ပြုရတတ် ပါတယ်။အကွက်စေ့စေ့မြင်ပြီး ဇွဲသတ္တိကောင်းသူဖြစ်မှသာ အောင်မြင်မှုကိုအသေအချာရရှိမှာဖြစ်ပါတယ်။ ဝန်ထမ်း ဆိုရာထူးတိုးကိန်း၊ အလုပ်နေရာ၊ ဌာနပြောင်းရွှေ့ကိန်း ကြုံရတတ်သည်။ အရာရာကို နှိုင်းနှိုင်းချိန်ချိန် လုပ်ကိုင် ဆောင်ရွက် သင့်ပါသည်။ အကြီးအကဲ ဩဇာရှိသူတို့ထံမှ ကူညီမှုရမည်။

ကျန်းမာရေးသင့်သည်။ စွန့်စား၍ လုပ်ကိုင် ဆောင် ရွက်ရသောစီးပွားရေးလုပ်ဆောင်ချက်တစ်ခု ပြုလုပ်ရပါလိမ့်မည်။ အိမ်၊ ခြံ၊ မြေ၊ ယာဉ်၊ ကား၊ စက် ပစ္စည်းများအား အကျိုးဆောင်လုပ်လျှင်လွယ်ကူစွာငွေများရလိမ့်မည်။ ရှေးကံကောင်းမှုကြောင့် လုပ်သမျှ အကျိုး ပေးနေသော ကာလဖြစ်သည်။ အချို့နေရာ၌ ရန်သူပြိုင်ဘက်ရှိနေ‌ သော်လည်းမိမိကသာအသာစီးရလိမ့် မည်။ စီးပွား ရေးတိုးတတ်ဖွံ့ဖြိုးရန် အမှီကောင်းတစ်ခုကြုံလျှက် တိုးတတ်ရန် အကြောင်းဖန်လာမည်။ သို့ရာတွင် မောက်မာခြင်း၊ ကြွားဝါခြင်း၊ အပြုအမူများပြုပါက ကံညံ့သွားတတ်သည်။

အချစ်ရေးတွင် အချစ်ကိစ္စ ရုတ်တရက် ပြောင်းလဲမှုကြုံ မည်။ အချစ်ကြောင့် အိပ်မောကျနေသော သင့်နှလုံးသားလေး နိုးထလာပါလိမ့်မည်။ အိမ်ထောင်ရေး မှာတော့ အိမ်ထောင်ဘက်ကို စိတ်ကုန်နေတတ်သည်။ ပညာရေးအားရစရာအလွန်ကောင်းတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၁/၃/၇
အထူးဟော ကံမြင့်မားနေမှာပါ။ ရဲရဲဆောင်ရွက်ဖို့တော့လိုပါတယ်။
ယတြာ အုန်းနို့ခေါက်ဆွဲ တစ်ပွဲ ဘုရားကပ်လှူဆုတောင်းပါ။



ဗုဒ္ဓဟူး

ဒီကာလအတွင်း မှန်သည်ထင်သောကိစ္စရပ်တိုင်းလိုလို ပေါ်ပေါ်တင်တင် ရဲတင်းစွာ လုပ်ကိုင်ခွင် ရပါလိမ့် မည်။ မိမိတမင်လုပ်ခြင်း မဟုတ်သော်လည်း ကံကြမ္မာအချို့က သူ့ဘာသာအလိုအလျောက် ဖြစ်သွားတတ်သည်။ အိမ်ပြောင်းခြင်း၊ အိမ်တွင်းအလှဆင်ခြင်းမျိုး လုပ်ကိုင်ရတတ်သည်။ ကံတရား၏ ကျီစယ်နောက်ပြောင်မှုကို ခံရ တတ်ချိန်မျိုးဖြစ်သည်။ ကံကြမ္မာကြိုးဆွဲရာ ကပြရသော ရုပ်သေးရုပ်ကလေးကဲ့သို့ ဖြစ်ရတတ်ပါတယ်။

နှလုံး ရောဂါ၊သွေးတိုးရောဂါရှိသူများမိမိဒေါသကြောင့် ကျန်းမာရေးထိခိုက်တတ်သည်။ ကျန်းမာရေး ဂရုစိုက်ပါ။ မာနကို ရှေ့တန်းတင်လျှက်တစ်ဇွတ် ထိုးပြောဆိုလုပ်ကိုင် မှုကြောင့် စီးပွားရေးဆိုင်ရာကိစ္စရပ်တစ်ခုခု ထိခိုက်မှုကြုံရပါ လိမ့်မည်။ တစ်ဇွတ်ထိုး စိတ်ဖြင့် ခေါင်းမာသောစိတ် ကို ပြုပြင်ပါ။ အမှားတစ်ခုကို နှစ်ခါမလုပ်ပါနှင့်။ အမှားကို သင်ခန်းစာယူလျှက် လမ်းမှန် ရောက်အောင် ကြိုးစား ဆောင်ရွက်သင့်ပါသည်။ အချစ်ရေးတွင် မာယာများတဲ့ ချစ်သူ ရဲ့ လှည့်ဖြားမှုကို ခံရတတ်ချိန်မျိုး ဖြစ်၏။ လှေနံနှစ်ဖက်နင်း တတ်သော ချစ်သူကြောင့် အလွမ်းဝေဒနာခံစားရပါ လိမ့်မည်။

ချစ်ကံညံ့နေပါလိမ့်မည်။ အိမ်ထောင်ရေးကတော့ အညံ့မရှိပါဘူး။ပညာရေးအနေဖြင့် အခွင့်အရေးများ ရရန် အထူးကြိုးစားနေရပါလိမ့် မည်။

အကျိုးပေးဂဏန်း ၁/၈/၂
အထူးဟော ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကြည်လင်စွာထားပြီး ဖြတ်သန်းစေချင်ပါတယ်။
ယတြာ ကိုယ်အောက်လက်ငယ်သားတစ်ဦးဦးကို သူတို့စားချင်တာဝယ်ကျွေးလိုက်ပါ။



ကြာသပတေး

ဒီကာလအတွင်း သင့်လုပ်ငန်း အနာဂတ်အတွက် မျှော်လင့်စရာကောင်းသော အားတတ်ဖွယ်ရာများ ကြုံရ ပါလိမ့်မည်။ အရောင်းထိုင်းပစ္စည်းများ အရောင်းသွက်စေရန် မိတ်ဆွေတစ်ဦး၏ အကြံပေးကူညီ ပေးတတ်မှုကြောင့် အဆင်ပြေမှုများ ရရှိပါလိမ့်မည်။ ထိပ်တန်းစီးပွားရေးသမားတစ်ဦးဖြစ်စေမည့် အကြောင်းတရားများနှင့် ကြုံရတတ် ချိန်မျိုးဖြစ်၏။ ထူးခြားသော အရည်အသွေးကြောင့် တစ်ခါမှမရခဲ့ဖူးသော အခွင့်အရေးကောင်းကို ရရှိပါလိမ့်မည်။

အင်္ဂါနံ ပစ္စည်းနှင့် အကျိုးပေးကောင်းသောကာလဖြစ်သည်။ စီးပွားရေးကိစ္စရပ်အတွက် ရပ်ဝေးဒေသနှင့် ဆက် သွယ်ရမည်။ အခက်အခဲပင်လယ်ကို အောင် မြင်စွာ ကျော်ဖြတ်ပြီး အေးငြိမ်းသောသောင်ကမ်းသို့ ရောက်ရှိတတ်ချိန် မျိုးဖြစ်ပါတယ်။ အညံ့ကြုံပြီး အကောင်းကြုံ ပါလိမ့်မည်။ မိသားစု ပျော်ရွှင်အေးချမ်းမှုရှိစေရန် နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံနေတတ်ပါတယ်။ကျန်းမာရေးသင့်ပါသည်။ မထင်မှတ်ထားသော ပြဿနာရပ်များကြောင့် အချစ် ရေး အဆင်မပြေနိုင်ပါ။ အချစ်ရေးမှာ အရွေးရခက်စရာ လမ်းနှစ်သွယ် ကြုံရတတ်ပါတယ်။ အိမ်ထောင်ဘက်က မိမိကိုနားလည်မပေးနိုင်တာမျိုး‌တွေကြုံရတတ်ပါတယ်။ ပညာရေးမှာတော့ အလွဲလွဲအချော်ချော်တွေဖြစ်တတ်သည်

အကျိုးပေးဂဏန်း ၃/၅/၉
အထူးဟော ကံအနည်းငယ်အင်အားနည်းနေသည်။
ယတြာ မှိုနဲ့ ကန်စွန်းရွက်ကြော်ပြီး ဘုရားကပ်လှူလိုက်ပါ။



သောကြာ

ဒီကာလအတွင်း ရာထူးတိုးမြင့်ကိန်း၊ ထီဆုကြီးကြီးပေါက်ကိန်းများ ကြုံရတတ်ပါတယ်။ ထီထိုးဖြစ်အောင် ထိုးပါ။ ငွေကြေးဥစ္စာများ အစုလိုက်၊ အပြုံလိုက် ရရှိတတ်ပါတယ်။ ငွေကြေးဥစ္စာများ ရှာဖွေရန် ရပ်ဝေးဒေသသို့ စွန့်စွန့်စားစား သွားလိုစိတ်များ ဖြစ်ပေါ်နေတတ်ပါတယ်။ အောက်လက်ငယ်သားတွေလွန်စွာမှအားကိုးရတဲ့ အချိန် ပါပဲ။ ထူးခြားကောင်းမွန်သော ကံတရားနှင့် ကြုံရတတ်ပါတယ်။

မိသားစုအသိုင်းအဝိုင်းထဲ၌ ထူးခြားစွာမိမိက ပေါ် လွင်နေပါလိမ့်မည်။ ကျန်းမာရေး အတွက် အချိုဓါတ်လွန်ကဲသော အစားအစာများကို ရှောင်ပါ။ အကြံကောင်း တစ်ချက်ကြောင့် ဝင်ငွေစီးကြောင်းတစ်ခုကိုလက်ဝယ်ရသွားတတ်ပါတယ်။စကားနည်းဖို့တော့လိုပါတယ်။ မလိုအပ် တဲ့စကားကိုလုံးဝမပြောပါနဲ့။ အချစ်ရေးတွင် မျက်နှာတစ်ချက်မညှိုးရအောင် အလိုလိုက်အကြိုက်ဆောင်ပေးသော ချစ်သူနှင့် ကြုံရဆုံရတတ်ချိန်ပါ။ ချစ်သူလေး၏ အရေးတယူ ဂရုတစိုက်ရှိမှုကြောင့် ပျော်ရွှင်ရပါလိမ့်မည်။ အိမ်ထောင်ရေးမှာတော့ပြဿနာအခက်အခဲနှင့် ကြုံရပါလိမ့်မည်။

အိမ်ထောင်ဘက်အပေါ် ဒေါသဖက်မိ၍ သောက ကြုံ ရတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့ ရန်မဖြစ်အောင်နေနိုင်ရင်အညံ့မရှိပါဘူး။ ပညာရေးကတော့ လိုက်လေ ဝေးလေဖြစ်နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၄/၈
အထူးဟော ကံအကောင်းအဆိုးမျှပါတယ်။
ယတြာ ငွေ ၅၀၀ ခန့် ပံ့သကူပစ်လိုက်ပါ။



စနေ

ယခုကာလအတောအတွင်း အာမခံမှု၊ တာဝန်ယူမှု၊ ဝေဖန်မှုတို့ကို အတတ်နိုင်ဆုံးရှောင်ပါ။ ဆင်ခြင်တုံ တရားဖြင့် ပြောဆိုပြုမူသည့်ကိစ္စ တို့ အဆင်ပြေနိုင်ပါသည်။ ကံကောင်းမွန်ခြင်းရှိနိုင်တဲ့ကာလပါပဲ။ လာဘ်အထူး ရွှင်ပြီး လက်ဖွာသောသူဖြစ်ပါကသင့်ပတ်ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်း ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည် နေမည်။ ထီကံစမ်းလို့ကောင်းသောကာလတစ်ခုဖြစ်ပါသည်။ မည်သည့်လုပ်ငန်းကိစ္စတွင်မဆို အားပြိုင်မှုများစွာကို ကြုံရတတ်ပါတယ်။ ရှယ်ယာလုပ်ငန်း၊ ငွေကြေးမြှပ်နှံထားသောလုပ်ငန်းများမှ ငွေကြေးများ ရတတ်၏။ မည်သည့် စီးပွားရေးနှင့်မဆို အဆင်ပြေတတ်ပါတယ်။

အထူးသဖြင့် လူထု၊ လူအများနှင့် ပတ်သက်ဆက်သွယ်ရသည့် လုပ်ငန်းတို့နှင့် ပိုမိုအဆင်ပြေပါလိမ့်မည်။ သွက်လက်ထက်မြက်စွာ လုပ်ကိုင်ခြင်းကြောင့် လုပ်ငန်းတူတစ်ဦး၏ စီးပွားရေးလုပ်ငန်းကိုပါ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရတတ်၏။ ကျန်းမာရေးအနည်းငယ် ချူချာနိုင်ပါသည်။ ဦးနှောက်နှင့်အာရုံကြောတွေ အလွန်အားနည်းနေချိန်ပါပဲ။ အချစ်ရေးမှာတော့ ထင်သလောက်အဆင်မပြေတတ်ပါ။ ချစ်သူနဲ့ တကျက်ကျက်ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့အဆိုး ကင်းစင်နေပါလိမ့်မယ်။ ပညာရှာလို သူများဆရာကောင်းနဲ့ကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၅/ဝ
အထူးဟော စီးပွားရေးအခွင့်အလမ်းသစ်တွေရလာမည်။
ယတြာ လက်ဖက်သုပ် ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695
09 44 5555 695


(Zawgyi)


11.6.2020 မွ 17.6.2020 အထိ ၇ရက္သားသမီး တစ္ပါတ္စာေဟာစာတမ္း

ဆရာၿငိမ္းေအးလူ-ေဗဒင္သုေတသီ



တနဂၤေႏြ

ဒီကာလမွာ မည္သည့္စီးပြားေရး လုပ္ငန္းတြင္မဆို အတိုက္အခံပုံစံမ်ိဳး ႀကဳံရတတ္ပါတယ္။ ေျမာ္ေျမာ္ ျမင္ျမင္ တိုင္းတိုင္းထြာထြာ ေျပာဆိုဆက္ဆံတတ္ျခင္းေၾကာင့္ အဆင္ေျပပါလိမ့္မည္။ ဉာဏ္ပညာႏွင့္ယွဥ္၍ လုံ႔လဝီရိယရွိျခင္းေၾကာင့္ ေအာင္ျမင္မႈရတတ္သည္။ အေကာင္းဆုံးျဖစ္ေစရန္မပ်င္းဘဲ အၿမဲတေစႀကိဳးစားပါ။ စပ္တူရွယ္ယာလုပ္ငန္းမ်ား၊ ကုမၸဏီအဖြဲ႕အစည္းလုပ္ငန္းမ်ား အထူးအက်ိဳးေပးပါတယ္။ လုပ္ငန္းသစ္ေပၚမည္။

ရတနာဥစၥာပစၥည္းမ်ား တိုးပြားမႈႀကဳံမည္။ သင္ေလွ်ာက္လွမ္း ေနသည့္လမ္းသည္ပုံမွန္လမ္းေၾကာင္းကိုေသြဖယ္သြား တယ္ဆိုရင္ဆန္းစစ္သင့္သည္။ လမ္းေၾကာင္းလြဲတာနဲ႔ျပႆနာဝင္လာတတ္လို႔ပါပဲ။ က်န္းမာေရး မဆိုးပါ။ လွ်ပ္စစ္ အႏၲရာယ္ေတာ့သတိရွိပါ။အိမ္မွာမီးျပင္စရာရွိရင္ နားလည္တက္ကြၽမ္းသူကိုေခၚျပင္တာ အေကာင္းဆုံးပါပဲ။ အခ်စ္ ေရးတြင္ ေတြေဝမေနသင့္ပါ။ ျပတ္သားသည့္ အေျဖတစ္ခုရေစရန္ ေမးေစခ်င္တယ္။အဲလိုမွမဟုတ္ရင္မိမိကိုယ္ ဇာတ္ေမ်ာႀကီးလုပ္ထားတတ္ပါတယ္။ ခ်စ္သူ၏႐ိုးသားေသာ လွည့္စားမႈကို ခံရတတ္ခ်ိန္ပါ။ အိမ္ေထာင္ဘက္ရဲ႕ ေအာင္ျမင္မႈက လက္တစ္ကမ္းသို႔ ေရာက္ရွိေနပါၿပီ။ ပညာေရးကံ အားအနည္းဆုံးအခ်ိန္လို႔ သိထားပါ။

အက်ိဳးေပးဂဏန္း ၁/၆/၅
အထူးေဟာ ေငြေၾကးအေပးအယူ ကိစၥမ်ား ေသခ်ာေဆာင္႐ြက္ပါ။
ယၾတာ က်န္းမာေရးအားနည္းသူကို ေဆးဝါးဓာတ္စာလႉေပးပါ။



တနလၤာ

ဒီကာလအတြင္း သာမန္႐ိုးက် လမ္းခြဲၿပီး ဆန္းသစ္တီထြင္မႈမွ အက်ိဳးအျမတ္ေကာင္းမ်ား ရရွိတတ္သည္။ စီးပြားတူ မိတ္ေဆြကိုအထူးသတိထားပါ။ သင့္အေပၚေကာင္းမလိုလိုႏွင့္ အခြင့္ႀကဳံရင္ေခ်ာက္ခ်တတ္ပါတယ္။ မိတ္ေဆြ သစ္၊ ဝန္းက်င္သစ္ေၾကာင့္ ေငြေၾကးဥစၥာမ်ား တိုးပြားမႈမ်ား ႀကဳံရလိမ့္မည္။ ေမြးေန႔တူသူႏွင့္ စပ္တူလုပ္ငန္း မ်ား အဆင္မေျပတတ္ပါ။ ေငြအထြက္မ်ားေနတတ္ပါတယ္။

တစ္ခုခုဝယ္မယ္ဆိုရင္တကယ္လိုအပ္တယ္ဆိုမွပဲ ဝယ္ေစခ်င္ပါတယ္။ တာဝန္အရရပ္ေဝးခရီး၊ နယ္စပ္ခရီးမ်ား သြားရတတ္သည္။ ခင္မင္ရင္းႏွီးသူမ်ားအေပၚ ဩဇာ အာဏာ လႊမ္းမိုးရတတ္ပါသည္။ မိသားစုဝင္အခ်င္းခ်င္း တစ္ဦးအေပၚတစ္ဦး နားလည္ျခင္း၊ ေဖးကူျခင္းမ်ား ႀကဳံရ တတ္ပါတယ္။ က်န္းမာေရး ေကာင္းမြန္ပါလိမ့္မည္။ဒါေပမယ့္ အငန္၊အစပ္ႏွင့္အရက္ကိုအလြန္အကြၽံမသုံးစြဲမိဖို႔ သတိေပးခ်င္ပါတယ္။ ဝီရိယျဖင့္ စနစ္တက်ႀကိဳးစားမႈေၾကာင့္ ေအာင္ျမင္ကိန္းျမင္ပါသည္။ အခ်စ္ေရးတြင္ ခ်စ္မိသူက မ်က္စိေအာက္က အေပ်ာက္မခံႏိုင္ေအာင္ ရွိေနလိမ့္မည္။

ခ်စ္သူဝိုင္းဝိုင္းလည္ တတ္ခ်ိန္ျဖစ္၍ ခ်စ္သူက စိတ္မခ်ျဖစ္ေနရတတ္သည္။ အိမ္ေထာင္ေရးကံလဲအထူးရွယ္ေကာင္းမြန္ေနပါလိမ့္မည္။ ပညာေရးတြင္ ခ်စ္ရသူ တစ္ဦးဦးဆီကပညာေတြရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၈/၆
အထူးေဟာ လူႀကီးေတြရဲ႕ အလုပ္တာဝန္ေတြကိုပါ ကူလုပ္ေပးေနရတတ္ပါတယ္။
ယၾတာ ေ႐ႊသကၤန္းအလႉေလးေတြ လႉဒါန္းေပးပါ။



အဂၤါ

ဒီကာလအတြင္း ေအာင္ျမင္မႈအတြက္ အဓိကက်ေသာ ဆုံးျဖတ္ခ်က္မ်ား စာခ်ဳပ္ခ်ဳပ္ဆိုမႈမ်ား ျပဳရတတ္ ပါတယ္။အကြက္ေစ့ေစ့ျမင္ၿပီး ဇြဲသတၱိေကာင္းသူျဖစ္မွသာ ေအာင္ျမင္မႈကိုအေသအခ်ာရရွိမွာျဖစ္ပါတယ္။ ဝန္ထမ္း ဆိုရာထူးတိုးကိန္း၊ အလုပ္ေနရာ၊ ဌာနေျပာင္းေ႐ႊ႕ကိန္း ႀကဳံရတတ္သည္။ အရာရာကို ႏႈိင္းႏႈိင္းခ်ိန္ခ်ိန္ လုပ္ကိုင္ ေဆာင္႐ြက္ သင့္ပါသည္။ အႀကီးအကဲ ဩဇာရွိသူတို႔ထံမွ ကူညီမႈရမည္။

က်န္းမာေရးသင့္သည္။ စြန႔္စား၍ လုပ္ကိုင္ ေဆာင္ ႐ြက္ရေသာစီးပြားေရးလုပ္ေဆာင္ခ်က္တစ္ခု ျပဳလုပ္ရပါလိမ့္မည္။ အိမ္၊ ၿခံ၊ ေျမ၊ ယာဥ္၊ ကား၊ စက္ ပစၥည္းမ်ားအား အက်ိဳးေဆာင္လုပ္လွ်င္လြယ္ကူစြာေငြမ်ားရလိမ့္မည္။ ေရွးကံေကာင္းမႈေၾကာင့္ လုပ္သမွ် အက်ိဳး ေပးေနေသာ ကာလျဖစ္သည္။ အခ်ိဳ႕ေနရာ၌ ရန္သူၿပိဳင္ဘက္ရွိေန‌ ေသာ္လည္းမိမိကသာအသာစီးရလိမ့္ မည္။ စီးပြား ေရးတိုးတတ္ဖြံ႕ၿဖိဳးရန္ အမွီေကာင္းတစ္ခုႀကဳံလွ်က္ တိုးတတ္ရန္ အေၾကာင္းဖန္လာမည္။ သို႔ရာတြင္ ေမာက္မာျခင္း၊ ႂကြားဝါျခင္း၊ အျပဳအမူမ်ားျပဳပါက ကံညံ့သြားတတ္သည္။

အခ်စ္ေရးတြင္ အခ်စ္ကိစၥ ႐ုတ္တရက္ ေျပာင္းလဲမႈႀကဳံ မည္။ အခ်စ္ေၾကာင့္ အိပ္ေမာက်ေနေသာ သင့္ႏွလုံးသားေလး ႏိုးထလာပါလိမ့္မည္။ အိမ္ေထာင္ေရး မွာေတာ့ အိမ္ေထာင္ဘက္ကို စိတ္ကုန္ေနတတ္သည္။ ပညာေရးအားရစရာအလြန္ေကာင္းတဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၁/၃/၇
အထူးေဟာ ကံျမင့္မားေနမွာပါ။ ရဲရဲေဆာင္႐ြက္ဖို႔ေတာ့လိုပါတယ္။
ယၾတာ အုန္းႏို႔ေခါက္ဆြဲ တစ္ပြဲ ဘုရားကပ္လႉဆုေတာင္းပါ။



ဗုဒၶဟူး

ဒီကာလအတြင္း မွန္သည္ထင္ေသာကိစၥရပ္တိုင္းလိုလို ေပၚေပၚတင္တင္ ရဲတင္းစြာ လုပ္ကိုင္ခြင္ ရပါလိမ့္ မည္။ မိမိတမင္လုပ္ျခင္း မဟုတ္ေသာ္လည္း ကံၾကမၼာအခ်ိဳ႕က သူ႔ဘာသာအလိုအေလ်ာက္ ျဖစ္သြားတတ္သည္။ အိမ္ေျပာင္းျခင္း၊ အိမ္တြင္းအလွဆင္ျခင္းမ်ိဳး လုပ္ကိုင္ရတတ္သည္။ ကံတရား၏ က်ီစယ္ေနာက္ေျပာင္မႈကို ခံရ တတ္ခ်ိန္မ်ိဳးျဖစ္သည္။ ကံၾကမၼာႀကိဳးဆြဲရာ ကျပရေသာ ႐ုပ္ေသး႐ုပ္ကေလးကဲ့သို႔ ျဖစ္ရတတ္ပါတယ္။

ႏွလုံး ေရာဂါ၊ေသြးတိုးေရာဂါရွိသူမ်ားမိမိေဒါသေၾကာင့္ က်န္းမာေရးထိခိုက္တတ္သည္။ က်န္းမာေရး ဂ႐ုစိုက္ပါ။ မာနကို ေရွ႕တန္းတင္လွ်က္တစ္ဇြတ္ ထိုးေျပာဆိုလုပ္ကိုင္ မႈေၾကာင့္ စီးပြားေရးဆိုင္ရာကိစၥရပ္တစ္ခုခု ထိခိုက္မႈႀကဳံရပါ လိမ့္မည္။ တစ္ဇြတ္ထိုး စိတ္ျဖင့္ ေခါင္းမာေသာစိတ္ ကို ျပဳျပင္ပါ။ အမွားတစ္ခုကို ႏွစ္ခါမလုပ္ပါႏွင့္။ အမွားကို သင္ခန္းစာယူလွ်က္ လမ္းမွန္ ေရာက္ေအာင္ ႀကိဳးစား ေဆာင္႐ြက္သင့္ပါသည္။ အခ်စ္ေရးတြင္ မာယာမ်ားတဲ့ ခ်စ္သူ ရဲ႕ လွည့္ျဖားမႈကို ခံရတတ္ခ်ိန္မ်ိဳး ျဖစ္၏။ ေလွနံႏွစ္ဖက္နင္း တတ္ေသာ ခ်စ္သူေၾကာင့္ အလြမ္းေဝဒနာခံစားရပါ လိမ့္မည္။

ခ်စ္ကံညံ့ေနပါလိမ့္မည္။ အိမ္ေထာင္ေရးကေတာ့ အညံ့မရွိပါဘူး။ပညာေရးအေနျဖင့္ အခြင့္အေရးမ်ား ရရန္ အထူးႀကိဳးစားေနရပါလိမ့္ မည္။

အက်ိဳးေပးဂဏန္း ၁/၈/၂
အထူးေဟာ ေပါ့ေပါ့ပါးပါးနဲ႔ စိတ္ၾကည္လင္စြာထားၿပီး ျဖတ္သန္းေစခ်င္ပါတယ္။
ယၾတာ ကိုယ္ေအာက္လက္ငယ္သားတစ္ဦးဦးကို သူတို႔စားခ်င္တာဝယ္ေကြၽးလိုက္ပါ။



ၾကာသပေတး

ဒီကာလအတြင္း သင့္လုပ္ငန္း အနာဂတ္အတြက္ ေမွ်ာ္လင့္စရာေကာင္းေသာ အားတတ္ဖြယ္ရာမ်ား ႀကဳံရ ပါလိမ့္မည္။ အေရာင္းထိုင္းပစၥည္းမ်ား အေရာင္းသြက္ေစရန္ မိတ္ေဆြတစ္ဦး၏ အႀကံေပးကူညီ ေပးတတ္မႈေၾကာင့္ အဆင္ေျပမႈမ်ား ရရွိပါလိမ့္မည္။ ထိပ္တန္းစီးပြားေရးသမားတစ္ဦးျဖစ္ေစမည့္ အေၾကာင္းတရားမ်ားႏွင့္ ႀကဳံရတတ္ ခ်ိန္မ်ိဳးျဖစ္၏။ ထူးျခားေသာ အရည္အေသြးေၾကာင့္ တစ္ခါမွမရခဲ့ဖူးေသာ အခြင့္အေရးေကာင္းကို ရရွိပါလိမ့္မည္။

အဂၤါနံ ပစၥည္းႏွင့္ အက်ိဳးေပးေကာင္းေသာကာလျဖစ္သည္။ စီးပြားေရးကိစၥရပ္အတြက္ ရပ္ေဝးေဒသႏွင့္ ဆက္ သြယ္ရမည္။ အခက္အခဲပင္လယ္ကို ေအာင္ ျမင္စြာ ေက်ာ္ျဖတ္ၿပီး ေအးၿငိမ္းေသာေသာင္ကမ္းသို႔ ေရာက္ရွိတတ္ခ်ိန္ မ်ိဳးျဖစ္ပါတယ္။ အညံ့ႀကဳံၿပီး အေကာင္းႀကဳံ ပါလိမ့္မည္။ မိသားစု ေပ်ာ္႐ႊင္ေအးခ်မ္းမႈရွိေစရန္ ေႏြးေႏြးေထြးေထြး ေျပာဆိုဆက္ဆံေနတတ္ပါတယ္။က်န္းမာေရးသင့္ပါသည္။ မထင္မွတ္ထားေသာ ျပႆနာရပ္မ်ားေၾကာင့္ အခ်စ္ ေရး အဆင္မေျပႏိုင္ပါ။ အခ်စ္ေရးမွာ အေ႐ြးရခက္စရာ လမ္းႏွစ္သြယ္ ႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ဘက္က မိမိကိုနားလည္မေပးႏိုင္တာမ်ိဳး‌ေတြႀကဳံရတတ္ပါတယ္။ ပညာေရးမွာေတာ့ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္တတ္သည္

အက်ိဳးေပးဂဏန္း ၃/၅/၉
အထူးေဟာ ကံအနည္းငယ္အင္အားနည္းေနသည္။
ယၾတာ မႈိနဲ႔ ကန္စြန္း႐ြက္ေၾကာ္ၿပီး ဘုရားကပ္လႉလိုက္ပါ။



ေသာၾကာ

ဒီကာလအတြင္း ရာထူးတိုးျမင့္ကိန္း၊ ထီဆုႀကီးႀကီးေပါက္ကိန္းမ်ား ႀကဳံရတတ္ပါတယ္။ ထီထိုးျဖစ္ေအာင္ ထိုးပါ။ ေငြေၾကးဥစၥာမ်ား အစုလိုက္၊ အၿပဳံလိုက္ ရရွိတတ္ပါတယ္။ ေငြေၾကးဥစၥာမ်ား ရွာေဖြရန္ ရပ္ေဝးေဒသသို႔ စြန႔္စြန႔္စားစား သြားလိုစိတ္မ်ား ျဖစ္ေပၚေနတတ္ပါတယ္။ ေအာက္လက္ငယ္သားေတြလြန္စြာမွအားကိုးရတဲ့ အခ်ိန္ ပါပဲ။ ထူးျခားေကာင္းမြန္ေသာ ကံတရားႏွင့္ ႀကဳံရတတ္ပါတယ္။

မိသားစုအသိုင္းအဝိုင္းထဲ၌ ထူးျခားစြာမိမိက ေပၚ လြင္ေနပါလိမ့္မည္။ က်န္းမာေရး အတြက္ အခ်ိဳဓါတ္လြန္ကဲေသာ အစားအစာမ်ားကို ေရွာင္ပါ။ အႀကံေကာင္း တစ္ခ်က္ေၾကာင့္ ဝင္ေငြစီးေၾကာင္းတစ္ခုကိုလက္ဝယ္ရသြားတတ္ပါတယ္။စကားနည္းဖို႔ေတာ့လိုပါတယ္။ မလိုအပ္ တဲ့စကားကိုလုံး၀မေျပာပါနဲ႔။ အခ်စ္ေရးတြင္ မ်က္ႏွာတစ္ခ်က္မညႇိဳးရေအာင္ အလိုလိုက္အႀကိဳက္ေဆာင္ေပးေသာ ခ်စ္သူႏွင့္ ႀကဳံရဆုံရတတ္ခ်ိန္ပါ။ ခ်စ္သူေလး၏ အေရးတယူ ဂ႐ုတစိုက္ရွိမႈေၾကာင့္ ေပ်ာ္႐ႊင္ရပါလိမ့္မည္။ အိမ္ေထာင္ေရးမွာေတာ့ျပႆနာအခက္အခဲႏွင့္ ႀကဳံရပါလိမ့္မည္။

အိမ္ေထာင္ဘက္အေပၚ ေဒါသဖက္မိ၍ ေသာက ႀကဳံ ရတတ္ပါတယ္။ အိမ္ေထာင္ဘက္နဲ႔ ရန္မျဖစ္ေအာင္ေနႏိုင္ရင္အညံ့မရွိပါဘူး။ ပညာေရးကေတာ့ လိုက္ေလ ေဝးေလျဖစ္ေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၄/၈
အထူးေဟာ ကံအေကာင္းအဆိုးမွ်ပါတယ္။
ယၾတာ ေငြ ၅၀၀ ခန႔္ ပံ့သကူပစ္လိုက္ပါ။



စေန

ယခုကာလအေတာအတြင္း အာမခံမႈ၊ တာဝန္ယူမႈ၊ ေဝဖန္မႈတို႔ကို အတတ္ႏိုင္ဆုံးေရွာင္ပါ။ ဆင္ျခင္တုံ တရားျဖင့္ ေျပာဆိုျပဳမူသည့္ကိစၥ တို႔ အဆင္ေျပႏိုင္ပါသည္။ ကံေကာင္းမြန္ျခင္းရွိႏိုင္တဲ့ကာလပါပဲ။ လာဘ္အထူး ႐ႊင္ၿပီး လက္ဖြာေသာသူျဖစ္ပါကသင့္ပတ္ဝန္းက်င္မွာ မိတ္ေဆြအေပါင္းအသင္း ခ်စ္ခင္သူေတြ ဝိုင္းဝိုင္းလည္ ေနမည္။ ထီကံစမ္းလို႔ေကာင္းေသာကာလတစ္ခုျဖစ္ပါသည္။ မည္သည့္လုပ္ငန္းကိစၥတြင္မဆို အားၿပိဳင္မႈမ်ားစြာကို ႀကဳံရတတ္ပါတယ္။ ရွယ္ယာလုပ္ငန္း၊ ေငြေၾကးျမႇပ္ႏွံထားေသာလုပ္ငန္းမ်ားမွ ေငြေၾကးမ်ား ရတတ္၏။ မည္သည့္ စီးပြားေရးႏွင့္မဆို အဆင္ေျပတတ္ပါတယ္။

အထူးသျဖင့္ လူထု၊ လူအမ်ားႏွင့္ ပတ္သက္ဆက္သြယ္ရသည့္ လုပ္ငန္းတို႔ႏွင့္ ပိုမိုအဆင္ေျပပါလိမ့္မည္။ သြက္လက္ထက္ျမက္စြာ လုပ္ကိုင္ျခင္းေၾကာင့္ လုပ္ငန္းတူတစ္ဦး၏ စီးပြားေရးလုပ္ငန္းကိုပါ လက္ဝါးႀကီးအုပ္ လုပ္ကိုင္ခြင့္ရတတ္၏။ က်န္းမာေရးအနည္းငယ္ ခ်ဴခ်ာႏိုင္ပါသည္။ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာေတြ အလြန္အားနည္းေနခ်ိန္ပါပဲ။ အခ်စ္ေရးမွာေတာ့ ထင္သေလာက္အဆင္မေျပတတ္ပါ။ ခ်စ္သူနဲ႔ တက်က္က်က္ျဖစ္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးအညံ့အဆိုး ကင္းစင္ေနပါလိမ့္မယ္။ ပညာရွာလို သူမ်ားဆရာေကာင္းနဲ႔ႀကဳံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၅/၀
အထူးေဟာ စီးပြားေရးအခြင့္အလမ္းသစ္ေတြရလာမည္။
ယၾတာ လက္ဖက္သုပ္ ဘုရားကပ္လႉလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

0977 5555 695
09 44 5555 695

Post a Comment

Previous Post Next Post