(Unicode)

ဂျပန်နိုင်ငံ မူလတန်းကျောင်းတစ်ခုမှ ကလေးငယ်များ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ…

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကီတာကျူရှုမြို့ရှိ မူလတန်းကျောင်းမှာ ကလေးငယ်တွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ မြို့အာဏာပိုင်တွေက အတည်ပြုပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကီတာကျူရှုမြို့မှာ COVID-19 လူနာသစ် ၁၂ ယောက် တွေ့ရှိခဲ့တယ်လို့ အတည်ပြုခဲ့တဲ့အနက် ၄ ယောက်ကတော့ ကိုကူရာမီနာမီခရိုင် မိုရစ်ဆူနီမူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ကလေးတွေဖြစ်ပါတယ်။ အတန်းဖော် ၄ ယောက်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို ပြီးခဲ့တဲ့ကြာသပတေးနေ့က တွေ့ရှိခဲ့တာပါ။



ကျောင်းသား/ ကျောင်းသူတချို့မှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကီတာကျူရှုမြို့မှာရှိတဲ့ တခြားမူလတန်းကျောင်းနဲ့ ဂျူနီယာအထက်တန်းကျောင်း ၃ ကျောင်းကိုလည်း ယာယီပိတ်ထားပါတယ်။



ပြီးခဲ့တဲ့ ၉ ရက်အတွင်း ကီတာကျူရှုမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၇ ယောက်အထိ မြင့်တက်လာခဲ့ပြီး လူနာ ၃၄ ယောက်ရဲ့ ထိတွေ့မှုရာဇဝင်ကို ခြေရာခံလို့ မရသေးပါဘူး။

(Zawgyi)

ဂ်ပန္ႏိုင္ငံ မူလတန္းေက်ာင္းတစ္ခုမွ ကေလးငယ္မ်ား ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ…

ဂ်ပန္ႏိုင္ငံအေနာက္ေတာင္ပိုင္း ကီတာက်ဴရႈၿမိဳ႕ရိွ မူလတန္းေက်ာင္းမွာ ကေလးငယ္ေတြ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတယ္လို႔ ၿမိဳ႕အာဏာပိုင္ေတြက အတည္ျပဳပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ကီတာက်ဴရႈၿမိဳ႕မွာ COVID-19 လူနာသစ္ ၁၂ ေယာက္ ေတြ႕ရွိခဲ့တယ္လို႔ အတည္ျပဳခဲ့တဲ့အနက္ ၄ ေယာက္ကေတာ့ ကိုကူရာမီနာမီခ႐ိုင္ မိုရစ္ဆူနီမူလတန္းေက်ာင္းမွာ တက္ေရာက္ေနတဲ့ ကေလးေတြျဖစ္ပါတယ္။ အတန္းေဖာ္ ၄ ေယာက္မွာ ဗိုင္းရပ္စ္ကူးစက္ခံထားရတာကို ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ေတြ႕ရွိခဲ့တာပါ။



ေက်ာင္းသား/ ေက်ာင္းသူတခ်ိဳ႕မွာ ဗိုင္းရပ္စ္ ကူးစက္ခံထားရတာ စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ကီတာက်ဴရႈၿမိဳ႕မွာရွိတဲ့ တျခားမူလတန္းေက်ာင္းနဲ႔ ဂ်ဴနီယာအထက္တန္းေက်ာင္း ၃ ေက်ာင္းကိုလည္း ယာယီပိတ္ထားပါတယ္။



ၿပီးခဲ့တဲ့ ၉ ရက္အတြင္း ကီတာက်ဴရႈၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၉၇ ေယာက္အထိ ျမင့္တက္လာခဲ့ၿပီး လူနာ ၃၄ ေယာက္ရဲ႕ ထိေတြ႕မႈရာဇဝင္ကို ေျခရာခံလို႔ မရေသးပါဘူး။

Post a Comment

Previous Post Next Post