(Unicode)

ကြည့်ဗျာ။ ကူညီမဲ့သူတွေ၊ လှူလိုက်ကြတဲ့သူတွေ၊ နားထောင်လိုက်တဲ့ ပြည်သူတွေ အားကိုး လိုက်တဲ့ ပြည်သူတွေ၊မြန်မာပြည်သူတွေ အ ကုန်လုံးပါဘဲ။ သင်္ကြန်တွင်း ပြည်သူတွေ ရောဂါကင်းအောင် အပြင်ထွက်မှာကြောက်လို့ ပြည်သူတွေကို စားနပ်ရိက္ခာ ဝေတယ်။ လျှပ်စစ် ယူနစ်တွေ လျှော့ပေးတယ်။ ဘယ်လောက်ကောင်းတဲ့ အစီအစဉ်လဲ။ စဉ်းစားသာကြည့်ကြပါတော့။ ရောဂါ ပိုးတွေရင် ဇစ်မြှစ် သဲလွန်စ မ ကျန် လိုက်ခိုင်းတယ်။ အကောင်းဆုံးစောင့်ရှောက်တယ်။ စည်းကမ်းတွေထုတ်တယ်။ ပြည်သူတွေက လိုက်နာတယ်။

အမေတို့ကို အားကိုးပြီး ပြန်လာတဲ့သူတွေဟာ ကိုယ်သားသမီးတွေပါဘဲ။ အမေတို့ ကြိုဆို ရမှာ။ ကြည့်။ ကြားရသူအဖို့ ဘယ်လောက် အထိ ကြည်နူးဘို့ ကောင်းလဲ။ ကျွန်တော်ထင်ပါတယ်။ ကမ္ဘာကပ်ရောဂါ Covid – 19 ရောဂါ ပိုး ထိမ်းချုပ်နိုင်ပါပြီ။ ပြည်ပက ဝင်လာတဲ့သူတွေ ဟာလည်း ရောဂါပိုးကင်းရှင်းသူတွေ ဖြစ်နေလို့ ပါ။ လူသား အားလုံးကံကောင်းကြပါပြီ။ ခုဆို ကမ္ဘာက မြန်မာ ကို အာရုံစိုက်လာကြပြီ။ အ မေစု ကို မေးနေကြပြီ။ ကမ္ဘာကြီးတစ်ခုလုံး အသေအပျောက်များတဲ့ ရောဂါပိုး ဘယ်လို ထိန်းချုပ်ပါသလဲ တဲ့။

Covid – 19 ကပ်ရောဂါ ဘယ်လို ထိမ်းချုပ်နိုင် တာလဲ တဲ့ အစိုးရ စီမံခန့် ခွဲမှု့ညံ့တယ်။ ဘာမှ မလုပ်တက်ဘူး ။ကြိုတင်ပြင်ဆင်မှု့တွေ နောက်ကျတယ်။ သွားပြီ အသေအပျောက် များပြီ။ ဒုက္ခတွေ ပင်လယ်ဝေပြီ။ ပြည်သူတွေ အငတ် ဘေးဆိုက်တော့မယ်။ ပြည်သူတွေ လမ်းပေါ် ထွက်တော့မယ်။ လုယက် မှု့တွေ လာတော့မယ်။ အစိုးရ အကြပ် ရိုက်ပြီ…စတဲ့ သတင်းတွေ နှင့်အတူ Covid – 19 ရောဂါအတွက် လွှတ်တော်မှာ အရေးကြီး အဆိုတင်ဘို့ လုပ်သူကလုပ်၊ ပါတီတွေက လက်မှတ်ထိုး တောင်းဆိုကြ၊ ကာလုံခေါ်ဘို့ ပြောသူက ပြောစတဲ့စတဲ့ သတင်းတွေ တကယ်ကို တောင်းဆို ကြ၊ တကယ်ကို တင်ပြလိုက်ကြတာ…။


ကျွန်တော်တို့ ပြည်သူတွေ ကြောက်တဲ့ သူက ကြောက်၊ပြေးတဲ့သူက ပြေး၊ပြန်တဲ့သူက ပြန်၊ အိမ်ပိတ်တဲ့သူက ပိတ်၊ အလုပ်နားတဲ့သူက နား အဲဒီ ဂယက်တွေ အောက်မှာ ဒူးထောက်ခဲ့ကြရပါတယ်။ နောက်ဆုံး ရောဂါပိုး မြန်မာပြည်ရောက်လာ မှ လန့် တောင်သွားတယ်။ ဖျား တောင်သွားတယ် အရေးထဲ ကြံ့ခိုင်ရေးပါတီက အစိုးရကိုဖေါင်းထုတယ်။ ဦးသိန်းစိန်က ပြည်သူတွေကို သနားတယ်တဲ့။ ဘိုဘိုကျော်ငြိမ်းက အစိုးရ ဘာမှ မလုပ်တက်ဘူးတဲ့။ ဦးဋ္ဌေးအောင်က တပ်မတော်အစိုးရ တမ်းတတယ်။

နန္ဒာလှမြင့်က ရွေးကောက်ပွဲ ရက် မေးတယ်။ ကြည့်ရှိတဲ့ ဆရာဝန် အင်အား နဲ့ ရှိတဲ့ ဘဏ္ဍာငွေနဲ့ ရှိတဲ့ လူအင်အား နဲ့ ကုသပေးနေတာ။ အမေစု သိပ်တော်တာ အကြံပြေးတယ်။ ဉာဏ်သိပ်ကောင်းတယ် ဆိုရမယ်။ လူတွေ ပြည်သူတွေ ကမ္ဘာ အနှံ့ သုံးနေတဲ့ လူမှု့ကွန်ယက်ကို ထိုးထေါက်လိုက်တယ်။ ယူနီကုတ် သုံးပြီး Facebook အကောင့် ဖွင့်လိုက်တယ်။ အဲဒီကနေ ပြည်သူအသံ နားထောင်တယ်။ ကမ္ဘာကြီးကို လှမ်းကြည့်တယ်။ မြန်မာပြည်အခြေအနေ ကို သုံးသပ်တယ်။ မေးမြန်းတယ် ဆွေးနွေးတယ်။

သိပ်ကောင်းတဲ့ အကွက်။ ပြည်သူတွေသိအောင် အမေစုက Facebook ကနေ သတင်းတွေ ရေးပေးတယ်။ ဆရာဝန်ကြီးတွေ ရောဂါသယ် တွေ နောက်ဆုံး အုပ်ချုပ်ရေးမှူးတွေ ပရဟိတသမားတွေအထိ မေးတယ်။ ဆွေးနွေးပြတယ်။ နောက်ဆုံး ပြည်သူတွေနှင့် တစ်သားတည်း ရှိကြောင်း ပြပေးလိုက်တာဟာ တကယ်ကို ခေါင်းဆောင်ကောင်း ပီသတာဘဲ။ ကြည့်စမ်းပါဦး။ ပြည်တွင်းကရောဂါပိုး အရင်ထိမ်းချုပ်ပြီးမှ ပြည်ပ ကပြန်ဝင်လာမည့်သူတွေကို နွေးထွေးစွာ ကြိုဆိုပေးတာ ဘယ်လောက်အထိ ကြည့်လှသလဲ။

REF: LET PAN


(Zawgyi)

ျကည့္ဗ်ာ။ ကူညီမဲ့သူေတြ၊ လႉလိုက္ၾကတဲ့သူေတြ၊ နားေထာင္လိုက္တဲ့ ျပည္သူေတြ အားကိုး လိုက္တဲ့ ျပည္သူေတြ၊ျမန္မာျပည္သူေတြ အ ကုန္လုံးပါဘဲ။ သၾကၤန္တြင္း ျပည္သူေတြ ေရာဂါကင္းေအာင္ အျပင္ထြက္မွာေၾကာက္လို႔ ျပည္သူေတြကို စားနပ္ရိကၡာ ေဝတယ္။ လွ်ပ္စစ္ ယူနစ္ေတြ ေလွ်ာ့ေပးတယ္။ ဘယ္ေလာက္ေကာင္းတဲ့ အစီအစဥ္လဲ။ စဥ္းစားသာၾကည့္ၾကပါေတာ့။ ေရာဂါ ပိုးေတြရင္ ဇစ္ျမႇစ္ သဲလြန္စ မ က်န္ လိုက္ခိုင္းတယ္။ အေကာင္းဆုံးေစာင့္ေရွာက္တယ္။ စည္းကမ္းေတြထုတ္တယ္။ ျပည္သူေတြက လိုက္နာတယ္။

အေမတို႔ကို အားကိုးၿပီး ျပန္လာတဲ့သူေတြဟာ ကိုယ္သားသမီးေတြပါဘဲ။ အေမတို႔ ႀကိဳဆို ရမွာ။ ၾကည့္။ ၾကားရသူအဖို႔ ဘယ္ေလာက္ အထိ ၾကည္ႏူးဘို႔ ေကာင္းလဲ။ ကြၽန္ေတာ္ထင္ပါတယ္။ ကမာၻကပ္ေရာဂါ Covid – 19 ေရာဂါ ပိုး ထိမ္းခ်ဳပ္ႏိုင္ပါၿပီ။ ျပည္ပက ဝင္လာတဲ့သူေတြ ဟာလည္း ေရာဂါပိုးကင္းရွင္းသူေတြ ျဖစ္ေနလို႔ ပါ။ လူသား အားလုံးကံေကာင္းၾကပါၿပီ။ ခုဆို ကမာၻက ျမန္မာ ကို အာ႐ုံစိုက္လာၾကၿပီ။ အ ေမစု ကို ေမးေနၾကၿပီ။ ကမာၻႀကီးတစ္ခုလုံး အေသအေပ်ာက္မ်ားတဲ့ ေရာဂါပိုး ဘယ္လို ထိန္းခ်ဳပ္ပါသလဲ တဲ့။

Covid – 19 ကပ္ေရာဂါ ဘယ္လို ထိမ္းခ်ဳပ္ႏိုင္ တာလဲ တဲ့ အစိုးရ စီမံခန႔္ ခြဲမႈ႕ညံ့တယ္။ ဘာမွ မလုပ္တက္ဘူး ။ႀကိဳတင္ျပင္ဆင္မႈ႕ေတြ ေနာက္က်တယ္။ သြားၿပီ အေသအေပ်ာက္ မ်ားၿပီ။ ဒုကၡေတြ ပင္လယ္ေဝၿပီ။ ျပည္သူေတြ အငတ္ ေဘးဆိုက္ေတာ့မယ္။ ျပည္သူေတြ လမ္းေပၚ ထြက္ေတာ့မယ္။ လုယက္ မႈ႕ေတြ လာေတာ့မယ္။ အစိုးရ အၾကပ္ ႐ိုက္ၿပီ…စတဲ့ သတင္းေတြ ႏွင့္အတူ Covid – 19 ေရာဂါအတြက္ လႊတ္ေတာ္မွာ အေရးႀကီး အဆိုတင္ဘို႔ လုပ္သူကလုပ္၊ ပါတီေတြက လက္မွတ္ထိုး ေတာင္းဆိုၾက၊ ကာလုံေခၚဘို႔ ေျပာသူက ေျပာစတဲ့စတဲ့ သတင္းေတြ တကယ္ကို ေတာင္းဆို ၾက၊ တကယ္ကို တင္ျပလိုက္ၾကတာ…။

ကြၽန္ေတာ္တို႔ ျပည္သူေတြ ေၾကာက္တဲ့ သူက ေၾကာက္၊ေျပးတဲ့သူက ေျပး၊ျပန္တဲ့သူက ျပန္၊ အိမ္ပိတ္တဲ့သူက ပိတ္၊ အလုပ္နားတဲ့သူက နား အဲဒီ ဂယက္ေတြ ေအာက္မွာ ဒူးေထာက္ခဲ့ၾကရပါတယ္။ ေနာက္ဆုံး ေရာဂါပိုး ျမန္မာျပည္ေရာက္လာ မွ လန႔္ ေတာင္သြားတယ္။ ဖ်ား ေတာင္သြားတယ္ အေရးထဲ ႀကံ့ခိုင္ေရးပါတီက အစိုးရကိုေဖါင္းထုတယ္။ ဦးသိန္းစိန္က ျပည္သူေတြကို သနားတယ္တဲ့။ ဘိုဘိုေက်ာ္ၿငိမ္းက အစိုးရ ဘာမွ မလုပ္တက္ဘူးတဲ့။ ဦးေ႒းေအာင္က တပ္မေတာ္အစိုးရ တမ္းတတယ္။

နႏၵာလွျမင့္က ေ႐ြးေကာက္ပြဲ ရက္ ေမးတယ္။ ၾကည့္ရွိတဲ့ ဆရာဝန္ အင္အား နဲ႔ ရွိတဲ့ ဘ႑ာေငြနဲ႔ ရွိတဲ့ လူအင္အား နဲ႔ ကုသေပးေနတာ။ အေမစု သိပ္ေတာ္တာ အႀကံေျပးတယ္။ ဉာဏ္သိပ္ေကာင္းတယ္ ဆိုရမယ္။ လူေတြ ျပည္သူေတြ ကမာၻ အႏွံ႔ သုံးေနတဲ့ လူမႈ႕ကြန္ယက္ကို ထိုးေထါက္လိုက္တယ္။ ယူနီကုတ္ သုံးၿပီး Facebook အေကာင့္ ဖြင့္လိုက္တယ္။ အဲဒီကေန ျပည္သူအသံ နားေထာင္တယ္။ ကမာၻႀကီးကို လွမ္းၾကည့္တယ္။ ျမန္မာျပည္အေျခအေန ကို သုံးသပ္တယ္။ ေမးျမန္းတယ္ ေဆြးေႏြးတယ္။

သိပ္ေကာင္းတဲ့ အကြက္။ ျပည္သူေတြသိေအာင္ အေမစုက Facebook ကေန သတင္းေတြ ေရးေပးတယ္။ ဆရာဝန္ႀကီးေတြ ေရာဂါသယ္ ေတြ ေနာက္ဆုံး အုပ္ခ်ဳပ္ေရးမႉးေတြ ပရဟိတသမားေတြအထိ ေမးတယ္။ ေဆြးေႏြးျပတယ္။ ေနာက္ဆုံး ျပည္သူေတြႏွင့္ တစ္သားတည္း ရွိေၾကာင္း ျပေပးလိုက္တာဟာ တကယ္ကို ေခါင္းေဆာင္ေကာင္း ပီသတာဘဲ။ ၾကည့္စမ္းပါဦး။ ျပည္တြင္းကေရာဂါပိုး အရင္ထိမ္းခ်ဳပ္ၿပီးမွ ျပည္ပ ကျပန္ဝင္လာမည့္သူေတြကို ေႏြးေထြးစြာ ႀကိဳဆိုေပးတာ ဘယ္ေလာက္အထိ ၾကည့္လွသလဲ။

REF: LET PAN



Post a Comment

Previous Post Next Post