(Unicode)

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့၊ ဘုရင့်နောင်လမ်းမကြီး “လင်းသီရီ” ကုန်တိုက်ရှေ့၊ ယာဉ်ထိန်းရုံးနှင့် မျက်စောင်းထိုးတွင် ယနေ့ည ၉ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါသည်။



“တိုင်းယာဉ် ထိန်းရဲရုံးနားမှာ ပေါက်ကွဲမှု ဖြစ်တာပါ။ အကောက်ခွန်ရုံးနဲ့ နီးပါတယ်” လို့ မြို့နယ် အုပ်ချုပ်ရေး အရာရှိက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနီးရှိ Toyota Hilux Surf မော်တော်ယာဉ်တစ်စီး ဗုံးစထိမှန် ပျက်စီးခဲ့ သလို ယာဉ်ပေါ်ပါ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ကနေဦးသတင်းရရှိပါတယ်။



အခင်းဖြစ်ပွားတဲ့နေရာမှာ မြဝတီ ခရိုင်ရဲတပ်ဖွဲ့စခန်း ၊ယာဉ်ထိမ်းရဲတပ်ဖွဲ့စခန်းနဲ့ လမ်းတစ်ဘက်ခြမ်း၊ မြဝတီ နယ်ခြားကော်မတီရှေ့တန်းရုံး၊ အကောက်ခွန် ဦးစီးရုံးတွေရှိရာ၊ ကရင်နယ်ခြားစောင့်တပ် /တပ်နယ်၄ BGF ဗိုလ်မှုးစောမိုးသိုလ်ပိုင်ဆိုင်တဲ့ လင်းသီရိ စတိုးဆိုင်ရှိရာ မြို့လယ် အချက်အခြာကျတဲ့နေရာ ဖြစ်ကြောင်းသိရပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။အလားတူ ယမန်နေ့ ဇွန်လ (၈) ရက်နေ့ညကလည်း ကော့ကရိတ်မြို့၌ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ပေါ်ပေါက်ခဲ့ပါတယ်။

(Zawgyi)


ကရင္ျပည္နယ္၊ ထိုင္း-ျမန္မာ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ျမဝတီၿမိဳ႕၊ ဘုရင့္ေနာင္လမ္းမႀကီး “လင္းသီရီ” ကုန္တိုက္ေရွ႕၊ ယာဥ္ထိန္း႐ုံးႏွင့္ မ်က္ေစာင္းထိုးတြင္ ယေန႔ည ၉ နာရီခန႔္က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ လူတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ကနဦးသတင္းမ်ားအရ သိရပါသည္။



“တိုင္းယာဥ္ ထိန္းရဲ႐ုံးနားမွာ ေပါက္ကြဲမႈ ျဖစ္တာပါ။ အေကာက္ခြန္႐ုံးနဲ႔ နီးပါတယ္” လို႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး အရာရွိက ေျပာပါတယ္။ ေပါက္ကြဲမႈေၾကာင့္ အနီးရွိ Toyota Hilux Surf ေမာ္ေတာ္ယာဥ္တစ္စီး ဗုံးစထိမွန္ ပ်က္စီးခဲ့ သလို ယာဥ္ေပၚပါ သံဃာတစ္ပါး ထိခိုက္ဒဏ္ရာ အနည္းငယ္ ရရွိခဲ့ေၾကာင္း ကေနဦးသတင္းရရွိပါတယ္။



အခင္းျဖစ္ပြားတဲ့ေနရာမွာ ျမဝတီ ခ႐ိုင္ရဲတပ္ဖြဲ႕စခန္း ၊ယာဥ္ထိမ္းရဲတပ္ဖြဲ႕စခန္းနဲ႔ လမ္းတစ္ဘက္ျခမ္း၊ ျမဝတီ နယ္ျခားေကာ္မတီေရွ႕တန္း႐ုံး၊ အေကာက္ခြန္ ဦးစီး႐ုံးေတြရွိရာ၊ ကရင္နယ္ျခားေစာင့္တပ္ /တပ္နယ္၄ BGF ဗိုလ္မႈးေစာမိုးသိုလ္ပိုင္ဆိုင္တဲ့ လင္းသီရိ စတိုးဆိုင္ရွိရာ ၿမိဳ႕လယ္ အခ်က္အျခာက်တဲ့ေနရာ ျဖစ္ေၾကာင္းသိရပါတယ္။ ျဖစ္စဥ္ အေသးစိတ္ကိုေတာ့ စုံစမ္းေနဆဲ ျဖစ္ပါတယ္။အလားတူ ယမန္ေန႕ ဇြန္လ (၈) ရက္ေန႔ညကလည္း ေကာ့ကရိတ္ၿမိဳ႕၌ ဗုံးေပါက္ကြဲမႈ ျဖစ္စဥ္ေပၚေပါက္ခဲ့ပါတယ္။

Post a Comment

Previous Post Next Post