COVID-19 ရောဂါ စာင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၂-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၂၉) ခုနှင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ(၆၅၃)ခု၊ စုစုပေါင်း (၇၈၂)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီး စီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄) ဦး တွေ့ရှိရပါသည်။


၂။ (၂-၆-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၃၂) ဦး ရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၅) ဦး (Case- 106, 128, 181, 185 နှင့် 186) ရှိသဖြင့် (၂-၆-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၄၃) ဦးရှိပါသည်။



၎င်းတို့အနက် (၁၃၁) ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက် ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။


၅။ (၁-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာအသစ် (၄၂) ဦး ရှိပါသည်။

Source – Ministry of Health and Sports,Myanmar.

Post a Comment

Previous Post Next Post