(Unicode)

ဝူဟန်တစ်မြို့လုံး စမ်းသပ် စစ်ဆေးပြီးနောက် ရောဂါလက္ခဏာမပြပဲ ကိုဗစ် ကူးစက်ခံရသူ ၃၀၀ ကျော်တွေ့…

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာဒေသလို့ လက်ခံထားရတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က လူဦးရေ ၁ဝ သန်းကျော်ကို COVID-19 စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ခဲ့ပြီးနောက် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူပေါင်း ၃၀၀ ကျော်အထိ ထပ်မံတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ မေလ ၁၄ ရက်နေ့ကတည်းက ဝူဟန်မြို့ရဲ့ လူဦးရေ ၉၀% ကို စစ်ဆေးပြီးခဲ့တာဖြစ်ပါတယ်။


မြို့အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရဆိုရင်တော့ ရောဂါလက္ခဏာမပြသဘဲ ကူးစက်ခံနေရသူ ၃၀၀ ကျော်ကို သီးသန့်ထားရှိထားပြီး ရောဂါခြေချုပ်နဲ့ နေထိုင်ဖို့အတွက် ညွှန်ကြားထားကြောင်း သိရပါတယ်။ လည်ချောင်းနာခြင်း၊ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း အစရှိတဲ့ ရောဂါလက္ခဏာတွေကို မပြသပေမယ့်လည်း အဆိုပါလူတွေကတဆင့် အခြားသူတွေကို ကူးစက်နိုင်တာကြောင့် ဖြစ်ပါတယ်။



ဝူဟန်ကျန်းမာရေးကော်မတီဟာ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရသူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၁၁၇၄ ဦးကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလူတွေဆီမှာတော့ ကူးစက်ခံထားရတာမတွေ့ရှိရဘူးလို့ သိရပေမယ့် Huazhong သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ရဲ့ ပါမောက္ခ Lu Zuxun ကတော့ ကျန်းမာရေးစစ်ဆေးနေသူတွေအနေနဲ့ အဆိုပါလူပေါင်း ၃ဝဝ က တဆင့် အခြားသူတွေကို ကူးစက်တာ မတွေ့ရသေးပေမယ့် သတိထားနေထိုင်ဖို့အတွက်တော့ တိုက်တွန်းသွားခဲ့ပါတယ်။

မေလအစောပိုင်းကလည်း ဝူဟန်မြို့မှာ ကူးစက်ခံရသူ ၆ ဦးကို ပြန်လည်တွေ့ရှိခဲ့ပြီးတော့ တစ်လကျော်ကြာတဲ့အထိ ကူးစက်မှုအသစ်မဖြစ်ခဲ့မှုကို ပျက်ပြယ်စေခဲ့ပါတယ်။ ဒါဟာ ရောဂါကင်းရှင်းသွားပြီလို့ ယူဆခဲ့ပြီးနောက် စာသင်ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စက်ရုံတွေကို ပြန်လည်ဖွင့်လှစ်ထားခဲ့မှုအပေါ် စိုးရိမ်စရာတစ်ခုအဖြစ် ခြိမ်းခြောက်လာခဲ့ပါတယ်။



အင်္ဂါနေ့ကအထိ ထုတ်ပြန်ကြေညာချက်တွေအရ ဝူဟန်မှာ နောက်ထပ်ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်တဲ့ လူနာမရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိကမ္ဘာတလွှားမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆ သန်းကျော် သွားခဲ့ပြီဖြစ်ကာ တောင်အမေရိကတိုက်က ဗိုင်းရပ်စ်ရဲ့ ဗဟိုချက်မဖြစ်လာပြီလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။


(Zawgyi)

ဝူဟန္တစ္ၿမိဳ႕လံုး စမ္းသပ္ စစ္ေဆးၿပီးေနာက္ ေရာဂါလကၡဏာမျပပဲ ကိုဗစ္ ကူးစက္ခံရသူ ၃၀၀ ေက်ာ္ေတြ႕…

ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားရာေဒသလို႔ လက္ခံထားရတဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က လူဦးေရ ၁ဝ သန္းေက်ာ္ကို COVID-19 စစ္ေဆးမႈေတြ ထပ္မံျပဳလုပ္ခဲ့ၿပီးေနာက္ ေရာဂါလကၡဏာမျပဘဲ ကူးစက္ခံထားရသူေပါင္း ၃၀၀ ေက်ာ္အထိ ထပ္မံေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။ ေမလ ၁၄ ရက္ေန႔ကတည္းက ဝူဟန္ၿမိဳ႕ရဲ႕ လူဦးေရ ၉၀% ကို စစ္ေဆးၿပီးခဲ့တာျဖစ္ပါတယ္။



ၿမိဳ႕အာဏာပိုင္ေတြရဲ႕ ေျပာဆိုခ်က္အရဆိုရင္ေတာ့ ေရာဂါလကၡဏာမျပသဘဲ ကူးစက္ခံေနရသူ ၃၀၀ ေက်ာ္ကို သီးသန႔္ထားရွိထားၿပီး ေရာဂါေျခခ်ဳပ္နဲ႔ ေနထိုင္ဖို႔အတြက္ ၫႊန္ၾကားထားေၾကာင္း သိရပါတယ္။ လည္ေခ်ာင္းနာျခင္း၊ အဖ်ားတက္ျခင္း၊ ေခ်ာင္းဆိုးျခင္း အစရွိတဲ့ ေရာဂါလကၡဏာေတြကို မျပသေပမယ့္လည္း အဆိုပါလူေတြကတဆင့္ အျခားသူေတြကို ကူးစက္ႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။



ဝူဟန္က်န္းမာေရးေကာ္မတီဟာ ေရာဂါလကၡဏာမျပဘဲ ကူးစက္ခံေနရသူေတြနဲ႔ အနီးကပ္ထိေတြ႕ခဲ့သူ ၁၁၇၄ ဦးကို စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါလူေတြဆီမွာေတာ့ ကူးစက္ခံထားရတာမေတြ႕ရွိရဘူးလို႔ သိရေပမယ့္ Huazhong သိပၸံနဲ႔ နည္းပညာတကၠသိုလ္ရဲ႕ ပါေမာကၡ Lu Zuxun ကေတာ့ က်န္းမာေရးစစ္ေဆးေနသူေတြအေနနဲ႔ အဆိုပါလူေပါင္း ၃ဝဝ က တဆင့္ အျခားသူေတြကို ကူးစက္တာ မေတြ႕ရေသးေပမယ့္ သတိထားေနထိုင္ဖို႔အတြက္ေတာ့ တိုက္တြန္းသြားခဲ့ပါတယ္။

ေမလအေစာပိုင္းကလည္း ဝူဟန္ၿမိဳ႕မွာ ကူးစက္ခံရသူ ၆ ဦးကို ျပန္လည္ေတြ႕ရွိခဲ့ၿပီးေတာ့ တစ္လေက်ာ္ၾကာတဲ့အထိ ကူးစက္မႈအသစ္မျဖစ္ခဲ့မႈကို ပ်က္ျပယ္ေစခဲ့ပါတယ္။ ဒါဟာ ေရာဂါကင္းရွင္းသြားၿပီလို႔ ယူဆခဲ့ၿပီးေနာက္ စာသင္ေက်ာင္းေတြ၊ စီးပြားေရးလုပ္ငန္းေတြနဲ႔ စက္႐ုံေတြကို ျပန္လည္ဖြင့္လွစ္ထားခဲ့မႈအေပၚ စိုးရိမ္စရာတစ္ခုအျဖစ္ ၿခိမ္းေျခာက္လာခဲ့ပါတယ္။



အဂၤါေန႔ကအထိ ထုတ္ျပန္ေၾကညာခ်က္ေတြအရ ဝူဟန္မွာ ေနာက္ထပ္ကူးစက္ခံရတယ္လို႔ အတည္ျပဳႏိုင္တဲ့ လူနာမရွိခဲ့ဘူးလို႔ သိရပါတယ္။ လက္ရွိကမာၻတလႊားမွာေတာ့ ဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၆ သန္းေက်ာ္ သြားခဲ့ၿပီျဖစ္ကာ ေတာင္အေမရိကတိုက္က ဗိုင္းရပ္စ္ရဲ႕ ဗဟိုခ်က္မျဖစ္လာၿပီလို႔ ကြၽမ္းက်င္သူေတြက သတိေပးထားပါတယ္။

Credit Blacker

Post a Comment

Previous Post Next Post