(Unicode)
လူနာအမှတ် (၂၄၉) ကို ဗန်းမော်ဆေးရုံက ရင်ခွဲရုံနားမှာ တယောက်ထဲ သီးခြားခွဲထားတယ်ဆိုတဲ့ သတင်းအပေါ် တာဝန်ခံ ဆရာဝန်ကိုယ်တိုင် ဒဲ့ရှင်းတဲ့ အကြောင်းအရာကို ဖော်ပြလိုက်ပါတယ်။ (မူလသတင်း) လူနာအမှတ်စဉ် – ၂၄၉ ၊ ကိုယ်ဝန်ဆောင်သားဖွားဆရာမအား ဗန်းမော်ဆေးရုံကြီး၏ ရင်ခွဲရုံနားမှ အဆောင်တွင် သီးသန့်ခွဲထားပြီး ဆေးကုသပေးနေသည်ဟု သိရပါသည်။ ထိုနေရာသည် ညဘက်မဆိုနှင့် နေ့ဘက်တွင်ပင် ခြောက်ခြားစရာ၊ ကျောချမ်းစရာ ကောင်းလှသည်ဟု သိရပါသည်။
ပြည်တော်ပြန်များကို နယ်စပ်မှစောင့်၍ ရောဂါစစ်ဆေးပေးရင်း ကူစက်ခံရရှာသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးကို ထိုနေရာမှနေ၍ ဤ ကူးစက်ရောဂါဆိုးကြီးကို ရင်ဆိုင်‌စေသည်မှာ မသင့်တော်ဟု ထင်မြင်မိပါသည်။ (Thein Naing Htun)  ဗန်းမော်သူ/သားများခင်ဗျား အခုဆေးရုံမှာတက်ရောက်ကုသနေတဲ့ ပိုးတွေ့သူ( လူနာလို့မခေါ်ချင်လို့ပါနော် တစ်ကယ်ကိုကျန်းမာပြီး စိတ်ဓာတ်ခိုင်မာတဲ့ ညီမလေးပါ ခုလဲရွှင်ရွှင်လန်းလန်းပါပဲ )ဟာ ကျွန်တော်တို့အလုပ်အကိုင်တူ ညီအစ်ကို မောင်နှမတွေပါ။ ကျွန်တော်တို့ဝန်ထမ်းထဲက ဖြစ်တာပါ အဲ့ဒီတော့ လူလူချင်းအနေနဲ့ လူနာအနေနဲ့ မိမိဝန်ထမ်း လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမ အနေနဲ့ ကျွန်တော်တို့ ပိုပြီးဂရုစိုက်ပေးပါတယ်( အခြားသူများကို ဂရုမစိုက်ဟု မဆိုလိုပါ ဝန်ထမ်းမောင်နှမ ဆိုတော့ပိုဂရုစိုက်မိတာပြောချင်တာပါ )
ဒီဗန်းမော်ဆေးရုံမှာထားဖို့ကိစ္စက နေပြည်တော်ကဆုံးဖြတ်ပေးတာပါ။ မနက် အစောကြီးကတည်းက (၃)ကြိမ်တိုင်ပင် ငြင်းကြပြီးမှ ပိုသင့်တော်တဲ့နေရာမှာ ထားတာပါ(တစ်ဖက်ကကြည့်ရင် ဗန်းမော်မြို့အနေနဲ့ ဆေးရုံအနေနဲ့ ဂုဏ်ယူလို့တောင်ရပါတယ် ငါတို့လုပ်ပေးနိုင်တယ်ဆိုပြီးတော့ပေါ့ ) ဒီအတွက် ကျွန်တော်တို့ အစစအရာရာ စနစ်တကျ စီစဉ်ရပါတယ် ဘာမဆိုလက်လွတ်စပါယ်မလုပ်ပါ( မနေ့ကဆိုတစ်ညနေလုံး ဌာနတိုင်းရဲ့ခေါင်းဆောင်တွေနဲ့ဆွေးနွေးရပါတယ်) လာတက်တဲ့ဆရာမအတွက် တစ်ခြား မပြောနဲ့ သွားပွတ်တံ သွားတိုက်ဆေး တစ်ဘက် စောင် ခြင်ထောင် ခေါင်းဦး ကစလို့အသေးစိတ် လိုလေသေးမရှိစီစဉ်ထားပေးပါတယ်(စားစရာပါကျွေးသေးတာ လှူချင်သူများ ရှိရင်လဲဖိတ်ခေါ်ပါတယ် )
အဲ့ဒီအဆောင်က Isolation သီးသန့်ပြင်ထားတဲ့အဆောင်ပါ ဒါကြောင့် ရေ မီး WiFi, CCTV ကအစတပ်ပြီး PPE ဝတ်နိုင် ချွတ်နိုင်အောင် ပြီးရင်ဆရာ/မတွေပါရေချိုးပြန်လို့ရအောင်လုပ်ပေးရပါတယ်။ အဝတ်လျှော်စက်ပါထားထားပေးရပါတယ် ဒါမှဝန်ထမ်းတွေလဲအိမ်ကိုစိတ်သန့်သန့်နဲ့ပြန်နိုင်မှာပါ( ပြီးတော့သူတို့နေဖို့အဆောင်သတ်သတ်စီစဉ်ထားပေးရပါတယ် ) ဒီ COVID-19 နဲ့ပါတ်သက်ပြီး သုံးထားရ တဲ့အဆောင်( ၃ ) လုံးရှိပါတယ် အားလုံးသူ့ ဆိုင်ရာ ဆိုင်ရာမှာပဲ သူနဲ့သက်ဆိုင်တဲ့လူနာတွေကို ထားရ ကြည့်ရပါတယ်( လူများတဲ့နေရာဆိုသူများကိုကူးစက်လွယ်တဲ့အတွက် ပိုဂရုစိုက်ရွေးရပါတယ် ) ခုတက်နေတဲ့ ဆရာမကော အခြားသူတွေကော ဘယ်သူ့ကိုမှပစ်မထားပါဘူး အခုလဲကိုဗစ်နဲ့ ပတ်သက်တဲ့အခြားလူနာတွေရှိသေးတာပါပဲ အားလုံးသက်ဆိုင်ရာ အဆောင်တွေမှာ သက်ဆိုင်ရာ ဆရာဝန် ဆရာမ technicians အလုပ်သမားတွေ အားလုံးရှိကြပါတယ် ဘယ်သူ့ကိုမှပစ်မထား( တစ်ယောက်ထဲလဲ မထားပါ) ဘူး ဒီကြားထဲ CCTV က နေ လဲ အချိန်ပြည့်ကြည့်ပေးနေကြတာပါ
ဒီတော့ပြောချင်တာက စိတ်အေးအေး ထားပြီးစောင့်ကြည့်အားပေး ပေးကြပါ ( ဆရာမအတွက်စိတ်ပူပေးတာကို အရမ်းကို ကျေးဇူးတင်ပါတယ် ဂုဏ်လဲယူပါတယ် မြို့သူ/သားတွေရဲ့မြင့်မြတ်တဲ့စိတ်ထားတွေအတွက် ကျွန်တော်တို့လုပ်ရတာပိုအားတက်ရပါတယ် ) အဓိက ကတော့ မိမိကိုယ်တိုင်လုပ်စရာ ရှိတာလုပ်ပေးခြင်းနဲ့ကူညီပေးကြပါ။
“မတ်စ်တပ် လက်ဆေး ဝေါင်ဝေါင်ရှေး မနှေးနေပါ ခြောက်ပေကွာ ဧည့်သည်မှန်သမျှ တုတ်ထိုးချ ဧကစာရီ အားပေးသည်” ဆိုတာမျိုးလေးနဲ့ဆက်လက်နေပေးကြစေ လိုပါကြောင်း စေတနာရှေ့ထားရျ် တိုက်တွန်း နှိုးဆော် အပ်ပါသည်။  မေတ္တာဖြင့် ဒေါက်တာမင်းဇော်အေး ( ထိတွေ့သူများကိုလဲ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီးဝိုင်းဝန်းရှာဖွေ ဖော်ထုတ်နေပြီ ဖြစ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါသည် ) ထပ်ဆင့်ပြီးအလှူရှင်များလဲ ဖိတ်ခေါ်ပါတယ်
(Zawgyi)
Credit blacker
Post a Comment
Previous Post Next Post