(Unicode)


ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သတင်းယူရင်း ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အတွက် သတင်းထောက်အယောက် ၂၀ သေဆုံးကြောင်း ပီရူးသတင်းထောက်သမဂ္ဂက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။

ပီးရူးနိုင်ငံဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးနိုင်ငံပြီးရင် ဗိုင်းရပ်စ်ပိုးဒဏ် ဒုတိယ အများဆုံးခံရတဲ့နိုင်ငံဖြစ်ပါတယ်။ သေဆုံးသူ ၄၆၀၀ ဦးနဲ့ ကူးစက်ခံရသူ ၁၇၀,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။


ပီးရူးသတင်းထောက် အဖွဲ့အစည်းဝင် ဇူလီယာနာ က ပြောကြားရာမှာ “ဇွန်လ ၁ ရက်နေ့အထိ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ သတင်းထောက် ၂၀ ဦးရှိကြောင်း၊ သတင်းထောက်အများစုဟာ ဗိုင်းရပ်စ်ပိုးအကြောင်းကို လမ်းတွေပေါ်ထွက်ပြီး သတင်းရယူခြင်း၊ ဆေးရုံ နဲ့ ဈေးတွေထဲကို သွားရောက်ပြီး သတင်းရယူစဉ်မှာ လုံခြုံတဲ့ အကာကွယ်ပစ္စည်းလုံလောက်စွာ မပါခြင်းတို့‌ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးကြရတယ်” လို့ ပြောပါတယ်။



သေဆုံးသူ သတင်းထောက်တွေထဲမှာ ၇ ဦးဟာ ပီရူးနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးဒဏ်အများဆုံးခံရတဲ့ လိုရီတိုဒေသမှ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဒဏ်ကြောင့် သေဆုံးတဲ့ သတင်းထောက်အများစုဟာ အလွတ်တန်းသတင်းထောက်တွေ ဖြစ်ကြောင်း သိရပါတယ်။

(Zawgyi)

ပီ႐ူးႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္သတင္းယူရင္း ဗိုင္းရပ္စ္ကူးစက္ခံရတဲ့အတြက္ သတင္းေထာက္အေယာက္ ၂၀ ေသဆုံးေၾကာင္း ပီ႐ူးသတင္းေထာက္သမဂၢက အဂၤါေန႔မွာ ထုတ္ျပန္ပါတယ္။

ပီး႐ူးႏိုင္ငံဟာ လက္တင္အေမရိကႏိုင္ငံေတြထဲမွာ ဘရာဇီးႏိုင္ငံၿပီးရင္ ဗိုင္းရပ္စ္ပိုးဒဏ္ ဒုတိယ အမ်ားဆုံးခံရတဲ့ႏိုင္ငံျဖစ္ပါတယ္။ ေသဆုံးသူ ၄၆၀၀ ဦးနဲ႔ ကူးစက္ခံရသူ ၁၇၀,၀၀၀ ေက်ာ္ရွိေၾကာင္း သိရပါတယ္။


ပီးရူးသတင္းေထာက္ အဖြဲ႕အစည္းဝင္ ဇူလီယာနာ က ေျပာၾကားရာမွာ “ဇြန္လ ၁ ရက္ေန႔အထိ ဗိုင္းရပ္စ္ပိုးေၾကာင့္ ေသဆုံးသူ သတင္းေထာက္ ၂၀ ဦးရွိေၾကာင္း၊ သတင္းေထာက္အမ်ားစုဟာ ဗိုင္းရပ္စ္ပိုးအေၾကာင္းကို လမ္းေတြေပၚထြက္ၿပီး သတင္းရယူျခင္း၊ ေဆး႐ုံ နဲ႔ ေဈးေတြထဲကို သြားေရာက္ၿပီး သတင္းရယူစဥ္မွာ လုံၿခဳံတဲ့ အကာကြယ္ပစၥည္းလုံေလာက္စြာ မပါျခင္းတို႔‌ေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီး ေသဆုံးၾကရတယ္” လို႔ ေျပာပါတယ္။


ေသဆုံးသူ သတင္းေထာက္ေတြထဲမွာ ၇ ဦးဟာ ပီ႐ူးႏိုင္ငံရဲ႕ ဗိုင္းရပ္စ္ပိုးဒဏ္အမ်ားဆုံးခံရတဲ့ လိုရီတိုေဒသမွ ျဖစ္ပါတယ္။ ဗိုင္းရပ္စ္ပိုးဒဏ္ေၾကာင့္ ေသဆုံးတဲ့ သတင္းေထာက္အမ်ားစုဟာ အလြတ္တန္းသတင္းေထာက္ေတြ ျဖစ္ေၾကာင္း သိရပါတယ္။

Post a Comment

Previous Post Next Post