(Unicode)

ပုဂံဘုရား ၅၁ ဆူထိ ဌာပနာ အဖောက်ခံရခြင်းနှင့် သူခိုးများရဲ့ ထူးဆန်းတဲ့ ဖောက်ထွင်းနည်း…

အတည်မပြုနိုင်သေးတဲ့ သတင်းများအရ ဌာပနာအဖောက်ခံရတဲ့ ပုဂံဘုရားပေါင်း ၅၁ ဆူရှိသွားပြီလို့ သိရပါတယ်။အတည်ပြုပြီး သတင်းများအရ ဌာပနာများထဲက ဘာတခုမှ ယူဆောင်မသွားဘူးလို့ ဆိုပါတယ်။

သူခိုးတွေဟာ ဘုရားအထွဋ်မှာ ရှိတဲ့ ဌာပနာတိုက်ကို နေရာအတိအကျသိတဲ့ ပုံ ဖြစ်နေပါတယ်။





ဌာပနာဖောက်တဲ့ နေရာမှာ အုတ် ၂ ချပ်ထက် ပိုမဖောက်ထားတာကို တွေ့ရပါတယ်။ ပိုထူးဆန်းတာက အချို့ဘုရားတွေရဲ့အတွင်းကို အသာအယာ သော့ဖွင့်ဝင်ထားကို တွေ့ရတာပါ။

ဘုရားတစ်ဆူအတွင်းမှာ ဘီယာတစ်ဖာကျန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဘီယာသောက်ရင်း အေးရာအေးကြောင်းဖောက်ခဲ့ပုံရပါတယ်။





သဘောကတော့… ‘ငါတို့က ဌာပနာယူစရာမလိုဘူးဟေ့ လုံလောက်တဲ့ ပိုက်ဆံရထားပြီးသားကွ လုပ်ချင်လို့ကိုလုပ်တာ မင်းတို့ဘာတတ်နိုင်တုန်း’ ဆိုတဲ့ စိန်ခေါ်တဲ့ သဘောပါပဲ။

(ထွန်းထွန်း)

(Zawgyi)











(ထွန်းထွန်း)

Post a Comment

Previous Post Next Post