(Unicode)
လှိုင်သာယာမှာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး ရေချိုးခန်းအတွင်းမှ အမျိုးသမီးအလောင်း (၂) လောင်းတွေ့
ဇွန်(၁၂)ရက်၊ ၂၀၂၀။
ရန်ကုန်၊ လှိုင်သာယာမြို့နယ် (၉) ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဒီနေ့ဇွန်လ (၁၂) ရက်နေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး အလောင်း (၂) လောင်းတွေ့ရှိခဲ့တယ်လို့ လှိုင်သာယာမြို့နယ် အနောက်ပိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးဆီက သိရပါတယ်။
“ဟုတ်ပါတယ်။ မီးခိုမွှန်ပြီး သေဆုံးသွားတယ်လို့ ယူဆရပါတယ်။ သူတို့က ရေချိုးခန်းထဲမှာ သေဆုံးနေတာပေါ့။ ကျန်တာကတော့ စစ်ဆေးမှုတွေ လုပ်နေတုန်းပါပဲ ” လို့ လှိုင်သာယာမြို့နယ် အနောက်ပိုင်း အထွေထွေအုပ်ချုပ် ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။
သေဆုံးသွားတဲ့သူ (၂) ယောက်ဟာ အဖွားဖြစ်သူနဲ့ (၁၇) နှစ်အရွယ် အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ သေဆုံးသူတွေကို လှိုင်သာယာဆေးရုံးကို ပို့ဆောင်ထားပြီး ဆုံးရှုံးမှုတန်ဖိုး နဲ့ တခြားကိစ္စတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
Photo – Than Hlaing Oo
Credit – O Media
(Zawgyi)
ဇွန်(၁၂)ရက်၊ ၂၀၂၀။
Photo – Than Hlaing Oo
Credit – O Media
Post a Comment
Previous Post Next Post