(Unicode)

Taxi အငှားယာဉ်မောင်းနှင့်ခရီးသည်နှစ်ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တွင် အရှိန်ပြင်းစွာဖြင့် မောင်းနှင်း တိုက်ခဲ့မိ သော YBS 40 ယာဉ်မောင်း ဦးဇော်ထိုက်အား ကမာရွတ်မြို့မရဲစခန်းမှ (ပ)အမှတ် ၉/၂၀၂၀ပုဒ်မ ၃၀၄က ၊၂၇၉၊၂၀၂တို့ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ကမ်းနားလမ်းနှင့် သင်္ဘောကျင်းမှတ်တိုင်အနီး၌ ယနေ့ (ဇွန်လ ၂ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်စဉ်တွင် ကမာရွတ်၊ဘုရင်နောင်လမ်းမှ မောင်းနှင်လာသော YBS ၄၀ ယာဉ်မှာ ကြည့်မြင်တိုင်၊ ယုဇနလမ်းထိပ် မင်းသားကြီးလ္ဘက်ရည်ဆိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကွန် ကရစ်တုံးကို ကျော်လွန်ကာ တစ်ဖက်မှ မောင်းနှင်းလာသော Taxi အငှားယာဉ်ကိုတိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။




တစ်ဖက်လမ်းကြောအထိ အရှိန်ပြင်းစွာတိုက်မှုကြောင့် Taxi အငှားယာဉ်မောင်း ဦကျော်ဇောနှင့် အမည်မသိ ခရီးသည် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

မိုင်းစောလွင်
Photo-Credit

(Zawgyi)

Taxi အငွားယာဥ္ေမာင္းႏွင့္ခရီးသည္ႏွစ္ဦးေသဆုံးခဲ့သည့္ ျဖစ္စဥ္တြင္ အရွိန္ျပင္းစြာျဖင့္ ေမာင္းႏွင္း တိုက္ခဲ့မိ ေသာ YBS 40 ယာဥ္ေမာင္း ဦးေဇာ္ထိုက္အား ကမာရြတ္ၿမိဳ့မရဲစခန္းမွ (ပ)အမွတ္ ၉/၂၀၂၀ပုဒ္မ ၃၀၄က ၊၂၇၉၊၂၀၂တို့ျဖင့္အမွုဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။



ကမာရြတ္ၿမိဳ့နယ္ ကမ္းနားလမ္းႏွင့္ သေဘၤာက်င္းမွတ္တိုင္အနီး၌ ယေန႔ (ဇြန္လ ၂ရက္) နံနက္ပိုင္းက ျဖစ္ပြားခဲ့ေသာ အဆိုပါ ျဖစ္စဥ္တြင္ ကမာရြတ္၊ဘုရင္ေနာင္လမ္းမွ ေမာင္းႏွင္လာေသာ YBS ၄၀ ယာဥ္မွာ ၾကည့္ျမင္တိုင္၊ ယုဇနလမ္းထိပ္ မင္းသားႀကီးလၻက္ရည္ဆိုင္အေရာက္တြင္ အရွိန္မထိန္းနိုင္ဘဲ လမ္းလယ္ကြန္ ကရစ္တုံးကို ေက်ာ္လြန္ကာ တစ္ဖက္မွ ေမာင္းႏွင္းလာေသာ Taxi အငွားယာဥ္ကိုတိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။


တစ္ဖက္လမ္းေၾကာအထိ အရွိန္ျပင္းစြာတိုက္မွုေၾကာင့္ Taxi အငွားယာဥ္ေမာင္း ဦေက်ာ္ေဇာႏွင့္ အမည္မသိ ခရီးသည္ အမ်ိဳးသားတစ္ဦးႏွင့္အမ်ိဳးသမီးတစ္ဦးတို့မွာ အခင္းျဖစ္ပြားရာေနရာ၌ပင္ ပြဲခ်င္းၿပီးေသဆုံးခဲ့သည္။

မိုင္းေစာလြင္
Photo-Credit


Post a Comment

Previous Post Next Post