(Unicode)


ဘူရွန်ဒီနိုင်ငံ သမ္မတ ပီယာရီကူရွန်ဇီဇာ သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကွယ်လွန်ခဲ့ရာ အဆိုပါကပ်ရောဂါကြောင့် သေဆုံးသည့် ကမ္ဘာ့ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်လာ ဖွယ်ရှိကြောင်း သတင်းတစ်ပုဒ်အရ သိရသည်။



အသက် ၅၅ နှစ်အရွယ် သမ္မတ ကူရွန်ဇီဇာ သည် နှလုံးဖောက်ပြန်မှုကြောင့် သေဆုံးခဲ့သည် ဟု ဘူရွန်ဒီအစိုးရက ဇွန် ၉ ရက်တွင် ကြေညာခဲ့သော်လည်း သေဆုံးမှုမှာ ကိုဗစ်-၁၉ ရောဂါ ကြောင့်ဖြစ်ကြောင်း အတိုက်အခံသတင်း ရပ်ကွက်များက ပြောကြားလိုက်သည်။

မကွယ်လွန်ခင် ဖျားနာမှုခံစားခဲ့ရသည့် သမ္မတကူရွန်ဇီဇာကို ကာရူဇီမြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ဘူရွန်ဒီနိုင်ငံရှိ အနည်းငယ်သော အသက်ရှူ အထောက်အကူပြုကိရိယာများက နေမကောင်း ဖြစ်နေသော ကူရွန်ဇီဇာ၏အသက်ကို မကယ်တင်နိုင်ခဲ့ပေ။



“ဆေးရုံရောက်လာတာ တော်တော်ကို နောက်ကျနေပါပြီ။ သူ့အခြေအနေက ချက်ချင်း ကို ဆိုးရွားသွားခဲ့ပါတယ်” ဟု သတင်းတစ်ရပ်က ဖော်ပြထားသည်။ သမ္မတကူရွန်ဇီဇာ၏ ဇနီးသည် ဒင်းနစ်ဘူကူမီအား ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဆေးကုသပေးခဲ့ရကြောင်းကိုလည်း မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ဘူရွန်ဒီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ ၈၅ ဦးနှင့် သေဆုံးသူ တစ်ဦးသာရှိကြောင်း သိရသည်။ ဘူရွန်ဒီအစိုးရက သမ္မတ ကူရွန်ဇီဇာ မမျှော်လင့်ဘဲ သေဆုံးမှုအတွက် များစွာဝမ်းနည်းမှုကြောင့် အဆိုပါသတင်း မကြေညာမီ အမှန်တကယ် သေဆုံးခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ရန် တစ်ရက်ကြာစောင့်ဆိုင်းခဲ့ကြောင်း သိရသည်။



ပြီးခဲ့သော မေလအတွင်း ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတအဖြစ် ရွေးကောက်ခံရသူ အီဗာရက်စတီ ဒါယီရှီမီဘေး ကျမ်းသစ္စာမကျိန်ဆိုမီ သီတင်း ပတ်အနည်းငယ်အလိုတွင် လက်ရှိ သမ္မတ ကူရွန်ဇီဇာ သေဆုံးခဲ့ခြင်းဖြစ်သည်။


(Zawgyi)


ဘူ႐ြန္ဒီႏိုင္ငံ သမၼတ ပီယာရီကူ႐ြန္ဇီဇာ သည္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ကြယ္လြန္ခဲ့ရာ အဆိုပါကပ္ေရာဂါေၾကာင့္ ေသဆုံးသည့္ ကမာၻ႔ပထမဆုံး ႏိုင္ငံ့ေခါင္းေဆာင္ျဖစ္လာ ဖြယ္ရွိေၾကာင္း သတင္းတစ္ပုဒ္အရ သိရသည္။



အသက္ ၅၅ ႏွစ္အ႐ြယ္ သမၼတ ကူ႐ြန္ဇီဇာ သည္ ႏွလုံးေဖာက္ျပန္မႈေၾကာင့္ ေသဆုံးခဲ့သည္ ဟု ဘူ႐ြန္ဒီအစိုးရက ဇြန္ ၉ ရက္တြင္ ေၾကညာခဲ့ေသာ္လည္း ေသဆုံးမႈမွာ ကိုဗစ္-၁၉ ေရာဂါ ေၾကာင့္ျဖစ္ေၾကာင္း အတိုက္အခံသတင္း ရပ္ကြက္မ်ားက ေျပာၾကားလိုက္သည္။

မကြယ္လြန္ခင္ ဖ်ားနာမႈခံစားခဲ့ရသည့္ သမၼတကူ႐ြန္ဇီဇာကို ကာ႐ူဇီၿမိဳ႕ရွိ ေဆး႐ုံတစ္႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။ ဘူ႐ြန္ဒီႏိုင္ငံရွိ အနည္းငယ္ေသာ အသက္ရႉ အေထာက္အကူျပဳကိရိယာမ်ားက ေနမေကာင္း ျဖစ္ေနေသာ ကူ႐ြန္ဇီဇာ၏အသက္ကို မကယ္တင္ႏိုင္ခဲ့ေပ။


“ေဆး႐ုံေရာက္လာတာ ေတာ္ေတာ္ကို ေနာက္က်ေနပါၿပီ။ သူ႔အေျခအေနက ခ်က္ခ်င္း ကို ဆိုး႐ြားသြားခဲ့ပါတယ္” ဟု သတင္းတစ္ရပ္က ေဖာ္ျပထားသည္။ သမၼတကူ႐ြန္ဇီဇာ၏ ဇနီးသည္ ဒင္းနစ္ဘူကူမီအား ကင္ညာႏိုင္ငံ ႏိုင္႐ိုဘီၿမိဳ႕၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ ေဆးကုသေပးခဲ့ရေၾကာင္းကိုလည္း မီဒီယာတစ္ခုက ေဖာ္ျပခဲ့သည္။

ဘူ႐ြန္ဒီႏိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရ သူ ၈၅ ဦးႏွင့္ ေသဆုံးသူ တစ္ဦးသာရွိေၾကာင္း သိရသည္။ ဘူ႐ြန္ဒီအစိုးရက သမၼတ ကူ႐ြန္ဇီဇာ မေမွ်ာ္လင့္ဘဲ ေသဆုံးမႈအတြက္ မ်ားစြာဝမ္းနည္းမႈေၾကာင့္ အဆိုပါသတင္း မေၾကညာမီ အမွန္တကယ္ ေသဆုံးျခင္း ရွိ၊ မရွိ အတည္ျပဳႏိုင္ရန္ တစ္ရက္ၾကာေစာင့္ဆိုင္းခဲ့ေၾကာင္း သိရသည္။


ၿပီးခဲ့ေသာ ေမလအတြင္း က်င္းပသည့္ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ သမၼတအျဖစ္ ေ႐ြးေကာက္ခံရသူ အီဗာရက္စတီ ဒါယီရွီမီေဘး က်မ္းသစၥာမက်ိန္ဆိုမီ သီတင္း ပတ္အနည္းငယ္အလိုတြင္ လက္ရိွ သမၼတ ကူ႐ြန္ဇီဇာ ေသဆုံးခဲ့ျခင္းျဖစ္သည္။

Post a Comment

Previous Post Next Post