(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကညနရုံးပိတ်ထားသည့်ကာလတွင် ယာဉ်မှတ်ပုံတင်ရန် သက်တမ်းကျော်လွန်သွားသည့် ယာဉ်များကို ရက်လွန်ဒဏ်ကြေးများ ကောက်ခံခြင်းမရှိဘဲ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတိုင်းဦးစီးမှူး ဦးသိန်းထွဋ်က ပြောကြားသည်။



အဆိုပါ ယာဉ်မှတ်ပုံတင်ရန် သက်တမ်းလွန်သည့် ယာဉ်အစီးရေမှာ တစ်လလျှင် တစ်သောင်းကျော်ရှိကာ အကြွေးကျန်ခဲ့သည့် ယာဉ်များနှင့် နောက်ထပ်သက်တမ်းတိုးမည့် ယာဉ်များအနေနှင့် အွန်လိုင်းမှ ဘိုကင်ယူပြီး တဖြည်းဖြည်းချင်း ဆောင်ရွက်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

“ပိတ်ထားတဲ့ ကာလတွေမှာ ကူးစက်မှုမရှိဖို့အတွက် ဌာနကရပ်ဆိုင်းတာ ဖြစ်တဲ့အတွက်ကြောင့် ပိတ်ထားတဲ့ ကာလတစ်လျှောက်လုံးမှာရှိတဲ့ ရက်လွန် ဒဏ်ကြေးကောက်ခံခြင်း မရှိပါဘူး။ ကင်းလွတ်ခွင့်ပေးထားပါတယ်။ သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့ကလည်း ရက်လွန်နေတဲ့ယာဉ်တွေကို မဖမ်းဖို့ ကျွန်တော်တို့ ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ ရုံးဖွင့်ပြီးရင် အေးအေးဆေးဆေး လာလုပ်လို့ရပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်တွေအရ နှစ်လ၊ သုံးလစသဖြင့် အချိန်ကြာတဲ့အထိ ရက်လွန်ဒဏ်ကြေး ကောက်ခံမှာမဟုတ်ပါဘူး။ ကင်းလွတ်ခွင့်ပေးထားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။



ကညနရုံးများ ပြန်လည်ဖွင့်လှစ်လျှင် အကြွေးကျန်ခဲ့သည့် ယာဉ်များအတွက် နံနက်ပိုင်း ၈ နာရီခွဲအချိန်မှစ၍ ရုံးအချိန်ကို စောဖွင့်ပေးကာ အချိန်ပိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလတွင် ကညနရုံးများ နှစ်လကျော် ပိတ်ထားရပြီး ရုံးပိတ်သည့်ကာလ၌ သက်တမ်းကျော်လွန်သည့် ယာဉ်အစီးရေ မှာ ၃ သောင်းကျော်ထိ ရှိမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

ဒဗွိုက်စ်

(Zawgyi)

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကညန႐ုံးပိတ္ထားသည့္ကာလတြင္ ယာဥ္မွတ္ပုံတင္ရန္ သက္တမ္းေက်ာ္လြန္သြားသည့္ ယာဥ္မ်ားကို ရက္လြန္ဒဏ္ေၾကးမ်ား ေကာက္ခံျခင္းမရွိဘဲ ကင္းလြတ္ခြင့္ေပးမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတိုင္းဦးစီးမႉး ဦးသိန္းထြဋ္က ေျပာၾကားသည္။



အဆိုပါ ယာဥ္မွတ္ပုံတင္ရန္ သက္တမ္းလြန္သည့္ ယာဥ္အစီးေရမွာ တစ္လလွ်င္ တစ္ေသာင္းေက်ာ္ရွိကာ အေႂကြးက်န္ခဲ့သည့္ ယာဥ္မ်ားႏွင့္ ေနာက္ထပ္သက္တမ္းတိုးမည့္ ယာဥ္မ်ားအေနႏွင့္ အြန္လိုင္းမွ ဘိုကင္ယူၿပီး တျဖည္းျဖည္းခ်င္း ေဆာင္႐ြက္ႏိုင္ေၾကာင္း ၎က ရွင္းျပသည္။

“ပိတ္ထားတဲ့ ကာလေတြမွာ ကူးစက္မႈမရွိဖို႔အတြက္ ဌာနကရပ္ဆိုင္းတာ ျဖစ္တဲ့အတြက္ေၾကာင့္ ပိတ္ထားတဲ့ ကာလတစ္ေလွ်ာက္လုံးမွာရွိတဲ့ ရက္လြန္ ဒဏ္ေၾကးေကာက္ခံျခင္း မရွိပါဘူး။ ကင္းလြတ္ခြင့္ေပးထားပါတယ္။ သက္ဆိုင္ရာ ယာဥ္ထိန္းတပ္ဖြဲ႕ကလည္း ရက္လြန္ေနတဲ့ယာဥ္ေတြကို မဖမ္းဖို႔ ကြၽန္ေတာ္တို႔ ညႇိႏႈိင္းထားၿပီး ျဖစ္ပါတယ္။ ႐ုံးဖြင့္ၿပီးရင္ ေအးေအးေဆးေဆး လာလုပ္လို႔ရပါတယ္။ ကြၽန္ေတာ္တို႔ ထုတ္ျပန္ခ်က္ေတြအရ ႏွစ္လ၊ သုံးလစသျဖင့္ အခ်ိန္ၾကာတဲ့အထိ ရက္လြန္ဒဏ္ေၾကး ေကာက္ခံမွာမဟုတ္ပါဘူး။ ကင္းလြတ္ခြင့္ေပးထားမွာ ျဖစ္ပါတယ္” ဟု ၎ကဆိုသည္။



ကညန႐ုံးမ်ား ျပန္လည္ဖြင့္လွစ္လွ်င္ အေႂကြးက်န္ခဲ့သည့္ ယာဥ္မ်ားအတြက္ နံနက္ပိုင္း ၈ နာရီခြဲအခ်ိန္မွစ၍ ႐ုံးအခ်ိန္ကို ေစာဖြင့္ေပးကာ အခ်ိန္ပိုေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။ COVID-19 ေရာဂါျဖစ္ပြားေနသည့္ ကာလတြင္ ကညန႐ုံးမ်ား ႏွစ္လေက်ာ္ ပိတ္ထားရၿပီး ႐ုံးပိတ္သည့္ကာလ၌ သက္တမ္းေက်ာ္လြန္သည့္ ယာဥ္အစီးေရ မွာ ၃ ေသာင္းေက်ာ္ထိ ရွိမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီး ဌာနထံမွ သိရသည္။

ဒဗြိဳက္စ္

Post a Comment

Previous Post Next Post