(Unicode)

လတ်တေ လာ ပေါ်ပေါက်ခဲ့တဲ့ ငွေကြေး လိမ်လည်မှု ကောလာဟလများ ၊ ညီဖြစ်သူ စည်သူတင်စိုး ရဲ့ ပြောဆို စွပ်စွဲမှုများ အပေါ် ပြောလာတဲ့ ရုပ်ရှင် သရုပ်ဆောင် ၊ ဒါရိုက်တာ အက ယ်ဒမီ သီဟတင်စိုး ။


ရုပ်ရှ င်သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးကို ဒေသခံများထံကနေ ငွေကြေးလိမ်လည်မှုဖြင့် မတ်လ ၁၈ ရက်နေ့ကတည်းက ကျိုက်လတ်မြို့ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

သီဟတင်စိုး ဟာ ကျိုက်လတ်မြို့တွင် “ရွှေစင်မင်း” အမည်ဖြင့် ဆိုင်းအဖွဲ့တစ်ဖွဲ့ တည်ထောင်ထားပြီး နယ်လှည့်ဖျော်ဖြေခဲ့ကြောင်း၊ မြို့ခံထံမှ ငွေကြေးများ ချေးဌားပြီး ပြန်ဆပ်ခြင်းမရှိသောကြောင့် ငွေကြေးချေးဌား သူများက အမှုဖွင့်ခဲ့ကြောင်း ကျိုက်လတ်ဒေသခံ ကိုနေလင်းနိုင်က People မီဒီယာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါ တယ်။

သီဟတင်စိုးဟာ ၂၀၁၉ ခုနှစ် ၈ လပိုင်းဝန်းကျင်က ကျိုက်လတ်မြို့ကို ရောက်လာခဲ့ပြီး ဒေသခံများထံမှ ပိုက်ဆံချေးယူပြီး ဆိုင်းအဖွဲ့ထောင်ခဲ့ကြောင်း၊ ထို့နောက် နယ်လှည့်ဖျော်ဖြေရာတွင်လည်း ကုန်ကျစရိတ်၊ စက်ငှားရမ်းခ၊ မော်တော်ခများကိုလည်း အကြွေးထားခဲ့ပြီးနောက် ၂၀၂၀ ဖေဖော်ဝါရီလဆန်းပိုင်တွင် ကျိုက်လတ်မြို့မှ ထွက်ခွားသွားကြောင်း၊ ဆက်သွယ်၍ မရတော့ကြောင်း ကိုနေလင်းနိုင်က ပြောကြားခဲ့ ပါတယ်။


သီဟတင်စိုး ချေးယူခဲ့သော ငွေကြေးများထဲက အချို့ကို ကိုနေလင်းနိုင်က တစ်ဆင့်ကြားခံပြီး အပြင်လူများထံမှ ချေးငှားပေးခဲ့ရသည့်အတွက် အကြွေးရှင်များကို လယ်ပေါင်ပြီး ဆပ်ထားရကြောင်း ပြောဆိုခဲ့ပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးဖြစ်သူ ကိုအာစီဘသန်း(ခ)ကိုဗိုက်ပူ ကလည်း ဆိုင်းထောင်မည်ဟု ဆိုကာ ငွေကျပ် ၅၂ သိန်းကို ချေးယူခဲ့ပြီးနောက် ဆက်သွယ်၍ မရတော့သည့်အတွက် ကျိုက်လတ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြောကြားခဲ့သည်။

သူတို့နှစ်ဦးပေါင်း ရရှိရန်ငွေကျပ် ၇၇ သိန်းကျော်အတွက် ကျိုက်လတ်မြို့ ရဲစခန်းတွင် အကယ်ဒမီ သီဟတင်စိုး အား မတ်လ ၁၈ ရက်နေ့က အမှုဖွင့်ထားခဲ့ကြောင်း သိရသည်။


(Zawgyi)

လတ္ေတ လာ ေပၚေပါက္ခဲ့တဲ့ ေငြေၾကး လိမ္လည္မႈ ေကာလာဟလမ်ား ၊ ညီျဖစ္သူ စည္သူတင္စိုး ရဲ႕ ေျပာဆို စြပ္စြဲမႈမ်ား အေပၚ ေျပာလာတဲ့ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ၊ ဒါ႐ိုက္တာ အက ယ္ဒမီ သီဟတင္စိုး ။


႐ုပ္ရွ င္သ႐ုပ္ေဆာင္ အကယ္ဒမီ သီဟတင္စိုးကို ေဒသခံမ်ားထံကေန ေငြေၾကးလိမ္လည္မႈျဖင့္ မတ္လ ၁၈ ရက္ေန႔ကတည္းက က်ိဳက္လတ္ၿမိဳ႕ ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရွိရသည္။

သီဟတင္စိုး ဟာ က်ိဳက္လတ္ၿမိဳ႕တြင္ “ေ႐ႊစင္မင္း” အမည္ျဖင့္ ဆိုင္းအဖြဲ႕တစ္ဖြဲ႕ တည္ေထာင္ထားၿပီး နယ္လွည့္ေဖ်ာ္ေျဖခဲ့ေၾကာင္း၊ ၿမိဳ႕ခံထံမွ ေငြေၾကးမ်ား ေခ်းဌားၿပီး ျပန္ဆပ္ျခင္းမရွိေသာေၾကာင့္ ေငြေၾကးေခ်းဌား သူမ်ားက အမႈဖြင့္ခဲ့ေၾကာင္း က်ိဳက္လတ္ေဒသခံ ကိုေနလင္းႏိုင္က People မီဒီယာနဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါ တယ္။

သီဟတင္စိုးဟာ ၂၀၁၉ ခုႏွစ္ ၈ လပိုင္းဝန္းက်င္က က်ိဳက္လတ္ၿမိဳ႕ကို ေရာက္လာခဲ့ၿပီး ေဒသခံမ်ားထံမွ ပိုက္ဆံေခ်းယူၿပီး ဆိုင္းအဖြဲ႕ေထာင္ခဲ့ေၾကာင္း၊ ထို႔ေနာက္ နယ္လွည့္ေဖ်ာ္ေျဖရာတြင္လည္း ကုန္က်စရိတ္၊ စက္ငွားရမ္းခ၊ ေမာ္ေတာ္ခမ်ားကိုလည္း အေႂကြးထားခဲ့ၿပီးေနာက္ ၂၀၂၀ ေဖေဖာ္ဝါရီလဆန္းပိုင္တြင္ က်ိဳက္လတ္ၿမိဳ႕မွ ထြက္ခြားသြားေၾကာင္း၊ ဆက္သြယ္၍ မရေတာ့ေၾကာင္း ကိုေနလင္းႏိုင္က ေျပာၾကားခဲ့ ပါတယ္။


သီဟတင္စိုး ေခ်းယူခဲ့ေသာ ေငြေၾကးမ်ားထဲက အခ်ိဳ႕ကို ကိုေနလင္းႏိုင္က တစ္ဆင့္ၾကားခံၿပီး အျပင္လူမ်ားထံမွ ေခ်းငွားေပးခဲ့ရသည့္အတြက္ အေႂကြးရွင္မ်ားကို လယ္ေပါင္ၿပီး ဆပ္ထားရေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေနာက္ထပ္ ေဒသခံတစ္ဦးျဖစ္သူ ကိုအာစီဘသန္း(ခ)ကိုဗိုက္ပူ ကလည္း ဆိုင္းေထာင္မည္ဟု ဆိုကာ ေငြက်ပ္ ၅၂ သိန္းကို ေခ်းယူခဲ့ၿပီးေနာက္ ဆက္သြယ္၍ မရေတာ့သည့္အတြက္ က်ိဳက္လတ္ ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း ေျပာၾကားခဲ့သည္။

သူတို႔ႏွစ္ဦးေပါင္း ရရွိရန္ေငြက်ပ္ ၇၇ သိန္းေက်ာ္အတြက္ က်ိဳက္လတ္ၿမိဳ႕ ရဲစခန္းတြင္ အကယ္ဒမီ သီဟတင္စိုး အား မတ္လ ၁၈ ရက္ေန႔က အမႈဖြင့္ထားခဲ့ေၾကာင္း သိရသည္။


Post a Comment

Previous Post Next Post