(Unicode)

မေတ္တာတရားတွေလွှမ်းခြုံပြီး ဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦး နှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါပြီ


ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီး လှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေက ခါးသီးလွန်းခဲ့တယ် ခက်ခဲတဲ့အချိန်တွေဖြတ်ကျော်ရတိုင်းပင်ပန်းတဲ့ အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေးတစ်ခု လိုချင်ခဲ့တာ…



ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု ကမ်းလင့်တဲ့လက်လေးတစ်စုံကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ❤️ မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့် ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ



မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပပါမယ်ရှင့် အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ ချစ်ပေးကြပါလို့ ❤️

Eint Chit

(zawgyi)

ေမတၱာတရားေတြလႊမ္းၿခဳံၿပီး ဒီေန႔ ၆.၆.၂၀၂၀ မွာအိမ့္ခ်စ္တို႔ ခ်စ္သူႏွစ္ဦး ႏွစ္ဖက္မိဘမ်ားနဲ႔ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္တရားသူႀကီး ေရွ႕ေမွာက္မွာ မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးခဲ့ၾကပါၿပီ


ဘဝကိုခက္ခက္ခဲခဲပင္ပင္ပန္းပန္းျဖတ္သန္းလာၿပီး လွမ္းၾကည့္လိုက္တိုင္းမွာအေမပဲရွိခဲ့တာ မျပည့္စုံတဲ့မိန္းမတစ္ေယာက္ရဲ႕ေန႔ရက္ေတြက ခါးသီးလြန္းခဲ့တယ္ ခက္ခဲတဲ့အခ်ိန္ေတြျဖတ္ေက်ာ္ရတိုင္းပင္ပန္းတဲ့ အခ်ိန္ေတြရင္ဆိုင္ရတိုင္းမွာ မွီစရာပခုံးေလးတစ္ခု နားခိုစရာရင္ခြင္ေလးတစ္ခု လိုခ်င္ခဲ့တာ…


ဒီေန႔မွာေတာ့ လိုခ်င္ခဲ့တဲ့ပခုံးေလးတစ္ခု ကမ္းလင့္တဲ့လက္ေလးတစ္စုံကို ပိုင္ဆိုင္ခြင့္ရခဲ့ၿပီ ❤️ ေမလတုန္းကေစ့စပ္ပြဲေလးကိုေတာ့ဖ်က္လိုက္ရေပမယ့္ ရည္႐ြယ္ထားစီစဥ္ထားတဲ့အတိုင္း ဒီေန႔မွာလက္မွတ္ေရးထိုးခဲ့ၾကပါၿပီ


မဂၤလာဧည့္ခံပြဲကေတာ့ ကပ္ေရာဂါႀကီးၿပီးဆုံးသြားတဲ့အခ်ိန္အားလုံးေအးခ်မ္းသြားတဲ့အခ်ိန္မွပဲ က်င္းပပါမယ္ရွင့္ အိမ့္ခ်စ္ကိုခ်စ္သလို အိမ့္ခ်စ္ရဲ႕လက္တြဲေဖာ္ကိုလဲ ခ်စ္ေပးၾကပါလို႔ ❤️

Eint Chit

Post a Comment

Previous Post Next Post