(Unicode)

စစ် ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်းမှာထိန်းသိမ်းထားတဲ့ နှစ်ပေါင်း (၃၅၀၀) ခန့်က လက်ရာ ဖြစ်တဲ့ မြေအိုးဟောင်း အပါအဝင် ရှေးဟောင်းပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရ ပါ တယ်။

ဖြစ်စဉ်မှာ ဇွန်(၃)ရက် မနက်ပိုင်းက ဟန်လင်းဌာနစု လှည့်ကင်းအဖွဲ့ခေါင်းဆောင်ဟာ ဟန်လင်းမြို့ဟောင်း ပြတိုက်တည်နေရာ တူးဖော်ကုန်းအမှတ်(၂၉)က အဆောက်အဦ ကို သွားရောက်စစ်ဆေးခဲ့ရာ အရိုးစုအမှတ်(၅) ရင်ဘတ်ပေါ်က နှစ်ပေါင်း (၃၅၀၀)ခန့်က လက်ရာဖြစ်တဲ့ မြေအိုးဟောင်း ပျက်စီးနေတာကိုတွေ့ခဲ့ရ ပါ တယ်။



ဒါ့အပြင် အရိုးစုအမှတ် (၃) ရုပ်ကြွင်းရင်ဘတ်ပေါ်က မြေအိုးငယ်(၂)လုံးမှာလည်း နေရာရွေ့ပြီး ပျက်စီးနေတယ် လို့ဆိုပါတယ်။ အရိုးစုအမှတ်(၆)က မြေအိုးငယ် တစ်လုံးမှာလည်း နေရာရွေ့ပြီး အိုးလည်ပင်းအရစ်က မြေသားနဲ့ အိုးခြမ်းကွဲတွေ ပဲ့ကျတာ၊ အရိုးစု အမှတ်(၉) ဘယ်ဘက်လက်မောင်းရိုးကျိုးပဲ့တာ၊ အရိုးစု အမှတ်(၁၄)မေးရိုးမှာ လည်းကြေမွ နေတာတို့ကို စစ်ဆေးတွေ့ရှိခဲ့ တာပါ။



ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ဟန်လင်းဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ခင်က တရားလို ပြုလုပ်ပြီး ဝက်လက်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

(Zawgyi)


စစ္ ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္၊ ဟန္လင္းၿမိဳ႕ေဟာင္းမွာထိန္းသိမ္းထားတဲ့ ႏွစ္ေပါင္း (၃၅၀၀) ခန႔္က လက္ရာ ျဖစ္တဲ့ ေျမအိုးေဟာင္း အပါအဝင္ ေရွးေဟာင္းပစၥည္းေတြ ဖ်က္ဆီးခံခဲ့ရတယ္လို႔ သိရ ပါ တယ္။

ျဖစ္စဥ္မွာ ဇြန္(၃)ရက္ မနက္ပိုင္းက ဟန္လင္းဌာနစု လွည့္ကင္းအဖြဲ႕ေခါင္းေဆာင္ဟာ ဟန္လင္းၿမိဳ႕ေဟာင္း ျပတိုက္တည္ေနရာ တူးေဖာ္ကုန္းအမွတ္(၂၉)က အေဆာက္အဦ ကို သြားေရာက္စစ္ေဆးခဲ့ရာ အ႐ိုးစုအမွတ္(၅) ရင္ဘတ္ေပၚက ႏွစ္ေပါင္း (၃၅၀၀)ခန႔္က လက္ရာျဖစ္တဲ့ ေျမအိုးေဟာင္း ပ်က္စီးေနတာကိုေတြ႕ခဲ့ရ ပါ တယ္။


ဒါ့အျပင္ အ႐ိုးစုအမွတ္ (၃) ႐ုပ္ႂကြင္းရင္ဘတ္ေပၚက ေျမအိုးငယ္(၂)လုံးမွာလည္း ေနရာေ႐ြ႕ၿပီး ပ်က္စီးေနတယ္ လို႔ဆိုပါတယ္။ အ႐ိုးစုအမွတ္(၆)က ေျမအိုးငယ္ တစ္လုံးမွာလည္း ေနရာေ႐ြ႕ၿပီး အိုးလည္ပင္းအရစ္က ေျမသားနဲ႔ အိုးျခမ္းကြဲေတြ ပဲ့က်တာ၊ အ႐ိုးစု အမွတ္(၉) ဘယ္ဘက္လက္ေမာင္း႐ိုးက်ိဳးပဲ့တာ၊ အ႐ိုးစု အမွတ္(၁၄)ေမး႐ိုးမွာ လည္းေၾကမြ ေနတာတို႔ကို စစ္ေဆးေတြ႕ရွိခဲ့ တာပါ။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာန ကမာၻ႔အေမြအႏွစ္ေဒသမ်ားဌာနခြဲ ဟန္လင္းဌာနစု ဒုတိယၫႊန္ၾကားေရးမႉး ဦးၾကည္ခင္က တရားလို ျပဳလုပ္ၿပီး ဝက္လက္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

Credit Original

Post a Comment

Previous Post Next Post