(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိစာရင်းအရ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်လူနာ ၄၇၁၅၁ ဦး၊ သေဆုံးသူ ၆၅၀ ဦး ရှိ နေပြီး ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှုတွေ အလုံအလောက်မရှိတာကြောင့် အမှန်တကယ် ဗိုင်းရပ်စ်ကူးစက်လူနာ အရေအတွက်ဟာ စာရင်းရှိထက် များပြားနေနိုင် တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ ပါတယ်။

မတ်လ ၂၆ ရက်နေ့က စတင် ခဲ့ပြီး ၂ လကျော်ကြာခဲ့တဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ကျောင်းအချို့က လွဲပြီး လျော့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဘင်္ဂလားဒေ့ရ်နိုင်ငံ ရဲ့ လူဦးရေ ထူထပ်တဲ့ မြို့တွေမှာ လုပ်ငန်းခွင်တွေ ပြန်လည် လည်ပတ်နိုင်စေဖို့ အတွက် ကိုရိုနာ ဗိုင်းရပ်စ် ပိတ်ဆို့ ကန့်သတ်ချက်တွေကို တနင်္ဂနွေနေ့ ( မေလ ၃၁ ရက်နေ့ ) မှာ လျော့ချ လိုက်တယ်လို့ သိရပါတယ်။

အဲဒီနေ့မှာပဲ ဘင်္ဂလားဒေ့ရှ် မှာ ဗိုင်းရပ်စ် ကူးစက်လူနာ ၂၅၄၅ ဦး၊ သေဆုံးသူ ၄၀ ဦး ထပ်တိုးလာပြီး နေ့စဉ်ထပ်တိုး ဗိုင်းရပ်စ်ကူးစက်မှု တွေမှာ အမြင့်ဆုံးအရေအတွက်အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရ်ှဟာ ကိုရိုနာ ဗိုင်းရပ်စ်ပိတ်ဆို့ကန့်သတ်မှုတွေကို လျော့ချ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းခွင် တွေ ပြန်လည် စတင်လိုက်ပြီ ဖြစ်တာကြောင့် မြို့တော် ဒါကာရှိ မီးရထားလမ်းကြောင်းများနဲ့ ယာဉ်ကြောလိုင်းတွေ ပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



REF: LET PAN

(Zawgyi)

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လက္ရွိစာရင္းအရ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္လူနာ ၄၇၁၅၁ ဦး၊ ေသဆုံးသူ ၆၅၀ ဦး ရွိ ေနၿပီး ဗိုင္းရပ္စ္စမ္းသပ္စစ္ေဆးမႈေတြ အလုံအေလာက္မရွိတာေၾကာင့္ အမွန္တကယ္ ဗိုင္းရပ္စ္ကူးစက္လူနာ အေရအတြက္ဟာ စာရင္းရွိထက္ မ်ားျပားေနႏိုင္ တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာၾကားခဲ့ ပါတယ္။

မတ္လ ၂၆ ရက္ေန႔က စတင္ ခဲ့ၿပီး ၂ လေက်ာ္ၾကာခဲ့တဲ့ ပိတ္ဆို႔ ကန႔္သတ္မႈေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္ အနည္းငယ္က ေက်ာင္းအခ်ိဳ႕က လြဲၿပီး ေလ်ာ့ခ်မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ဘဂၤလားေဒ့ရ္ႏိုင္ငံ ရဲ႕ လူဦးေရ ထူထပ္တဲ့ ၿမိဳ႕ေတြမွာ လုပ္ငန္းခြင္ေတြ ျပန္လည္ လည္ပတ္ႏိုင္ေစဖို႔ အတြက္ ကို႐ိုနာ ဗိုင္းရပ္စ္ ပိတ္ဆို႔ ကန႔္သတ္ခ်က္ေတြကို တနဂၤေႏြေန႔ ( ေမလ ၃၁ ရက္ေန႔ ) မွာ ေလ်ာ့ခ် လိုက္တယ္လို႔ သိရပါတယ္။

အဲဒီေန႔မွာပဲ ဘဂၤလားေဒ့ရွ္ မွာ ဗိုင္းရပ္စ္ ကူးစက္လူနာ ၂၅၄၅ ဦး၊ ေသဆုံးသူ ၄၀ ဦး ထပ္တိုးလာၿပီး ေန႔စဥ္ထပ္တိုး ဗိုင္းရပ္စ္ကူးစက္မႈ ေတြမွာ အျမင့္ဆုံးအေရအတြက္အျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရ္ွဟာ ကို႐ိုနာ ဗိုင္းရပ္စ္ပိတ္ဆို႔ကန႔္သတ္မႈေတြကို ေလ်ာ့ခ် ႐ုပ္သိမ္းလိုက္တာ ျဖစ္ပါတယ္။

စီးပြားေရး လုပ္ငန္းခြင္ ေတြ ျပန္လည္ စတင္လိုက္ၿပီ ျဖစ္တာေၾကာင့္ ၿမိဳ႕ေတာ္ ဒါကာရွိ မီးရထားလမ္းေၾကာင္းမ်ားနဲ႔ ယာဥ္ေၾကာလိုင္းေတြ ပိတ္ဆို႔မႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။


REF: LET PAN

Post a Comment

Previous Post Next Post