(Unicode)

3-6-2020 ရက်နေ့၊ နံနက် (05း45) အချိန်၊

နေပြည်တော် – ရန်ကုန်လမ်းပိုင်း အမြန်လမ်းမိုင်တိုင် (6) မိုင် (6-7) ဖာလုံကြားတွင် ယာဉ်မတော်တဆမှု သတင်းအရ (11) အမြန်လမ်း မီးသတ် တပ်ဖွဲ့ ကူညီကယ်ဆယ်ရေးထွက်ခွာရာ ယာဉ်မောင်းနိုင်လင်းဦး (၃၃) နှစ်၊ မိတ္ထီလာမြို့နယ်နေသူ မောင်းနှင်လာသော



YUTONG အမျိုးအစား Express ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်နိုင်ဖြစ်ကာ လမ်းဘေးကာရံထားသည့် Guard Rails တန်းများအား ဝင်ရောက် တိုက်မိပြီး လမ်းယယ်ကျွန်းပေါ်တွင် ရပ်တန့်သွားခဲ့ရာ ယာဉ်ပေါ်ရှိ ယာဉ်မောင်းပါ ကျား (၅) ဦး (ကလေး ၂ ဦးပါ)၊ မ (၂) ဦး ပေါင်း (၇) ဦးတို့တွင် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့။


၃.၆.၂၀၂၀ ရက်နေ့၊ နံနက် (ဝ၆ း ဝဝ) အချိန်ခန့်၊

နေပြည်တော် – ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် 65/7 ဖာလုံအနီး ယာဉ်မတော်တဆမှု ဖြစ်ပွားနေကြောင်း သတင်းအရ အုတ်ရှစ်ကုန်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ ကူညီကယ်ဆယ်ရေးထွက်ခွာရာ…Toyota Ractis Gray ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်း ကာရံထားသည့် ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိ၊ ယာဉ်မောင်း တစ်ဦးသာပါရှိပြီး ထိခိုက်မှုမရှိပါ။


03.06.2020 ရက်နေ့၊ နံနက် 06:45 အချိန်၊

နေပြည်တော် – မန္တလေးဘက်ခြမ်း အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၃၄၉ -1/2) ဖာလုံကြား Nissan UD ယာဉ်မှာ နောက်ယာဘက်ဘီး ၂ လုံး ပွင့်၍ ယာဘက်ခြမ်း မြေသားလမ်းပေါ် တိမ်းမှောက်‌နေကြောင်းသတင်းရရှိသဖြင့်



စကားအင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့သွားရောက် ကူညီသွားရောက်ကူဆောင်ရွက်ခဲ့ရာ၊ ယာဉ်ပေါ်ပါ ကျား (၂) ဦးမှာ ထိခိုက်မှုမရှိ။

Source – အမြန်လမ်း မီးသတ်တပ်ဖွဲ့ ကွပ်ကဲမှုရုံး

(Zawgyi)














Post a Comment

Previous Post Next Post