(Unicode)

မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြည်ထောင်စုလွှတ်တော်၌ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်က ပြဋ္ဌာန်းခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေအသစ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းက မန္တလေးမြို့ပေါ်၌ လုပ်ဆောင်ခဲ့သည်။


ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ (၂၀၂၀) တွင် အခန်း ၁၅ ခန်းပါဝင်ရာ ဥပဒေပါ စည်းကမ်းများအရ ဒဏ်ငွေ ကျပ်သုံးသိန်း အထိ တိုးမြှင့်ပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များ ပါဝင်ကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် (၉၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးသောင်း ထိုက်ဦးက ပြောကြားသည်။


ယင်းဥပဒေတွင်ပါဝင်သော ဥပဒေပါ အချက်များကို မော်တော်ယာဉ်အသုံးပြုသူများ သိရှိနိုင်စေရန် ပညာပေးခြင်းဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ ပြစ်ဒဏ်နှင့် ဒဏ်ကြေးများကို သိရှိနားလည်နိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ယာဉ်အသုံးပြုသူတွေအတွက် လျော်ညီတဲ့ဥပဒေတွေ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ အများပြည်သူ သတိမထားမိသေးတာက ၁၀ နှစ်အောက် ကလေးတွေ လိုက်ပါလာမယ်ဆိုရင် ၁၀ နှစ်အောက် ကလေးတွေအတွက် အသက်ကယ်ထိုင်ခုံ၊ ခါးပတ်ပါမှ လိုက်ရမယ်ဆိုတာတွေ ပါလာတယ်။ ဒီစာအုပ်ကိုဖတ်ရင် အများပြည်သူသိရှိသင့်တဲ့အချက်တွေကို သိရှိနားလည်နိုင်အောင် ပညာပေးခြင်းဖြစ်ပါတယ်”ဟု ဒုရဲမှူးက ဆက်လက်ပြောဆိုသည်။



မော်တော်ယာဉ်အသုံးပြုသူများသည် ဥပဒေပါ သတ်မှတ်ချက်များကို ဖောက်ဖျက်ခဲ့လျှင် အနည်းဆုံး ဒဏ်ငွေ ၃၀,၀၀၀ ကျပ် မှ ၃ သိန်းအထိလည်းကောင်း၊ ထောင်ဒဏ် ၁ လမှ ၃ နှစ် အထိလည်းကောင်း သတ်မှတ်ပုဒ်မအလိုက် ပြစ်ဒဏ်များချမှတ်နိုပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးလည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။သတ်မှတ်စည်းကမ်းများကို ယာဉ်အသုံးပြုသူများအနေနှင့် လိုက်နာသင့်ပြီး ဥပဒေပါအချက်များကို လိုက်နာခြင်းသည် မိမိအသက်အန္တရာယ်ကို ကာကွယ်စောင့် ရှောက်ခြင်းဖြစ်ကြောင်း မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ ဦးမောင်ကြီးက ပြောကြားသည်။


“ဆိုင်ကယ်စီးတဲ့သူတွေဆိုရင် ဦးထုပ်မဆောင်းတာ၊ တစ်ဖက်က ယာဉ်ရှင်းတာနဲ့ မီးနီဖြတ်တာတွေ အတော်များတယ်။ ဥပဒေက နောက်မှတစ်ခုခုဖြစ်ရင် ကိုယ်အရင်ခံရမှာလေ။ ဒါကြောင့် ဥပဒေကိုလိုက် နာစေချင်တယ်။ ဒါမျိုးတွေကိုလည်း စိစစ်ကြပ်မတ် အရေးယူစေချင်တယ်” ဟု ၎င်းက ပြောဆိုသည်။မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့သည် တိုင်းအတွင်းရှိ မြို့နယ်အလိုက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် စီစဉ်ထားသည်။

ဒဗွိုက်

(Zawgyi)

မႏၲေလးတိုင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕က ျပည္ေထာင္စုလႊတ္ေတာ္၌ ၂၀၂၀ ျပည့္ႏွစ္ ေမလ ၂၆ ရက္က ျပ႒ာန္းခဲ့သည့္ ယာဥ္အႏၲရာယ္ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္ စီမံခန္႔ခြဲမႈ ဥပေဒအသစ္ႏွင့္ပတ္သက္၍ အသိပညာေပးျခင္းလုပ္ငန္းမ်ားကို ဇြန္လ ၁ ရက္ေန႔နံနက္ပိုင္းက မႏၲေလးၿမိဳ႕ေပၚ၌ လုပ္ေဆာင္ခဲ့သည္။


ယာဥ္အႏၲရာယ္ ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္ စီမံခန္႔ခြဲမႈဥပေဒ (၂၀၂၀) တြင္ အခန္း ၁၅ ခန္းပါဝင္ရာ ဥပေဒပါ စည္းကမ္းမ်ားအရ ဒဏ္ေငြ က်ပ္သုံးသိန္း အထိ တိုးျမႇင့္ျပ႒ာန္းထားသည့္ စည္းကမ္းခ်က္မ်ား ပါဝင္ေၾကာင္း မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္ (၉၀) ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမႉး ဒုရဲမႉးေသာင္း ထိုက္ဦးက ေျပာၾကားသည္။



ယင္းဥပေဒတြင္ပါဝင္ေသာ ဥပေဒပါ အခ်က္မ်ားကို ေမာ္ေတာ္ယာဥ္အသုံးျပဳသူမ်ား သိရွိႏိုင္ေစရန္ ပညာေပးျခင္းျဖစ္ေၾကာင္း၊ ယာဥ္စည္းကမ္း၊ ျပစ္ဒဏ္ႏွင့္ ဒဏ္ေၾကးမ်ားကို သိရွိနားလည္ႏိုင္ေစေရးအတြက္ အသိပညာေပးလုပ္ငန္းမ်ားေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

“ယာဥ္အသုံးျပဳသူေတြအတြက္ ေလ်ာ္ညီတဲ့ဥပေဒေတြ ျပ႒ာန္းထားတာ ရွိပါတယ္။ အမ်ားျပည္သူ သတိမထားမိေသးတာက ၁၀ ႏွစ္ေအာက္ ကေလးေတြ လိုက္ပါလာမယ္ဆိုရင္ ၁၀ ႏွစ္ေအာက္ ကေလးေတြအတြက္ အသက္ကယ္ထိုင္ခုံ၊ ခါးပတ္ပါမွ လိုက္ရမယ္ဆိုတာေတြ ပါလာတယ္။ ဒီစာအုပ္ကိုဖတ္ရင္ အမ်ားျပည္သူသိရွိသင့္တဲ့အခ်က္ေတြကို သိရွိနားလည္ႏိုင္ေအာင္ ပညာေပးျခင္းျဖစ္ပါတယ္”ဟု ဒုရဲမႉးက ဆက္လက္ေျပာဆိုသည္။


ေမာ္ေတာ္ယာဥ္အသုံးျပဳသူမ်ားသည္ ဥပေဒပါ သတ္မွတ္ခ်က္မ်ားကို ေဖာက္ဖ်က္ခဲ့လွ်င္ အနည္းဆုံး ဒဏ္ေငြ ၃၀,၀၀၀ က်ပ္ မွ ၃ သိန္းအထိလည္းေကာင္း၊ ေထာင္ဒဏ္ ၁ လမွ ၃ ႏွစ္ အထိလည္းေကာင္း သတ္မွတ္ပုဒ္မအလိုက္ ျပစ္ဒဏ္မ်ားခ်မွတ္ႏိုၿပီး ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ ႏွစ္ရပ္စလုံးလည္း ခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။သတ္မွတ္စည္းကမ္းမ်ားကို ယာဥ္အသုံးျပဳသူမ်ားအေနႏွင့္ လိုက္နာသင့္ၿပီး ဥပေဒပါအခ်က္မ်ားကို လိုက္နာျခင္းသည္ မိမိအသက္အႏၲရာယ္ကို ကာကြယ္ေစာင့္ ေရွာက္ျခင္းျဖစ္ေၾကာင္း မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ေနထိုင္သူ ဦးေမာင္ႀကီးက ေျပာၾကားသည္။


“ဆိုင္ကယ္စီးတဲ့သူေတြဆိုရင္ ဦးထုပ္မေဆာင္းတာ၊ တစ္ဖက္က ယာဥ္ရွင္းတာနဲ႔ မီးနီျဖတ္တာေတြ အေတာ္မ်ားတယ္။ ဥပေဒက ေနာက္မွတစ္ခုခုျဖစ္ရင္ ကိုယ္အရင္ခံရမွာေလ။ ဒါေၾကာင့္ ဥပေဒကိုလိုက္ နာေစခ်င္တယ္။ ဒါမ်ိဳးေတြကိုလည္း စိစစ္ၾကပ္မတ္ အေရးယူေစခ်င္တယ္” ဟု ၎က ေျပာဆိုသည္။မႏၲေလးတိုင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕သည္ တိုင္းအတြင္းရွိ ၿမိဳ႕နယ္အလိုက္ အသိပညာေပးလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားရန္ စီစဥ္ထားသည္။

ဒဗိြဳက္

Post a Comment

Previous Post Next Post