(Unicode)

မနေ့ ဇွန်လ ၁၂ ရက် ညနေ ၄ နာရီခွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့မှာ ကျပ်သိန်း ၁ သောင်းခွဲနီးပါး တန်ဖိုးရှိ မူးယစ်တေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

မဘိမ်းမြို့နယ် ခတ်ခုံကျေးရွာအုပ်စု သစ်ဖွဲ့ပင်ပြန့် ဆင်စခန်းတဲနေ အောင်ကျော်ကျော် (၂၂)နှစ်ရဲ့နေအိမ်တဲကို ၀င်ရောက်ရှာဖွေရာ တဲအတွင်းမှာ ၎င်းနဲ့အတူ ဆင်စခန်းနေ ထွန်းကြိုင် (၃၃)နှစ်တို့ကို တွေ့ရှိပြီး တဲအနောက်ဘက်ရှိ နွားတင်းကုတ်အတွင်းကနေ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ် ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၇၁၁,၀၀၀ ပြား(ကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၄,၂၂၀ သိန်း)ကို ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။



မဘိမ်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒီနေ့ ဇွန်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

(Zawgyi)



မဘိမ်းမြို့နယ် ခတ်ခုံကျေးရွာအုပ်စု သစ်ဖွဲ့ပင်ပြန့် ဆင်စခန်းတဲနေ အောင်ကျော်ကျော် (၂၂)နှစ်ရဲ့နေအိမ်တဲကို ၀င်ရောက်ရှာဖွေရာ တဲအတွင်းမှာ ၎င်းနဲ့အတူ ဆင်စခန်းနေ ထွန်းကြိုင် (၃၃)နှစ်တို့ကို တွေ့ရှိပြီး တဲအနောက်ဘက်ရှိ နွားတင်းကုတ်အတွင်းကနေ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ် ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၇၁၁,၀၀၀ ပြား(ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄,၂၂၀ သိန်း)ကို ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။


Credit Shwe Phee Myay News Agency

Post a Comment

Previous Post Next Post