(Unicode)


၉-၆-၂၀၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန် အမှတ်(၁၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းတာဝန်ဆောင်ရွက်စဉ် ၆၁ လမ်းxမနော်ဟရီလမ်း ထောင့်အရောက်တွင် ၆၁ယ/xxxxx Scopyi 110 အနီရောင်ဆိုင်ကယ်နှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ ရသည့် အမျိုးသား(၃)ဦးအား ခေါ်ယူစစ်ဆေးရာ နေလင်းထက်(၂၁)နှစ်၊ ထက်ဇော်ဦး (၂၂)နှစ်၊ အောင်သပြေကျေးရွာ၊ ဝက်လက်မြို့နေသူတို့နှင့် စည်သူအောင်(၁၉)နှစ်၊ ရွှေညောင်ကျေးရွာ၊ ဝက်လက်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးနေသူတို့ဖြစ်ကြောင်း၊




၎င်းတို့စီးနင်းအသုံးပြုလာသည့် ဆိုင်ကယ် နှင့်ပတ်သက်၍ မေးမြန်းစစ်ဆေးရာ လွန်ခဲ့သော(၅)ရက်ခန့်က ၆၂ လမ်းxမနော်ဟရီ လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်အနီး လမ်းဘေးတစ်နေရာမှ ခိုးယူလာသော ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပြီး ၎င်းတို့(၃)ဦးအား ဆက်လက်စစ်ဆေးရာ Oppo အမျိုးအစား ဖုန်း(၃)လုံး၊ မြန်မာငွေစက္ကူရောရာ (၅၈၅၀၀၀)ကျပ်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် အမှတ်(၁၁)နယ်မြေရဲစခန်း(ပ)၁၉၅/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Mandalay Police

(Zawgyi)




Mandalay Police

Post a Comment

Previous Post Next Post