(Unicode)

မင်္ဂ လာတောင်ညွှန့် ကတော့ ကြမ်းပြီ.. နှာေ ခါင်းစည်း မတပ်ရင် အချုပ်ထဲ မှာ (၂) နာရီတဲ့ …အစုလိုက်အပြုံလိုက်ရောက်သွားကြပြီနော်



နှာခေါင်း စည်း Mask မတပ်လို့ အချုပ်ထဲ မှာ လူတွေ စုပြုံနေလိုက် ရတဲ့ မင်္ဂ လာတောင်ညွှန့် က အဖြစ်

Mask မတပ်လို့ ဒါဏ်ငွေရိုက်တာ အပြစ်မပြော ပါဘူး …. လက်ခံပါ၏ …. သို့သော် ဒါဏ်ငွေဆောင်တဲ့ နေရာမှာ.. ပြည်သူကို အဆင်ပြေအောင် လုပ်ပေးစေချင်တ ယ်….

ဒီနေ့ မင်္ဂလာတောင်ညွှန့် တရားရုံး မှာတော့ တော်တော့ ကို အကျည်း တ န်ပါတယ်… မနက် ၁၁ နာရီလောက် မှာ ဟိုက်ဂျက်ကားနဲ့ ၂ ခေါက် ၊ ဒိုင်နာတောင်းအေစ့် ကားနဲ့ ၂ ခေါက် ခေါ်လာတာ ဆိုတော့ လူ သုံးလေး ဆယ်လောက်ဖြစ်သွားရော….

ဘယ်နေရာတွေက ခေါ်လာတာလဲ ဆိုတော့ ယုဇနပလာဇာတဝိုက် မင်္ဂလာဈေး ဘူတာကြီးနား သိမ်ဖြူလမ်း တဝိုက်တွေကေ ပါ့.. ပါလာတာတွေက သက်ကြီးရွယ်အိုတွေ ဝန်ထမ်းဝတ်စုံ နဲ့ ကလေးမတွေ လူလတ်ပိုင်းတွေ… အလွှာစုံ ပါပဲ.. Mask မတပ်တဲ့ အမှုနဲ့ပေါ့…. တချို့က မေးချိတ်ထားလို့ ပါလာတာလဲ ရှိတယ်….

အဲ တရားရုံးရောက်တော့ ဒါဏ်ငွေဆောင် ဖို့ သီးသန့်ပြင်ဆင်ထား တဲ့ နေရာ မရှိပါဘူး.. တရားသူကြီးတွေ ကလဲ သူတို့ အမူ့တွေ နဲ့ သူတို့ မအားသေးဘူးဆိုတော့ ဒီလူ သုံးလေးဆယ်ကို အချုပ်သားတွေထားတဲ့ တရားရုံး အချုပ်ခန်းထည့် လိုက်ပါလေရော…..

အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့ ရာဇဝတ်သား မဟုတ်ပဲနဲ့ အချုပ်ခန်းထဲ မှာ ၂ နာရီခန့် နေရ ပါတယ်….နောက်တခုက အချုပ်ခန်းထဲမှာ Mask တွေ ဝေငှ တပ်ဆင်ခိုင်းခြင်းမရှိပဲ စုပြုံထည့်ထားခြင်း က ကိုဗစ်ကို မင်းတို့အား ရပါးရ ကူးပေတော့လို့ ဖြန့်ဖြူးခိုင်းရာ ကျ ပါတယ်..

ရုံးထုတ်လာတဲ့ အချုပ်သားများ က တဆင့် ထောင်ထဲ အထိ ကူးစက်နိုင် ပါတယ်…. နောက်ဆုံး အဆိုးဆုံးက ရာဇဝတ်မူ မဟုတ်ပဲ Mask မတပ်လို့ ဒါဏ်ငွေဆောင်ရမည့်သူ၏ စိတ်ထဲမှာ ရှက်ရွံခြင်း သိမ်ငယ်ခြင်း စိတ်အားငယ်ခြင်း တွေစသည့် စိတ်ဒါဏ်ရာများ ရရှိနိုင် ပါတယ်… မယုံရင် အချုပ်ခန်းထဲ ဝင်နေကြည့်ပါ ထို့ကြောင့် ကျေးဇူးပြု၍ ဒိထက် အဆင်ပြေမယ့် နည်းလမ်းများ ရှာတွေ့နိုင် ပါစေ….

Maung Thant

(Zawgyi)












Maung Thant

Post a Comment

Previous Post Next Post