(Unicode)

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်သာသနာ့ဗိမ္မာန်ရှေ့ ရှုတိုင်းယဉ် ဗွီဒီယိုရုံရှေ့တွင် ယနေ့ ညနေ ၃ နာရီခွဲခန့်က ရဲအရာရှိ တစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့ရဲစခန်းတွင် ပူးတွဲ တာဝန်ကျနေသည့် အသက် ၅ဝ ကျော်အရွယ် ရဲအရာရှိ ဒုရဲအုပ်အောင်မင်းဇော် ဖြစ်သည်ဟု သိရသည်။

၎င်းအား မျက်နှာဖုံးစွပ်ထားသည့် လူနှစ်ဦးမှ ဆိုင်ကယ်ပေါ်မှ ဆင်း၍ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်မြို့ခံ ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနအားပြောသည်။

အမည်အဖော်လိုသူ ကျောက်တော်မြို့ခံတစ်ဦးက “အလောင်းက ဒီတိုင်းရှိသေးတယ်။ သူကနှစ်ပွင့်နဲ့ အရာရှိလို့ သိရတယ်။ ကျောက်တော်ရဲစခန်းမှာကျနေတာ။ အရပ်ဝတ်နဲ့ပါ။ မြင်တဲ့လူတွေပြောတာတော့ ဆိုင်ကယ်နဲ့ လာတဲ့ လူနှစ်ယောက်က ဆင်းပြီး ဓားနဲ့ ထိုးသွားတာ။ ဒဏ်ရာတွေကတော့ ခြောက်ချက်လောက်ရှိမယ်။ နေရာတင်ပွဲချင်းပြီးသေနေတာ။ ထိုးသွားတဲ့သူတွေက ဘယ်သူဆိုတာ တစ်ယောက်မှ မသိဘူး။ ကျောက်တော်မှာ အခုက လမ်းတွေမှာ လူသွား လူလာလည်း ပြတ်နေတာကို”ဟု ပြောသည်။

အဆိုပါကိစ္စနဲ့ ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဓားထိုးမှုဖြစ်သည်ကို ကြားသိရသော်လည်း အသေးစိတ်အား မသိရသေးကြောင်းပြောသည်။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်မြင့်အားဆက်သွယ်ရာ ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူက ပစ်ခတ်မှုဖြစ်သည်ကို ကြားသိရကြောင်း၊ အသေးစိတ်အချက်အလက်များ မသိရှိရသေးကြောင်းပြောသည်။

ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဖြိုးဇေယျာစိုးအား ဆက်သွယ်ရာ ၎င်းမှာ ခရီးလွန်နေသဖြင့် ဖြေဆိုနိုင်ခြင်း မရှိကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်များအား ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှသာဖြေဆိုခွင့် ရှိကြောင်း ပြောသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ နိရဉ္စရာမှ ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိသဖြင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်အား ထပ်မံ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဇော်မင်းထွန်းအား အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရှိသေးပါ။

ယင်းကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့မှ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

ကျောက်တော်မြို့တွင် ပြီးခဲ့သည့် ၂ဝ၁၉နှစ် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်ကလည်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင် (၅ဝ နှစ်ကျော်)အား ကျောက်တော်မြို့ ရေယာဉ် ဆိပ်ကမ်းတွင် အမည်မသိသူတချို့က ဓားထိုးမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အလားတူ စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့်ကလည်း ကျောက်တော်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ်ကြီး မောင်လှ (၅ဝ နှစ်)သည် သူ၏အိမ်အပြင်ဘက်တွင် ဓားထိုးခံရ၍ သေဆုံးသွားခဲ့သည်။

https://burmese.narinjara.com/…/de…/5ee4b2a800c3371e71bc8e97


(Zawgyi)


ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ့ေပၚသာသနာ့ဗိမၼာန္ေရွ႕ ရွုတိုင္းယဥ္ ဗြီဒီယို႐ုံေရွ႕တြင္ ယေန႔ ညေန ၃ နာရီခြဲခန႔္က ရဲအရာရွိ တစ္ဦး ဓားထိုးခံရၿပီး ေသဆုံးသြားေၾကာင္း သတင္းရရွိသည္။

ေသဆုံးသူမွာ အေပါက္ဝေက်းရြာမွ ေက်ာက္ေတာ္ၿမိဳ့ရဲစခန္းတြင္ ပူးတြဲ တာဝန္က်ေနသည့္ အသက္ ၅ဝ ေက်ာ္အရြယ္ ရဲအရာရွိ ဒုရဲအုပ္ေအာင္မင္းေဇာ္ ျဖစ္သည္ဟု သိရသည္။

၄င္းအား မ်က္ႏွာဖုံးစြပ္ထားသည့္ လူႏွစ္ဦးမွ ဆိုင္ကယ္ေပၚမွ ဆင္း၍ ဓားျဖင့္ ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာက္ေတာ္ၿမိဳ့ခံ ေဒသခံတစ္ဦးက နိရဥၥရာသတင္းဌာနအားေျပာသည္။

အမည္အေဖာ္လိုသူ ေက်ာက္ေတာ္ၿမိဳ့ခံတစ္ဦးက “အေလာင္းက ဒီတိုင္းရွိေသးတယ္။ သူကႏွစ္ပြင့္နဲ႔ အရာရွိလို့ သိရတယ္။ ေက်ာက္ေတာ္ရဲစခန္းမွာက်ေနတာ။ အရပ္ဝတ္နဲ႔ပါ။ ျမင္တဲ့လူေတြေျပာတာေတာ့ ဆိုင္ကယ္နဲ႔ လာတဲ့ လူႏွစ္ေယာက္က ဆင္းၿပီး ဓားနဲ႔ ထိုးသြားတာ။ ဒဏ္ရာေတြကေတာ့ ေျခာက္ခ်က္ေလာက္ရွိမယ္။ ေနရာတင္ပြဲခ်င္းၿပီးေသေနတာ။ ထိုးသြားတဲ့သူေတြက ဘယ္သူဆိုတာ တစ္ေယာက္မွ မသိဘူး။ ေက်ာက္ေတာ္မွာ အခုက လမ္းေတြမွာ လူသြား လူလာလည္း ျပတ္ေနတာကို”ဟု ေျပာသည္။

အဆိုပါကိစၥနဲ႔ ပတ္သက္၍ ေက်ာက္ေတာ္ၿမိဳ့နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္းက ဓားထိုးမွုျဖစ္သည္ကို ၾကားသိရေသာ္လည္း အေသးစိတ္အား မသိရေသးေၾကာင္းေျပာသည္။

ေက်ာက္ေတာ္ၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးမွူးဦးေက်ာ္ျမင့္အားဆက္သြယ္ရာ ၄င္း၏ ကို္ယ္ေရးအရာရွိျဖစ္သူက ပစ္ခတ္မွုျဖစ္သည္ကို ၾကားသိရေၾကာင္း၊ အေသးစိတ္အခ်က္အလက္မ်ား မသိရွိရေသးေၾကာင္းေျပာသည္။

ေက်ာက္ေတာ္ၿမိဳ့နယ္ရဲတပ္ဖြဲ႕ရဲမွူး ၿဖိဳးေဇယ်ာစိုးအား ဆက္သြယ္ရာ ၄င္းမွာ ခရီးလြန္ေနသျဖင့္ ေျဖဆိုနိုင္ျခင္း မရွိေၾကာင္း၊ ယခုကဲ့သို့ ျဖစ္စဥ္မ်ားအား ျပည္နယ္ ရဲတပ္ဖြဲ႕႐ုံးမွသာေျဖဆိုခြင့္ ရွိေၾကာင္း ေျပာသည္။

ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႕မွူး႐ုံးသို့ နိရဥၥရာမွ ဆက္သြယ္ေသာ္လည္း ဆက္သြယ္မွုမရရွိသျဖင့္ ရခိုင္ျပည္နယ္ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွူးႀကီးမင္းသန႔္အား ထပ္မံ ဆက္သြယ္ရာတြင္လည္း ဖုန္းလက္ခံ ေျဖဆိုျခင္း မရွိခဲ့ပါ။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွူးႀကီးေဇာ္မင္းထြန္းအား အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ေမးျမန္းရန္ ဆက္သြယ္ေသာ္လည္း ဆက္သြယ္မွုမရွိေသးပါ။

ယင္းေၾကာင့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ရဲတပ္ဖြဲ႕မွ အတည္ျပဳခ်က္ကို ရယူနိုင္ျခင္း မရွိေသးပါ။

ေက်ာက္ေတာ္ၿမိဳ့တြင္ ၿပီးခဲ့သည့္ ၂ဝ၁၉ႏွစ္ ၾသဂုတ္လ ၁၉ ရက္ေန႔ ညေန ၅ နာရီခြဲခန႔္ကလည္း ၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူး ရဲမွူး ေစာသန္းလြင္ (၅ဝ ႏွစ္ေက်ာ္)အား ေက်ာက္ေတာ္ၿမိဳ့ ေရယာဥ္ ဆိပ္ကမ္းတြင္ အမည္မသိသူတခ်ိဳ့က ဓားထိုးမွုျဖစ္စဥ္ျဖစ္ပြားခဲ့သည္။

အလားတူ စက္တင္ဘာ ၂၂ ရက္ေန႔ နံနက္ ၇ နာရီခန႔္ကလည္း ေက်ာက္ေတာ္ၿမိဳ့မရဲစခန္းတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္ၾကပ္ႀကီး ေမာင္လွ (၅ဝ ႏွစ္)သည္ သူ၏အိမ္အျပင္ဘက္တြင္ ဓားထိုးခံရ၍ ေသဆုံးသြားခဲ့သည္။

https://burmese.narinjara.com/…/de…/5ee4b2a800c3371e71bc8e97

Post a Comment

Previous Post Next Post