(Unicode)

သ ရုပ်ဆောင် နေဒွေး နဲ့ သံစဉ်မောင်တို့ နှစ်ဦးဟာ အချိန်အတော်ကြာ ချစ်သူတွေအဖြစ်တွဲလာကြရင်းကနေ လမ်းခွဲလိုက်ပြီးနောက်မှာတော့ အွန်လိုင်းပေါ်မှတဆင့် တစ်ယောက်နဲ့တစ်ယောက် ပြောဆိုတိုက်ခိုက်ကြရင်း ပြဿာနာတွေတက်ခဲ့ကြတာကို ပရိသတ်တွေသိပြီးဖြစ်မှာပါ။


အဲ့ဒီလို ပြဿာနတွေတက်ကြရင်းကနေ နောက်ပိုင်းမှာ အပြန်အလှန်တရားစွဲဆိုကြတဲ့အထိ ဖြစ်လာတဲ့အပေါ်မှာ နှစ်ဦးလုံးရဲ့ ဆရာဖြစ်တဲ့ Star and Model အေဂျင်စီမှ ဂျွန်လွင်ကနေ ကြားဝင်ညှိနှိုင်းပေးခဲ့ရပါတယ်။



ဂျွန်လွင်ရဲ့ ညှိနှိုင်းပေးမှုကြောင့် ပထမ အဆင့်အနေနဲ့ နှစ်ဦးကြားမှာ ပြေလည်မှုရရှိသွားခဲ့သလို အခုအခါမှာတော့ ဥပေဒကြောင်းအရ တရားစွဲဆိုထားတဲ့ အမှုတွေကို ပိတ်သိမ်းပြီးကျေအေးလိုက်ကြပြီလို့သိရပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး အမှုကျေအေးဖို့အတွက် တာာမွေမြို့နယ်တရားရုံးကိုရောက်လာခဲ့တဲ့ နေဒွေးက အခုလိုမျိုးပြောပြသွားပါတယ်။



” အဓိကကတော့ လူကြီးတွေပေါ့နော်။ ကိုဂျွန်ဆိုတာက ကျွန်တော့်ရဲ့ ဆရာလို့လည်းပြောလို့ရတယ်။ မိဘလို့လည်းပြောလို့ရတယ်။ သူကလည်း ကျွန်တော်တို့ကို အရှည်အရှည်တွေ ဆက်မဖြစ်စေချင်ဘူး။

ဆက်ပြီးဒီလိုတွေ မလုပ်ကြဖို့ သူကိုယ်တိုင်ကလည်း တောင်းဆိုထားတာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လူငယ်တွေကလည်း ဆရာ့စကားကိုနားထောင်ရမှာပဲ။ ဆယ်တန်းလောက်ကတည်းက ကျွန်တော်ကို ဆရာနဲ့ လက်တွဲလာတာဆိုတော့ ဆရာ့စကားကိုနားထောင်ရမှာပေါ့ ” လို့ဆိုပါတယ်။



ဒါ့အပြင် အွန်လိုင်းပေါ်မှာဖြစ်ခဲ့ကိစ္စတွေနဲ့ပက်သက်ပြီးတော့လည်း နေဒွေးက သံစဉ်မောင်ကို ပြန်လည်တောင်းပန်ခဲ့ပြီး အခုလိုတောင်းပန်တာကလည်း ဆရာဂျွန်လွင် စကားတစ်ခွန်းတည်းကြောင့် တောင်းပန်းဖြစ်ခဲ့တာလို့ နေဒွေးကဆက်လက်ပြောပြာတယ်။



သရုပ်ဆောင် နေဒွေးကို သူ့ရဲ့ ချစ်သူဟောင်းဖြစ်တဲ့ သံစဉ်မောင်ဘက်နေ နာကျင်စေမှု (၃၂၃)၊ ကာမလိမ်လည်မှု (၄၁၇)၊ ဆက်သွယ်ရေးပုဒ်မ(၆၆)ဃ တို့နဲ့ တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ယနေ့မှာ အမှုပိတ်သိမ်းကျေအေးပေးလိုက်တာဖြစ်ပါတယ်။

KS


(Zawgyi)


သ ႐ုပ္ေဆာင္ ေနေဒြး နဲ႔ သံစဥ္ေမာင္တို႔ ႏွစ္ဦးဟာ အခ်ိန္အေတာ္ၾကာ ခ်စ္သူေတြအျဖစ္တြဲလာၾကရင္းကေန လမ္းခြဲလိုက္ၿပီးေနာက္မွာေတာ့ အြန္လိုင္းေပၚမွတဆင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာဆိုတိုက္ခိုက္ၾကရင္း ျပႆာနာေတြတက္ခဲ့ၾကတာကို ပရိသတ္ေတြသိၿပီးျဖစ္မွာပါ။


အဲ့ဒီလို ျပႆာနေတြတက္ၾကရင္းကေန ေနာက္ပိုင္းမွာ အျပန္အလွန္တရားစြဲဆိုၾကတဲ့အထိ ျဖစ္လာတဲ့အေပၚမွာ ႏွစ္ဦးလုံးရဲ့ ဆရာျဖစ္တဲ့ Star and Model ေအဂ်င္စီမွ ဂၽြန္လြင္ကေန ၾကားဝင္ညႇိႏွိုင္းေပးခဲ့ရပါတယ္။



ဂၽြန္လြင္ရဲ့ ညႇိႏွိုင္းေပးမႈေၾကာင့္ ပထမ အဆင့္အေနနဲ႔ ႏွစ္ဦးၾကားမွာ ေျပလည္မႈရရွိသြားခဲ့သလို အခုအခါမွာေတာ့ ဥေပဒေၾကာင္းအရ တရားစြဲဆိုထားတဲ့ အမႈေတြကို ပိတ္သိမ္းၿပီးေက်ေအးလိုက္ၾကၿပီလို႔သိရပါတယ္။

ဒီကိစၥနဲ႔ပက္သက္ၿပီး အမႈေက်ေအးဖို႔အတြက္ တာာေမြၿမိဳ႕နယ္တရား႐ုံးကိုေရာက္လာခဲ့တဲ့ ေနေဒြးက အခုလိုမ်ိဳးေျပာျပသြားပါတယ္။



” အဓိကကေတာ့ လူႀကီးေတြေပါ့ေနာ္။ ကိုဂၽြန္ဆိုတာက ကၽြန္ေတာ့္ရဲ့ ဆရာလို႔လည္းေျပာလို႔ရတယ္။ မိဘလို႔လည္းေျပာလို႔ရတယ္။ သူကလည္း ကၽြန္ေတာ္တို႔ကို အရွည္အရွည္ေတြ ဆက္မျဖစ္ေစခ်င္ဘူး။

ဆက္ၿပီးဒီလိုေတြ မလုပ္ၾကဖို႔ သူကိုယ္တိုင္ကလည္း ေတာင္းဆိုထားတာ။ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔လူငယ္ေတြကလည္း ဆရာ့စကားကိုနားေထာင္ရမွာပဲ။ ဆယ္တန္းေလာက္ကတည္းက ကၽြန္ေတာ္ကို ဆရာနဲ႔ လက္တြဲလာတာဆိုေတာ့ ဆရာ့စကားကိုနားေထာင္ရမွာေပါ့ ” လို႔ဆိုပါတယ္။



ဒါ့အျပင္ အြန္လိုင္းေပၚမွာျဖစ္ခဲ့ကိစၥေတြနဲ႔ပက္သက္ၿပီးေတာ့လည္း ေနေဒြးက သံစဥ္ေမာင္ကို ျပန္လည္ေတာင္းပန္ခဲ့ၿပီး အခုလိုေတာင္းပန္တာကလည္း ဆရာဂၽြန္လြင္ စကားတစ္ခြန္းတည္းေၾကာင့္ ေတာင္းပန္းျဖစ္ခဲ့တာလို႔ ေနေဒြးကဆက္လက္ေျပာျပာတယ္။



သ႐ုပ္ေဆာင္ ေနေဒြးကို သူ႔ရဲ့ ခ်စ္သူေဟာင္းျဖစ္တဲ့ သံစဥ္ေမာင္ဘက္ေန နာက်င္​ေစမႈ (၃၂၃)၊ ကာမလိမ္​လည္​မႈ (၄၁၇)၊ ဆက္​သြယ္​ေရးပုဒ္​မ(၆၆)ဃ တို႔နဲ႔ တရားစြဲဆိုထားခဲ့တာျဖစ္ၿပီး ယေန႔မွာ အမႈပိတ္သိမ္းေက်ေအးေပးလိုက္တာျဖစ္ပါတယ္။

KS

Post a Comment

Previous Post Next Post