(Unicode)

စေတနာသန့်သန့်ရှင်းရှင်းဖြင့် လှူခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် ပြော

COVID-19 ကြောင့် အခက်အခဲကြုံနေရသည့် ရုပ်ရှင်လောကသားများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ကြောင်း အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောသည်။


‘‘မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့က နိုင်ငံရေးအသွေး အရောင် ဘာမှမရှိဘူး။ ကိုယ့် လောကသားတွေအတွက် လှူ ဒါန်းတာဆိုတော့ ဘယ်လိုအသင်း အဖွဲ့မဆို လက်ခံပါတယ်။ အခုလို လောကသားတွေ စားဝတ်နေရေး အဆင်မပြေခက်ခဲနေတဲ့အ ချိန်မှာ ဘယ်သူ့မဆို လက်ခံပါ တယ်’’ဟု ၎င်းက ပြောသည်။ လာရောက်လှူဒါန်းသည့် ဦးပိုက်ထွေးနှင့် ယခင်ကတည်းက ရင်းနှီးမှုရှိပြီး နိုင်ငံရေးနှင့်ပတ် သက်သည့်အရာများလည်း ပြောကြားခြင်းမရှိကြောင်း ၎င်းက ဆို သည်။


လက်ရှိကာလတွင် ရုပ်ရှင်အလွှာအသီးသီးမှ အဖွဲ့သားများ သည် ရုပ်ရှင်မရိုက်ရသောကြောင့် စားဝတ်နေရေး ခက်ခဲကျပ်တည်း နေကြသည်ကို မီဒီယာများတွင် တွေ့ရှိလာသောကြောင့် ပြည်ခိုင်ဖြိုးပါတီက အထောက်အပံ့တစ် ခုအနေဖြင့် ကူညီပေးခြင်းဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာ လှမြင့်က ပြောသည်။ ‘‘ကျွန်တော်တို့က ရုပ်ရှင်လောကသားတွေကို ကျွန်တော်တို့ကို မဲပေးပါလို့ပြောတာ မဟုတ် ဘူး။ စေတနာသန့်သန့်ရှင်းရှင်းနဲ့ သွားလှူတာပါ’’ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ဆဲဗင်းဒေး

(Zawgyi)


ေစတနာသန႔္သန႔္ရွင္းရွင္းျဖင့္ လႉျခင္းျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ ေျပာ

COVID-19 ေၾကာင့္ အခက္အခဲႀကဳံေနရသည့္ ႐ုပ္ရွင္ေလာကသားမ်ားအတြက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီက က်ပ္သိန္း ၃၀၀ လႉဒါန္းခဲ့ေၾကာင္း အစည္းအ႐ုံးဥကၠ႒ ဦးညီညီထြန္းလြင္က ေျပာသည္။


‘‘ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔က ႏိုင္ငံေရးအေသြး အေရာင္ ဘာမွမရွိဘူး။ ကိုယ့္ ေလာကသားေတြအတြက္ လႉ ဒါန္းတာဆိုေတာ့ ဘယ္လိုအသင္း အဖြဲ႕မဆို လက္ခံပါတယ္။ အခုလို ေလာကသားေတြ စားဝတ္ေနေရး အဆင္မေျပခက္ခဲေနတဲ့အ ခ်ိန္မွာ ဘယ္သူ႔မဆို လက္ခံပါ တယ္’’ဟု ၎က ေျပာသည္။ လာေရာက္လႉဒါန္းသည့္ ဦးပိုက္ေထြးႏွင့္ ယခင္ကတည္းက ရင္းႏွီးမႈရွိၿပီး ႏိုင္ငံေရးႏွင့္ပတ္ သက္သည့္အရာမ်ားလည္း ေျပာၾကားျခင္းမရွိေၾကာင္း ၎က ဆို သည္။


လက္ရွိကာလတြင္ ႐ုပ္ရွင္အလႊာအသီးသီးမွ အဖြဲ႕သားမ်ား သည္ ႐ုပ္ရွင္မ႐ိုက္ရေသာေၾကာင့္ စားဝတ္ေနေရး ခက္ခဲက်ပ္တည္း ေနၾကသည္ကို မီဒီယာမ်ားတြင္ ေတြ႕ရွိလာေသာေၾကာင့္ ျပည္ခိုင္ၿဖိဳးပါတီက အေထာက္အပံ့တစ္ ခုအေနျဖင့္ ကူညီေပးျခင္းျဖစ္ ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာ လွျမင့္က ေျပာသည္။ ‘‘ကြၽန္ေတာ္တို႔က ႐ုပ္ရွင္ေလာကသားေတြကို ကြၽန္ေတာ္တို႔ကို မဲေပးပါလို႔ေျပာတာ မဟုတ္ ဘူး။ ေစတနာသန႔္သန႔္ရွင္းရွင္းနဲ႔ သြားလႉတာပါ’’ဟု ေဒါက္တာ နႏၵာလွျမင့္က ေျပာသည္။

ဆဲဗင္းေဒး

Post a Comment

Previous Post Next Post