(Unicode)

မကွေးတိုင်းအတွင်း စာသင်ကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့ တဦးနဲ့တဦး ၆ ပေအကွာ သင်ကြားပေးနိုင်အောင် စီစဉ်ထားတယ်လို့ မကွေးတိုင်း ပညာရေးမှူးရုံးကနေ သိရပါတယ်။


မကွေးတိုင်းဒေသကြီးပညာရေးမှူး ဒေါ်ခင်သန်းဦးက “အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတွေကို စတင်လက်ခံပေးမှာ ဖြစ်ပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်အောင်လို့ တဦးနဲ့ တဦးကို ၆ ပေကွာ ခြားပြီးမှ သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ စာသင်ခန်း ပေ ၃၀-၂၄ ပေရှိတဲ့ စာသင်ခန်းတစ်ခုကို ကျောင်းသားဦးရေ ၂၀ သာ သင်ကြားပေးမှာမို့ စာသင်ချိန် ခွဲခြားသတ်မှတ်ရမှာပါ။ အဲဒီလို သတ်မှတ်တဲ့အခါမှာလည်း စာသင်ခန်းအကျယ်အဝန်းနဲ့ ကျောင်းသားအရေအတွက်အပေါ် မူတည်ပြီး Plan ၁၀ ချမှတ်ပြီး အကောင်ထည်ဖော်နေပါတယ်” လို့ DVB ကို ပြောပါတယ်။


မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့ စတင်ဖွင့်လှစ်မှာဖြစ်ပြီး Facility Quarantine စင်တာအဖြစ် အသုံးပြုထားတဲ့ စာသင်ကျောင်းတွေကို ဇွန် ၁၆ ရက်နေ့မှာ ပြန်လည်အပ်နှံရမှာပါ။ အဲဒီလို အပ်နှံတဲ့အခါမှာလည်း ပိုးသတ်ဆေးဖျန်း၊ သန့်ရှင်းရေးတွေ ပြုလုပ်ပြီးမှ အပ်နှံရမှာ ဖြစ်ပါတယ်။မကွေးတိုင်းမှာ အခြေခံပညာ ကျောင်းပေါင်း ၄၄၀၈ ကျောင်းရှိကာ အခြေအနေပေါ် မူတည်ပြီး အလယ်တန်း၊ မူလတန်းအဆင့် စာသင်ကျောင်းတွေကို ထပ်မံဖွင့်လှစ်ပေးသွားမယ်လို့ တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

ဒီဗွီဘီ

(Zawgyi)



မေကြးတိုင္းအတြင္း စာသင္ေက်ာင္းေတြမွာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ႏိုင္ဖို႔ တဦးနဲ႔တဦး ၆ ေပအကြာ သင္ၾကားေပးႏိုင္ေအာင္ စီစဥ္ထားတယ္လို႔ မေကြးတိုင္း ပညာေရးမႉး႐ုံးကေန သိရပါတယ္။


မေကြးတိုင္းေဒသႀကီးပညာေရးမႉး ေဒၚခင္သန္းဦးက “အထက္တန္းအဆင့္ ေက်ာင္းသားေက်ာင္းသူေတြကို စတင္လက္ခံေပးမွာ ျဖစ္ၿပီး COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ႏိုင္ေအာင္လို႔ တဦးနဲ႔ တဦးကို ၆ ေပကြာ ျခားၿပီးမွ သင္ၾကားေပးဖို႔ စီစဥ္ထားပါတယ္။ စာသင္ခန္း ေပ ၃၀-၂၄ ေပရွိတဲ့ စာသင္ခန္းတစ္ခုကို ေက်ာင္းသားဦးေရ ၂၀ သာ သင္ၾကားေပးမွာမို႔ စာသင္ခ်ိန္ ခြဲျခားသတ္မွတ္ရမွာပါ။ အဲဒီလို သတ္မွတ္တဲ့အခါမွာလည္း စာသင္ခန္းအက်ယ္အဝန္းနဲ႔ ေက်ာင္းသားအေရအတြက္အေပၚ မူတည္ၿပီး Plan ၁၀ ခ်မွတ္ၿပီး အေကာင္ထည္ေဖာ္ေနပါတယ္” လို႔ DVB ကို ေျပာပါတယ္။

မေကြးတိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ စာသင္ေက်ာင္းေတြကို ဇူလိုင္ ၂၁ ရက္ေန႔ စတင္ဖြင့္လွစ္မွာျဖစ္ၿပီး Facility Quarantine စင္တာအျဖစ္ အသုံးျပဳထားတဲ့ စာသင္ေက်ာင္းေတြကို ဇြန္ ၁၆ ရက္ေန႔မွာ ျပန္လည္အပ္ႏွံရမွာပါ။ အဲဒီလို အပ္ႏွံတဲ့အခါမွာလည္း ပိုးသတ္ေဆးဖ်န္း၊ သန္႔ရွင္းေရးေတြ ျပဳလုပ္ၿပီးမွ အပ္ႏွံရမွာ ျဖစ္ပါတယ္။မေကြးတိုင္းမွာ အေျခခံပညာ ေက်ာင္းေပါင္း ၄၄၀၈ ေက်ာင္းရွိကာ အေျခအေနေပၚ မူတည္ၿပီး အလယ္တန္း၊ မူလတန္းအဆင့္ စာသင္ေက်ာင္းေတြကို ထပ္မံဖြင့္လွစ္ေပးသြားမယ္လို႔ တိုင္းပညာေရးမႉး႐ုံးက သိရပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post