(Unicode)

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ အပူဒဏ်လျှော့ချဖို့အတွက် ပခုက္ကူမှာ သစ်ပင် (၃၀၀၀၀) ဝန်းကျင် စိုက်ပျိုးသွားဖို့ ပြင်ဆင်နေတယ်လို့ သရုပ်ဆောင် နေထူးနိုင်က ပြောပါတယ်။

                                     


သရုပ်ဆောင် နေထူးနိုင်ဟာ ပြီးခဲ့နှစ်ကလည်း ချောက်၊ ရေနံချောင်း၊ စလင်း၊ ရွှေစက်တော်ဘက်မှာ သစ်ပင်တွေ စိုက်ပျိုးခဲ့ပြီး အခုနှစ်မှာတော့ ပခုက္ကူမှာ စိုက်ပျိုးဖို့ ပြင်ဆင်နေတာလို့ သိရပါတယ်။



ကိုဗစ်-၁၉ ကာလဖြစ်တဲ့အတွက် အရင်နှစ်လောက် အလှူငွေ မရရှိတဲ အပြင် အပူရှိန်တွေမြင့်မားနေတဲ့ အတွက် စိုက်ပျိုးချိန်ကာလ ရက် (၂၀) ခန့်လောက် ပိုမိုကြန့်ကြာ နိုင်တယ်လို့လည်း ပြောပါတယ်။



“ ဒီနှစ်တော့ ပခုက္ကူနဲ့ တောင်တွင်းကြီး ရွေးထားတယ်။ ပခုက္ကူကတော့ ကူညီပံပိုးမှုအား ကောင်းတယ် ။ အဲဒီအတွက် ပခုက္ကူမှာ မြေလိုက်ကြည့်နေပြီ။ စိုက်မယ့်ရက်တော့ မြေရှင်းဖို့ လုပ်ရမှာနဲ့ ဆိုတော့ အချိန်နည်းနည်း ယူရမယ် ” လို့ သရုပ်ဆောင် နေထူးနိုင်က ပြောပါတယ်။



စိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ သစ်ပင်အမျိုးအစားတွေထဲမှာ မကျည်း၊ တမာ၊ ကုက္ကိုလ်နဲ့ မယ်ဇလီပင်တွေပါဝင်ပြီး သစ်ပင် စစိုက်တဲ့နေ့မှာ သရုပ်ဆောင် ဝေဌုကျော်၊ စစ်နိုင်၊ မိုးသက်နိုင် စတဲ့ အနုပညာရှင်တွေက ပူးပေါင်း ပါဝင် စိုက်ပျိုးပေးသွားဖို့ ရှိနေတယ်လို့ သရုပ်ဆောင်နေထူးနိုင်က ပြောဆိုထားပါတယ်။

Photo – NAY HTUE NAING (FB)

Source – One News Myanmar

(Zawgyi)

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးနဲ႔ အပူဒဏ္ေလွ်ာ့ခ်ဖို႔အတြက္ ပခုကၠဴမွာ သစ္ပင္ (၃၀၀၀၀) ဝန္းက်င္ စိုက္ပ်ိဳးသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သ႐ုပ္ေဆာင္ ေနထူးႏိုင္က ေျပာပါတယ္။



သ႐ုပ္ေဆာင္ ေနထူးႏိုင္ဟာ ၿပီးခဲ့ႏွစ္ကလည္း ေခ်ာက္၊ ေရနံေခ်ာင္း၊ စလင္း၊ ေ႐ႊစက္ေတာ္ဘက္မွာ သစ္ပင္ေတြ စိုက္ပ်ိဳးခဲ့ၿပီး အခုႏွစ္မွာေတာ့ ပခုကၠဴမွာ စိုက္ပ်ိဳးဖို႔ ျပင္ဆင္ေနတာလို႔ သိရပါတယ္။



ကိုဗစ္-၁၉ ကာလျဖစ္တဲ့အတြက္ အရင္ႏွစ္ေလာက္ အလႉေငြ မရရွိတဲ အျပင္ အပူရွိန္ေတြျမင့္မားေနတဲ့ အတြက္ စိုက္ပ်ိဳးခ်ိန္ကာလ ရက္ (၂၀) ခန႔္ေလာက္ ပိုမိုၾကန႔္ၾကာ ႏိုင္တယ္လို႔လည္း ေျပာပါတယ္။



“ ဒီႏွစ္ေတာ့ ပခုကၠဴနဲ႔ ေတာင္တြင္းႀကီး ေ႐ြးထားတယ္။ ပခုကၠဴကေတာ့ ကူညီပံပိုးမႈအား ေကာင္းတယ္ ။ အဲဒီအတြက္ ပခုကၠဴမွာ ေျမလိုက္ၾကည့္ေနၿပီ။ စိုက္မယ့္ရက္ေတာ့ ေျမရွင္းဖို႔ လုပ္ရမွာနဲ႔ ဆိုေတာ့ အခ်ိန္နည္းနည္း ယူရမယ္ ” လို႔ သ႐ုပ္ေဆာင္ ေနထူးႏိုင္က ေျပာပါတယ္။



စိုက္ပ်ိဳးဖို႔ ျပင္ဆင္ေနတဲ့ သစ္ပင္အမ်ိဳးအစားေတြထဲမွာ မက်ည္း၊ တမာ၊ ကုကၠိဳလ္နဲ႔ မယ္ဇလီပင္ေတြပါဝင္ၿပီး သစ္ပင္ စစိုက္တဲ့ေန႔မွာ သ႐ုပ္ေဆာင္ ေဝဌဳေက်ာ္၊ စစ္ႏိုင္၊ မိုးသက္ႏိုင္ စတဲ့ အႏုပညာရွင္ေတြက ပူးေပါင္း ပါဝင္ စိုက္ပ်ိဳးေပးသြားဖို႔ ရွိေနတယ္လို႔ သ႐ုပ္ေဆာင္ေနထူးႏိုင္က ေျပာဆိုထားပါတယ္။

Photo – NAY HTUE NAING (FB)

Source – One News Myanmar

Post a Comment

Previous Post Next Post