ကမ္ဘောဇဘဏ်လီမိတက် ၊ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း . KBZ Group နာယကကြီး သရေစည်သူ ဦးအောင်ကိုဝင်း + ဒေါ်နန်းသန်းထွေးတို့၏ မိခင်ကြီး၊ ဒေါ်နန်းလိုင်းခမ်း၊ ဒေါ်နန်းခမ်းနောင့် နှင့် ဒေါ်နန်းမိုဟွမ်းတို့၏ အဘွားဖြစ်သူ ဒေါ်သိန်းတင် အသက်(၈၈)နှစ် သည် ၇.၆. ၂၀၂၀(တနင်္ဂနွေနေ့)၊ ညနေ(၅:၄၀)နာရီ တွင် ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)တွင် ကွယ်လွန်သွားခဲ့ပါသည်။






ထို့ကြောင့် ကွယ်လွန်သူ ဒေါ်သိန်းတင်(မန္တလေး) အသက်(၈၈)နှစ်၏ ရုပ်ခန္ဓာ အား ယနေ့ နံနက် (၅:၃၀) အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကို ၊ စွမ်းထက် ၊ ရွှေပိုးအိမ် တို့နှင့်အတူ အသင်းသား၊ အသင်းသူများက အထူးနိဗ္ဗာန်ယာဉ်ဖြင့် သွားရောက်ကာ ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC) မှ ရေဝေးသုသာန်သို့ ပို့ဆောင်၍ ဖေးမကူညီခဲ့ကြသည်။








နံနက်(၈:၀၀)နာရီအချိန်တွင် ရေဝေးသုသာန်တွင်မီးသင်္ဂြိုလ်မှုအားဆောင်ရွက်ခဲ့ပါသည်။

Kyaw Thu

Post a Comment

Previous Post Next Post