(Unicode)

မနေ့ ဇွန်လ ၅ ရက် ညနေ ၆ နာရီမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ မိုးသည်းထန်တာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး အုတ်တံတိုင်း ပြိုတာနဲ့ သစ်ပင်ကျိုးကျတာတွေ ဖြစ်ပွားခဲ့ပါတယ်။ကျောက်မဲမြို့ရှိ နေအိမ်ခြံ၀င်းအချို့နဲ့ Star သောက်ရေသန့် ခြံ၀န်းကြားရှိ မြေထိန်းနံရံပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါတယ်။




သက်ဆိုင်ရာအဖွဲ့နဲ့ လမ်းမကြီးကို တာ၀န်ယူထားတဲ့ Oriental Highway Company တွေက ရေမြောင်းပြန်တူးဖော်ဖို့ စီစဉ်နေကြတယ်လို့ ကျောက်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီရဲ့ အတွင်းရေးမှူး ဦးစိုးနိုင်ဦးက ပြောပါတယ်။“ရေက ဘယ်လို၀င်လာသလဲဆိုတော့ ပြည်ထောင်စုလမ်းမကြီးဘက်ကနေ မြို့ထဲ၀င်လာတယ်။ ပြည်ထောင်စု လမ်းမကြီးဘက်က လမ်းတွေပြန်ချဲ့ထားတော့ အမြဲတမ်း ရေဆင်းနေတဲ့ ရေမြောင်းက ပိတ်ကုန်တာ။ မြို့က လမ်းမကြီးထက်အောက်နိမ့်နေတော့ ရေတွေက အလုံးလိုက်နဲ့ ၀င်လာတာဖြစ်တယ်” လို့ ပြောပါတယ်။မိုးကြီးရေလျှံမှုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုရှိပေမဲ့လည်း လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။




“ပစ္စည်းဆုံးရှုံးမှုကတော့ အုတ်တံတိုင်းပြိုတာတွေရှိတယ်။ ကျန်တာကတော့ မကြားမိဘူး။ ရှိကောင်းလည်း ရှိနိုင်ပါတယ်။ အိမ်ထဲ ရေ၀င်တာတွေကျတော့ ကိုယ့်ဟာနဲ့ကိုယ်ပဲ အိမ်ရှေ့အမြင့်တင်တာတွေ လုပ်ရမှာဖြစ်တယ်” ဆိုပြီး ဦးစိုးနိုင်ဦးက ဆက်ပြောပါတယ်။ကျောက်မဲမြို့နယ်မှာ နှစ်စဥ်မိုးတွင်းကာလရောက်ရင် မိုးကြီးရေလျှံမှု ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။



#ရေကြီးရေလျှံမှုဖြစ် #ကျောက်မဲ #ပျက်စီး

(Zawgyi)

မေန႔ ဇြန္လ ၅ ရက္ ညေန ၆ နာရီမွာ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕မွာ မိုးသည္းထန္တာေၾကာင့္ ေရႀကီးေရလွ်ံမႈ ျဖစ္ပြားခဲ့ၿပီး အုတ္တံတိုင္း ၿပိဳတာနဲ႔ သစ္ပင္က်ိဳးက်တာေတြ ျဖစ္ပြားခဲ့ပါတယ္။ေက်ာက္မဲၿမိဳ႕ရွိ ေနအိမ္ၿခံ၀င္းအခ်ိဳ႕နဲ႔ Star ေသာက္ေရသန္႔ ၿခံ၀န္းၾကားရွိ ေျမထိန္းနံရံၿပိဳက်မႈေတြ ျဖစ္ပြားခဲ့ပါတယ္။


သက္ဆိုင္ရာအဖြဲ႕နဲ႔ လမ္းမႀကီးကို တာ၀န္ယူထားတဲ့ Oriental Highway Company ေတြက ေရေျမာင္းျပန္တူးေဖာ္ဖို႔ စီစဥ္ေနၾကတယ္လို႔ ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီရဲ႕ အတြင္းေရးမႉး ဦးစိုးႏိုင္ဦးက ေျပာပါတယ္။“ေရက ဘယ္လို၀င္လာသလဲဆိုေတာ့ ျပည္ေထာင္စုလမ္းမႀကီးဘက္ကေန ၿမိဳ႕ထဲ၀င္လာတယ္။ ျပည္ေထာင္စု လမ္းမႀကီးဘက္က လမ္းေတြျပန္ခ်ဲ႕ထားေတာ့ အၿမဲတမ္း ေရဆင္းေနတဲ့ ေရေျမာင္းက ပိတ္ကုန္တာ။ ၿမိဳ႕က လမ္းမႀကီးထက္ေအာက္နိမ့္ေနေတာ့ ေရေတြက အလုံးလိုက္နဲ႔ ၀င္လာတာျဖစ္တယ္” လို႔ ေျပာပါတယ္။မိုးႀကီးေရလွ်ံမႈျဖစ္ၿပီး ပ်က္စီးဆုံးရႈံးမႈရွိေပမဲ့လည္း လူထိခိုက္ဒဏ္ရာရတာ မရွိဘူးလို႔ သိရပါတယ္။


“ပစၥည္းဆုံးရႈံးမႈကေတာ့ အုတ္တံတိုင္းၿပိဳတာေတြရွိတယ္။ က်န္တာကေတာ့ မၾကားမိဘူး။ ရွိေကာင္းလည္း ရွိႏိုင္ပါတယ္။ အိမ္ထဲ ေရ၀င္တာေတြက်ေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ပဲ အိမ္ေရွ႕အျမင့္တင္တာေတြ လုပ္ရမွာျဖစ္တယ္” ဆိုၿပီး ဦးစိုးႏိုင္ဦးက ဆက္ေျပာပါတယ္။ေက်ာက္မဲၿမိဳ႕နယ္မွာ ႏွစ္စဥ္မိုးတြင္းကာလေရာက္ရင္ မိုးႀကီးေရလွ်ံမႈ ျဖစ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။


#ေရႀကီးေရလွ်ံမႈျဖစ္ #ေက်ာက္မဲ #ပ်က္စီး

Post a Comment

Previous Post Next Post