(Unicode)

ယနေ့ ဇွန်လ ၉ ရက်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၅၃၇ ခု၊ ဆေး သုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၀၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး) (PHL – Mdy) မှ ဓာတ်ခွဲန မူနာ ၁၈၈ ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၃၉ ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ ၁၀၇၀)ခု အား စစ်ဆေးခဲ့ရာ ကိုဗစ်လူနာအမှတ်စဉ် (၂၄၅) နဲ့ (၂၄၆) လူနာအသစ် ၂ ဦး တွေ့ရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဇွန်လ ၉ ရက်၊ ညပိုင်းအထိ ကိုဗစ် ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၄၆ ဦး ရှိလာနေပြီး ပြန်လည် သက် သာလာသူ ၁၅၉ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ယနေ့ ဇွန်လ ၉ ရက် ည ၈ နာရီ အတည်ပြု ထုတ်ပြန်တဲ့ ဆီဆိုင်မြို့ နယ် မှ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြုလူနာအမှတ် (၂၄၅) မှာ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် ကျေးရွာ၌ အသွားအလာ ကန့်သတ် စောင့်ကြည့် နေသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။

၎င်းသည် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင် မရှိသကဲ့သို့ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်လည်း မရှိဘူးလို့ သိရပါတယ်။လူနာအမှတ် (၂၄၅) က ဆိုက်ခေါင် ကပါ။ စဝ်စံထွန်းဆေးရုံကို မနက်ဖြန်မ နက် ပို့ပါမယ်။ သူနဲ့ ထိ တွေ့ခဲ့တဲ့ Contact တွေကိုတော့ စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်။ လူနာက ရောဂါလက္ခဏာလည်း မရှိပါဘူး။ ကျန်းမာရေး ကောင်းနေ ပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောပါတယ်။


ကိုဗစ်လူနာအမှတ် (၂၄၅) သည် ကချင်ပြည်နယ်၊ မြစ်ဆုံဒေသ တွင် ပခုက္ကူမှ အခြားသူများနှင့် အတူ လမ်းလုပ်ငန်း သွားရောက် လုပ် ကိုင်ပြီးနောက် ပြန်လာသူဖြစ်ကာ ဆိုက်ခေါင်ကျေးရွာ သို့ မေလ ၂၁ ရက်တွင် ပြန်ရောက်ပြီး ၎င်းအပါအဝင် မိသားစုဝင် (၆) ဦးလုံး Q စင်တာ ၌ ဝင်ရောက်နေခြင်းဖြစ်ကာ ကျန် ၅ ဦး၏ အဖြေတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရပါတယ်။

crd : blacker


(Zawgyi)


ယေန႔ ဇြန္လ ၉ ရက္တြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲနမူနာ ၅၃၇ ခု၊ ေဆး သုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ ၂၀၆ ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာ ဌာန (မႏၲေလး) (PHL – Mdy) မွ ဓာတ္ခြဲန မူနာ ၁၈၈ ခုႏွင့္ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁၀၀၀) မွ ဓာတ္ခြဲနမူနာ ၁၃၉ ခု၊ စုစုေပါင္း ဓါတ္ခြဲနမူနာ ၁၀၇၀)ခု အား စစ္ေဆးခဲ့ရာ ကိုဗစ္လူနာအမွတ္စဥ္ (၂၄၅) နဲ႔ (၂၄၆) လူနာအသစ္ ၂ ဦး ေတြ႕ရွိျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတစ္ဝွမ္းတြင္ ယေန႔ ဇြန္လ ၉ ရက္၊ ညပိုင္းအထိ ကိုဗစ္ ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ ၂၄၆ ဦး ရွိလာေနၿပီး ျပန္လည္ သက္ သာလာသူ ၁၅၉ ဦး ရွိကာ ေသဆုံးသူ ၆ ဦး ရွိခဲ့တယ္လို႔ သိရပါတယ္။ယေန႔ ဇြန္လ ၉ ရက္ ည ၈ နာရီ အတည္ျပဳ ထုတ္ျပန္တဲ့ ဆီဆိုင္ၿမိဳ႕ နယ္ မွ ကိုဗစ္-၁၉ ဓါတ္ခြဲ အတည္ျပဳလူနာအမွတ္ (၂၄၅) မွာ ဆီဆိုင္ၿမိဳ႕နယ္၊ ဆိုက္ေခါင္ ေက်း႐ြာ၌ အသြားအလာ ကန႔္သတ္ ေစာင့္ၾကည့္ ေနသည့္ အသက္ ၃၀ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ပါတယ္။

၎သည္ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္ခဲ့သည့္ ခရီးသြားရာဇဝင္ မရွိသကဲ့သို႔ ကိုဗစ္-၁၉ ဓါတ္ခြဲအတည္ျပဳ လူနာမ်ားႏွင့္ ထိေတြ႕ခဲ့သည့္ ရာဇဝင္လည္း မရွိဘူးလို႔ သိရပါတယ္။လူနာအမွတ္ (၂၄၅) က ဆိုက္ေခါင္ ကပါ။ စဝ္စံထြန္းေဆး႐ုံကို မနက္ျဖန္မ နက္ ပို႔ပါမယ္။ သူနဲ႔ ထိ ေတြ႕ခဲ့တဲ့ Contact ေတြကိုေတာ့ စုံစမ္းေနတုန္းပဲ ရွိပါေသးတယ္။ လူနာက ေရာဂါလကၡဏာလည္း မရွိပါဘူး။ က်န္းမာေရး ေကာင္းေန ပါတယ္” ဟု ရွမ္းျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာႏွင္းအိျဖဴက ေျပာပါတယ္။

ကိုဗစ္လူနာအမွတ္ (၂၄၅) သည္ ကခ်င္ျပည္နယ္၊ ျမစ္ဆုံေဒသ တြင္ ပခုကၠဴမွ အျခားသူမ်ားႏွင့္ အတူ လမ္းလုပ္ငန္း သြားေရာက္ လုပ္ ကိုင္ၿပီးေနာက္ ျပန္လာသူျဖစ္ကာ ဆိုက္ေခါင္ေက်း႐ြာ သို႔ ေမလ ၂၁ ရက္တြင္ ျပန္ေရာက္ၿပီး ၎အပါအဝင္ မိသားစုဝင္ (၆) ဦးလုံး Q စင္တာ ၌ ဝင္ေရာက္ေနျခင္းျဖစ္ကာ က်န္ ၅ ဦး၏ အေျဖတြင္ ေရာဂါပိုး ေတြ႕ရွိျခင္း မရွိေၾကာင္း သိရပါတယ္။

crd : blacker

Post a Comment

Previous Post Next Post