(Unicode)

လတ်တေ လာ ကမ္ဘာနဲ့တစ်ဝှမ်းမှာဖြစ်ပွားနေတဲ့ Covid-19 ကတော့ ကမ္ဘာမှာလည်ပတ်နေတဲ့ ယန္တရားကြီးကို ရိုက်ချိုးခဲ့တယ်လို့ ဆိုရမှာပါ။ ရပ်နားလို့မရတဲ့အလုပ်တွေတောင် အကုန်ရပ်တန့်ပြီး လူတွေအကုန် Stay Home ခဲ့ကြရတဲ့အထိ ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ Stay Home ကာလကို ဇွန်လ(၁၅) ရက်နေ့အထိတိုးမြင့်ထားပေမယ့် အခု ဇွန်လ(၁) ရက်နေ့ကစပြီး လုပ်ငန်းတွေ


စတင်လည်ပတ်ကာ လမ်းတွေမှာ ကားတွေ လူတွေနဲ့ ပုံမှန်အတိုင်းပြန်လည် လည်ပတ်လျက်ရှိပါတယ်။ ဒါပေမယ့် လတ်တလော ဂယက်ရိုက်နေတဲ့ ကိစ္စတစ်ရပ်ကတော့ အခြေခံပညာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ မဖွင့်ဖို့ ကိစ္စပဲ ဖြစ်ပါတယ်။ ဇွန်လလယ်လောက်ကစပြီး ကျောင်းတွေပြန်ဖွင့်မယ်လို့ ကြေညာချက်ထုတ်ထားပေမယ့် ကလေးမိဘတော်တော်များများကတော့



ကလေးတွေကို ကျောင်းပြန်မလွှတ်ချင်ကြသေးတာ အမှန်ပါပဲ။ အနုပညာရှင်တစ်ယောက်ဖြစ်သူကိုပေါက်ကတော့ သူကိုယ်တိုင်လည်း ကလေးငယ်နှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မျှဝေခဲ့ပါတယ်။ “ရောဂါပိုးတွေထပ်တွေ့နေတဲ့ အချိန်မှာ အခုကျောင်းတွေပြန်ဖွင့်တော့မယ်တဲ့။ ကိုရီးယားမှာ ကျောင်းတွေဖွင့်ပေးလိုက်တယ်။ချက်ချင်းရောဂါပိုးတွေကူးကုန်လို့



ကျောင်းပေါင်း (၆၀) ကျော်ချက်ချင်းပြန်ပိတ်လိုက်ရတာတွေ သိကြမှာပါ။ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းတက်ကြရမယ့် ကျွန်တော့သားတွေရဲ့ ကျန်းမာရေးကိုဘယ်သူက တာဝန်ယူပေးကြမှာလဲ။ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ကလေးတွေကိုဘယ်သူတွေက ရောဂါပိုးမကူးစက်အောင်

တာဝန်ယူပေးကြမှာလဲ။ ကျွန်တော် ခင်ဗျားတို့ရဲ့ကလေးတွေ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်လို ဖြေဆည်ကြမှာလဲ။ ဒီနှစ်မှာ ကျန်းမာရေးက အခုလိုပဲ မတည်ငြိမ်သေးဘူးဆိုရင် ကလေးတွေကိုကျောင်းမထားတော့ပါဘူး။ သူတို့လေးတွေရဲ့ ကျန်းမာရေးက ကျွန်တော်တို့လင်မယား( ၂) ယောက်ရဲ့ အသက်ထက် အရေးကြီးပါတယ်။သူတို့လေးတွေ တစ်ခုခုဖြစ်လို့မရပါဘူး” ဆိုပြီး သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။ ပရိသတ်ကြီးရော ကျောင်းတွေပြန်ဖွင့်မယ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးခဲ့ပါဦး။


(Zawgyi)

လတ္တေ လာ ကမာၻနဲ႔တစ္ဝွမ္းမွာျဖစ္ပြားေနတဲ့ Covid-19 ကေတာ့ ကမာၻမွာလည္ပတ္ေနတဲ့ ယႏၲရားႀကီးကို ႐ိုက္ခ်ိဳးခဲ့တယ္လို႔ ဆိုရမွာပါ။ ရပ္နားလို႔မရတဲ့အလုပ္ေတြေတာင္ အကုန္ရပ္တန႔္ၿပီး လူေတြအကုန္ Stay Home ခဲ့ၾကရတဲ့အထိ ျဖစ္ခဲ့တာပါ။ ျမန္မာႏိုင္ငံမွာေတာ့ Stay Home ကာလကို ဇြန္လ(၁၅) ရက္ေန႔အထိတိုးျမင့္ထားေပမယ့္ အခု ဇြန္လ(၁) ရက္ေန႔ကစၿပီး လုပ္ငန္းေတြ



စတင္လည္ပတ္ကာ လမ္းေတြမွာ ကားေတြ လူေတြနဲ႔ ပုံမွန္အတိုင္းျပန္လည္ လည္ပတ္လ်က္ရွိပါတယ္။ ဒါေပမယ့္ လတ္တေလာ ဂယက္႐ိုက္ေနတဲ့ ကိစၥတစ္ရပ္ကေတာ့ အေျခခံပညာသင္ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ မဖြင့္ဖို႔ ကိစၥပဲ ျဖစ္ပါတယ္။ ဇြန္လလယ္ေလာက္ကစၿပီး ေက်ာင္းေတြျပန္ဖြင့္မယ္လို႔ ေၾကညာခ်က္ထုတ္ထားေပမယ့္ ကေလးမိဘေတာ္ေတာ္မ်ားမ်ားကေတာ့



ကေလးေတြကို ေက်ာင္းျပန္မလႊတ္ခ်င္ၾကေသးတာ အမွန္ပါပဲ။ အႏုပညာရွင္တစ္ေယာက္ျဖစ္သူကိုေပါက္ကေတာ့ သူကိုယ္တိုင္လည္း ကေလးငယ္ႏွစ္ေယာက္ရဲ႕ ဖခင္ျဖစ္တဲ့အတြက္ ဒီကိစၥနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕အျမင္ကို မွ်ေဝခဲ့ပါတယ္။ “ေရာဂါပိုးေတြထပ္ေတြ႕ေနတဲ့ အခ်ိန္မွာ အခုေက်ာင္းေတြျပန္ဖြင့္ေတာ့မယ္တဲ့။ ကိုရီးယားမွာ ေက်ာင္းေတြဖြင့္ေပးလိုက္တယ္။ခ်က္ခ်င္းေရာဂါပိုးေတြကူးကုန္လို႔



ေက်ာင္းေပါင္း (၆၀) ေက်ာ္ခ်က္ခ်င္းျပန္ပိတ္လိုက္ရတာေတြ သိၾကမွာပါ။ေက်ာင္းဖြင့္တဲ့အခ်ိန္မွာ ေက်ာင္းတက္ၾကရမယ့္ ကြၽန္ေတာ့သားေတြရဲ႕ က်န္းမာေရးကိုဘယ္သူက တာဝန္ယူေပးၾကမွာလဲ။ ကြၽန္ေတာ္တို႔ ခင္ဗ်ားတို႔ရဲ႕ ကေလးေတြကိုဘယ္သူေတြက ေရာဂါပိုးမကူးစက္ေအာင္

တာဝန္ယူေပးၾကမွာလဲ။ ကြၽန္ေတာ္ ခင္ဗ်ားတို႔ရဲ႕ကေလးေတြ တစ္ခုခုျဖစ္သြားခဲ့ရင္ ဘယ္လို ေျဖဆည္ၾကမွာလဲ။ ဒီႏွစ္မွာ က်န္းမာေရးက အခုလိုပဲ မတည္ၿငိမ္ေသးဘူးဆိုရင္ ကေလးေတြကိုေက်ာင္းမထားေတာ့ပါဘူး။ သူတို႔ေလးေတြရဲ႕ က်န္းမာေရးက ကြၽန္ေတာ္တို႔လင္မယား( ၂) ေယာက္ရဲ႕ အသက္ထက္ အေရးႀကီးပါတယ္။သူတို႔ေလးေတြ တစ္ခုခုျဖစ္လို႔မရပါဘူး” ဆိုၿပီး သူ႔ရဲ႕အျမင္ကို ေျပာၾကားခဲ့ပါတယ္။ ပရိသတ္ႀကီးေရာ ေက်ာင္းေတြျပန္ဖြင့္မယ္ကိစၥနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးေပးခဲ့ပါဦး။

Credit Original

Post a Comment

Previous Post Next Post