(Unicode)


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာက တောင်သူနဲ့ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ မြေယာပြဿနာဟာ လက်ရှိအချိန်ထိ မပြေလည်သေးကြောင်း သိရပါတယ်။

ကျောက်မဲမြို့အခြေစိုက် တပ်မတော် အမှတ်(၅၀၁) ခြေမြန်တပ်ရင်းက ကျောက်မဲကြီးရွာက တောင်သူတွေပိုင်ဆိုင်တဲ့ မြေယာတွေကို သိမ်းဆည်းခဲ့ပြီးနောက် တောင်သူအချို့ကို တရားစွဲဆိုခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်အဲနော်က ပြောပါတယ်။




“တောင်သူတွေ အမြဲတမ်း စိုက်ပျိုးနေတဲ့ မြေဆိုတာလည်း သူတို့သိတယ်။ နည်းအမျိုးမျိုးနဲ့ တောင်သူတွေကို တရားစွဲတယ်။ အခုကျွန်မတို့ တောင်သူစိုက်နေတဲ့မြေမှာက တပ်မြေ၊ ရွာမြေ ခွဲခြားထားပြီးသားပါ။ အဲဒါ တောင်သူတွေ ကိုယ့်မြေကိုယ်စိုက်စားတာကို သူတို့(တပ်မတော်)က နည်းအမျိုးမျိုး မတရားဝင်သိမ်းတာ” ဆိုပြီး ဒေါ်အဲနော်က ဒီနေ့ ဇွန်လ ၁၃ ရက်မှာ ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲကြီးကျေးရွာမှ ဒေသခံတောင်သူ ၁၂ ဦး ပိုင်ဆိုင်တဲ့ မြေဧက ၇ဝ ကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၅ ရက်မှာ ခြေမြန်တပ်ရင်း(ခမရ ၅ဝ၁)က ခြံစည်းရိုးတွေ လာရောက်ခတ်ခဲ့တဲ့အတွက် တောင်သူနဲ့ တပ်မတော်အကြား မြေယာအငြင်းပွားမှုတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။


ဆက်လက်ပြီး ဒေါ်အဲနော်က “သူတို့ သိမ်းပေမယ့်လည်း တောင်သူတွေက ကိုယ့်မြေဆိုတော့ တစ်နှစ်မှ မနားပဲ ဆက်စိုက်တယ်။ ဆက်စိုက်တော့ ၂၀၁၈ မှာ သူတို့(တပ်မတော်)က တရားစွဲဖို့လုပ်တယ်။ တောင်သူတွေ တစ်နှစ်ပြီး တစ်နှစ်စိုက်ပျိုးတော့ ငွေတွေလည်း ကုန်တယ်” လို့ ဆိုပါတယ်။

လက်ရှိ တောင်သူနဲ့ တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ မြေယာပြဿနာနဲ့ ပတ်သက်ပြီး သမ္မတဦးဆောင်တဲ့ ဗဟိုမြေစစ်ကော်မတီဆီမှာ စာတင်ပေးထားတာ ရှိတယ်လို့ ကျောက်မဲမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။

“အဲဒီမြေက ၁၉၉၆ ခုနှစ်ဝန်းကျင်လောက်က သက်သာချောင်ချိရေးဆိုပြီး တပ်ရင်းက သိမ်းတယ်။ သိမ်းထားတော့ ၂၀၁၄ မှာ စွန့်လွတ်တဲ့စာရင်းထဲ ပါသွားတယ်။ ဒီပြဿနာက ဘယ်လိုဖြစ်သလဲဆိုတော့ စစ်တပ်က သိမ်းထားတာကို စာရွက်ထဲမှာပဲ သိမ်းထားတယ်။ စာရွက်မှာပဲသိမ်းထားတော့ တောင်သူတွေ မသိဘူး။ တောင်သူတွေက ဒီအတိုင်းပဲ စိုက်ပျိုးနေတယ်” လို့ ဦးစိုင်းထွန်းဉာဏ်က ဆိုပါတယ်။

“ကျနော်ကိုယ်တိုင်လည်း သွားရောက်ကွင်းဆင်းစစ်ဆေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာက ဒီသဘောထား သုံးသပ်ချက်ကို ခရိုင် ခရိုင်ကနေပြည်နယ် ပြီးတော့ ဗဟိုမြေစစ်ကော်မတီကို တင်ထားတယ်။ တင်ထားပေမယ့် အခုချိန်မှာ ထူးခြားလာတာ မေတွေ့ဘူး။ မထူးခြားတာက သမ္မတ ဦးဆောင်တဲ့ ဗဟိုမြေစစ်ကော်မတီက ဆုံးဖြတ်ချက်ချမှပဲ ရမှာပါ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။


၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်မှာလည်း မြေယာသိမ်းဆည်းခံရတဲ့ တောင်သူတွေဟာ သတင်းစာရှင်းလင်းပွဲနဲ့ လယ်ထွန်မင်္ဂလာပွဲကို ကျောက်မဲကြီးကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

ခြေမြန်တပ်ရင်း(ခမရ ၅ဝ၁)ဟာ ၎င်းဒေသကို ၁၉၉၂ ခုနှစ်မှာ စတင်ဝင်ရောက်ကာ တပ်အခြေချခဲ့ပြီးနောက် ၂ဝ၁၇ ခုနှစ်မှာလည်း အဲဒီဒေသက တောင်သူ ၁၂ ဦးကို တပ်ပိုင်မြေကျူးကျော်တယ်ဆိုပြီး တရားစွဲဆိုခဲ့ရာ တောင်သူတစ်ဦးလျှင် ငွေဒဏ် ၃ သောင်းကျပ် ပေးဆောင်ခဲ့ရကြောင်း ဒေါ်အဲနော်က ပြောဆိုခဲ့ဖူးပါတယ်။

#မြေယာပြဿနာ #ကျောက်မဲ #တပ်မတော်
#ဓာတ်ပုံ- Kyaw Shan


(Zawgyi)


ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ေက်ာက္မဲႀကီးေက်း႐ြာက ေတာင္သူနဲ႔ တပ္မေတာ္တို႔အၾကား ျဖစ္ပြားေနတဲ့ ေျမယာျပႆနာဟာ လက္ရွိအခ်ိန္ထိ မေျပလည္ေသးေၾကာင္း သိရပါတယ္။

ေက်ာက္မဲၿမိဳ႕အေျခစိုက္ တပ္မေတာ္ အမွတ္(၅၀၁) ေျချမန္တပ္ရင္းက ေက်ာက္မဲႀကီး႐ြာက ေတာင္သူေတြပိုင္ဆိုင္တဲ့ ေျမယာေတြကို သိမ္းဆည္းခဲ့ၿပီးေနာက္ ေတာင္သူအခ်ိဳ႕ကို တရားစြဲဆိုခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ အမႈရင္ဆိုင္ေနရဆဲျဖစ္ေၾကာင္း ေတာင္သူတစ္ဦးျဖစ္တဲ့ ေဒၚအဲေနာ္က ေျပာပါတယ္။

“ေတာင္သူေတြ အၿမဲတမ္း စိုက္ပ်ိဳးေနတဲ့ ေျမဆိုတာလည္း သူတို႔သိတယ္။ နည္းအမ်ိဳးမ်ိဳးနဲ႔ ေတာင္သူေတြကို တရားစြဲတယ္။ အခုကြၽန္မတို႔ ေတာင္သူစိုက္ေနတဲ့ေျမမွာက တပ္ေျမ၊ ႐ြာေျမ ခြဲျခားထားၿပီးသားပါ။ အဲဒါ ေတာင္သူေတြ ကိုယ့္ေျမကိုယ္စိုက္စားတာကို သူတို႔(တပ္မေတာ္)က နည္းအမ်ိဳးမ်ိဳး မတရားဝင္သိမ္းတာ” ဆိုၿပီး ေဒၚအဲေနာ္က ဒီေန႔ ဇြန္လ ၁၃ ရက္မွာ ေ႐ႊဖီေျမကို ေျပာပါတယ္။

ေက်ာက္မဲႀကီးေက်း႐ြာမွ ေဒသခံေတာင္သူ ၁၂ ဦး ပိုင္ဆိုင္တဲ့ ေျမဧက ၇ဝ ကို ၂ဝ၁၈ ခုႏွစ္ ဇြန္လ ၅ ရက္မွာ ေျချမန္တပ္ရင္း(ခမရ ၅ဝ၁)က ၿခံစည္း႐ိုးေတြ လာေရာက္ခတ္ခဲ့တဲ့အတြက္ ေတာင္သူနဲ႔ တပ္မေတာ္အၾကား ေျမယာအျငင္းပြားမႈေတြ စတင္ျဖစ္ပြားခဲ့ပါတယ္။

ဆက္လက္ၿပီး ေဒၚအဲေနာ္က “သူတို႔ သိမ္းေပမယ့္လည္း ေတာင္သူေတြက ကိုယ့္ေျမဆိုေတာ့ တစ္ႏွစ္မွ မနားပဲ ဆက္စိုက္တယ္။ ဆက္စိုက္ေတာ့ ၂၀၁၈ မွာ သူတို႔(တပ္မေတာ္)က တရားစြဲဖို႔လုပ္တယ္။ ေတာင္သူေတြ တစ္ႏွစ္ၿပီး တစ္ႏွစ္စိုက္ပ်ိဳးေတာ့ ေငြေတြလည္း ကုန္တယ္” လို႔ ဆိုပါတယ္။

လက္ရွိ ေတာင္သူနဲ႔ တပ္မေတာ္တို႔အၾကား ျဖစ္ပြားေနတဲ့ ေျမယာျပႆနာနဲ႔ ပတ္သက္ၿပီး သမၼတဦးေဆာင္တဲ့ ဗဟိုေျမစစ္ေကာ္မတီဆီမွာ စာတင္ေပးထားတာ ရွိတယ္လို႔ ေက်ာက္မဲၿမိဳ႕နယ္ အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဉာဏ္က ေျပာပါတယ္။

“အဲဒီေျမက ၁၉၉၆ ခုႏွစ္ဝန္းက်င္ေလာက္က သက္သာေခ်ာင္ခ်ိေရးဆိုၿပီး တပ္ရင္းက သိမ္းတယ္။ သိမ္းထားေတာ့ ၂၀၁၄ မွာ စြန႔္လြတ္တဲ့စာရင္းထဲ ပါသြားတယ္။ ဒီျပႆနာက ဘယ္လိုျဖစ္သလဲဆိုေတာ့ စစ္တပ္က သိမ္းထားတာကို စာ႐ြက္ထဲမွာပဲ သိမ္းထားတယ္။ စာ႐ြက္မွာပဲသိမ္းထားေတာ့ ေတာင္သူေတြ မသိဘူး။ ေတာင္သူေတြက ဒီအတိုင္းပဲ စိုက္ပ်ိဳးေနတယ္” လို႔ ဦးစိုင္းထြန္းဉာဏ္က ဆိုပါတယ္။

“က်ေနာ္ကိုယ္တိုင္လည္း သြားေရာက္ကြင္းဆင္းစစ္ေဆးတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဆာင္႐ြက္ႏိုင္တဲ့ အတိုင္းအတာက ဒီသေဘာထား သုံးသပ္ခ်က္ကို ခ႐ိုင္ ခ႐ိုင္ကေနျပည္နယ္ ၿပီးေတာ့ ဗဟိုေျမစစ္ေကာ္မတီကို တင္ထားတယ္။ တင္ထားေပမယ့္ အခုခ်ိန္မွာ ထူးျခားလာတာ ေမေတြ႕ဘူး။ မထူးျခားတာက သမၼတ ဦးေဆာင္တဲ့ ဗဟိုေျမစစ္ေကာ္မတီက ဆုံးျဖတ္ခ်က္ခ်မွပဲ ရမွာပါ” ဆိုၿပီး ၎က ဆက္ေျပာပါတယ္။

၂ဝ၁၈ ခုႏွစ္ ဇူလိုင္လ ၅ ရက္မွာလည္း ေျမယာသိမ္းဆည္းခံရတဲ့ ေတာင္သူေတြဟာ သတင္းစာရွင္းလင္းပြဲနဲ႔ လယ္ထြန္မဂၤလာပြဲကို ေက်ာက္မဲႀကီးေက်း႐ြာမွာ က်င္းပခဲ့ပါတယ္။

ေျချမန္တပ္ရင္း(ခမရ ၅ဝ၁)ဟာ ၎ေဒသကို ၁၉၉၂ ခုႏွစ္မွာ စတင္ဝင္ေရာက္ကာ တပ္အေျခခ်ခဲ့ၿပီးေနာက္ ၂ဝ၁၇ ခုႏွစ္မွာလည္း အဲဒီေဒသက ေတာင္သူ ၁၂ ဦးကို တပ္ပိုင္ေျမက်ဴးေက်ာ္တယ္ဆိုၿပီး တရားစြဲဆိုခဲ့ရာ ေတာင္သူတစ္ဦးလွ်င္ ေငြဒဏ္ ၃ ေသာင္းက်ပ္ ေပးေဆာင္ခဲ့ရေၾကာင္း ေဒၚအဲေနာ္က ေျပာဆိုခဲ့ဖူးပါတယ္။

#ေျမယာျပႆနာ #ေက်ာက္မဲ #တပ္မေတာ္
#ဓာတ္ပုံ- Kyaw Shan

Post a Comment

Previous Post Next Post