(Unicode)

ရွှေပြည်သာ၊ ‌ဇွန်လ ၃/၂၀၂၀

အမဖြစ်သူနှင့် အတူနေထိုင်သည့် အမျိုးသမီးအား ခဲအိုမှ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့မှု ရွှေပြည်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန် မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် တရားလို မဝါ(အမည်လွှဲ) ၁၆နှစ်သည် ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အမဖြစ်သူတို့ လင်မယားနေအိမ်၌ အတူနေထိုင်ခဲ့ရာမှ ၂လခန့်အကြာ ရက်မမှတ်မိနေက အမဖြစ်သူ စက်ရုံဆင်းသွားနေစဉ် အမ၏အမျိုးသား ခဲအိုအိုတော်သူ မောင်‌မောင်မြင့်(ခ) ကတုံး မှ နေအိမ်အိပ်ခန်းအတွင်း သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ၎င်းကိစ္စအား မည်သူမျှမပြောရန်နှင် ပြောလျှင် ဓါးနှင့်ထိုးမည်ဖြစ်ပြီး အမကိုလည်း နှိပ့်စက်မည်ဖြစ်ကြောင်း ပြောသဖြင့် မည်သူမျှမပြောဘဲနေခဲ့ရာ မောင်မောင်မြင့်(ခ)ကတုံး မှာ အမအလုပ်သွားနေသည့်အခါတိုင်း သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ဆိုသည်။

ဆက်လက်၍ ခဲအိုတော်သူ မောင်မောင်မြင့်(ခ)ကတုံးမှ ၂၀၂၀ခု မေလ ၃၀ ရက်နေကလည်း ၎င်းအား အလိုမတူဘဲ သားမယားအဖြစ်ထပ်မံပြုကျင့်ခဲ့သဖြင့် မောင်မောင်မြင့်(ခ)ကတုံး အား ဥပဒေအရ အရေးယူပေးပါရန် မဝါ(အမည်လွဲ)ကိုယ်တိုင် ရွှေပြည်သာယာမြို့မရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခယ်မဖြစ်သူအား အလိုမတူဘဲ သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ခဲ့သူ မောင်မောင်မြင့်(ခ)ကတုံး ၂၆ နှစ်အား ရွှေပြည်သာမြို့မရဲစခန်းမှ( ပ )၂၂၀၄ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရသည်။

ကိုတင့်(ရွှေပြည်သာ)
Top Phoenix Media Group

(Zawgyi)

ေ႐ႊျပည္သာ၊ ‌ဇြန္လ ၃/၂၀၂၀

အမျဖစ္သူႏွင့္ အတူေနထိုင္သည့္ အမ်ိဳးသမီးအား ခဲအိုမွ သားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င့္ခဲ့မႈ ေ႐ႊျပည္သာယာၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ ေျမာက္ပိုင္းခ႐ိုင္၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ေနထိုင္သည့္ တရားလို မဝါ(အမည္လႊဲ) ၁၆ႏွစ္သည္ ၂၀၁၉ခုႏွစ္ ႏွစ္ကုန္ပိုင္းမွစ၍ အမျဖစ္သူတို႔ လင္မယားေနအိမ္၌ အတူေနထိုင္ခဲ့ရာမွ ၂လခန႔္အၾကာ ရက္မမွတ္မိေနက အမျဖစ္သူ စက္႐ုံဆင္းသြားေနစဥ္ အမ၏အမ်ိဳးသား ခဲအိုအိုေတာ္သူ ေမာင္‌ေမာင္ျမင့္(ခ) ကတုံး မွ ေနအိမ္အိပ္ခန္းအတြင္း သားမယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္ခဲ့ေၾကာင္း ၎ကိစၥအား မည္သူမွ်မေျပာရန္ႏွင္ ေျပာလွ်င္ ဓါးႏွင့္ထိုးမည္ျဖစ္ၿပီး အမကိုလည္း ႏွိပ့္စက္မည္ျဖစ္ေၾကာင္း ေျပာသျဖင့္ မည္သူမွ်မေျပာဘဲေနခဲ့ရာ ေမာင္ေမာင္ျမင့္(ခ)ကတုံး မွာ အမအလုပ္သြားေနသည့္အခါတိုင္း သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င့္ခဲ့ေၾကာင္း ဆိုသည္။

ဆက္လက္၍ ခဲအိုေတာ္သူ ေမာင္ေမာင္ျမင့္(ခ)ကတုံးမွ ၂၀၂၀ခု ေမလ ၃၀ ရက္ေနကလည္း ၎အား အလိုမတူဘဲ သားမယားအျဖစ္ထပ္မံျပဳက်င့္ခဲ့သျဖင့္ ေမာင္ေမာင္ျမင့္(ခ)ကတုံး အား ဥပေဒအရ အေရးယူေပးပါရန္ မဝါ(အမည္လြဲ)ကိုယ္တိုင္ ေ႐ႊျပည္သာယာၿမိဳ႕မရဲစခန္းသို႔ တရားလိုျပဳလုပ္တိုင္တန္းခဲ့ေၾကာင္း မႈခင္းမွတ္တမ္းမွ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ခယ္မျဖစ္သူအား အလိုမတူဘဲ သားမယားအျဖစ္အႀကိမ္ႀကိမ္ျပဳက်င့္ခဲ့သူ ေမာင္ေမာင္ျမင့္(ခ)ကတုံး ၂၆ ႏွစ္အား ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းမွ( ပ )၂၂၀၄ /၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း စုံစမ္းသိရသည္။

ကိုတင့္(ေ႐ႊျပည္သာ)
Top Phoenix Media Group



Post a Comment

Previous Post Next Post