(Unicode)

နန်းတော်ပေါက်မှာ တာဝန်ကျသူမဟုတ်ဘဲ ကျေးလက်ကျန်းမာရေးမှူးသာဖြစ်တယ်လို့သိရပါတယ်။မူဆယ်က လူနာနံပါတ်(၂၃၁)က ကျေးလက်ကျန်းမာရေးဌာနမှူးတစ်ဦးဖြစ်ပြီး သူနဲ့ထိတွေ့မှုရှိခဲ့သူက လတ်တလော ရှာဖွေတွေ့ရှိမှုအရ (၄၀)ဦးအထက်မှာရှိတယ်လို့ သိရပါတယ်။မေလ (၂၈)ရက်က မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်းလစာထုတ် အစည်းအဝေးတက်ရောက်လာစဉ် ဝန်ထမ်းတွေကို ရောဂါပိုးရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးခဲ့ရမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။



လူနာနံပါတ် (၂၃၁)က ပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့လည်းထိတွေ့မှုမရှိထားပါဘူး။ရောဂါပိုးတွေ့ရှိတဲ့အချိန်မှာလည်း COVID-19 ရာဂါလက္ခဏာတွေဖြစ်ပေါ်ခဲ့တာလည်းမရှိဘူးလို့ သိရပါတယ်။

“ အခုလူနာက သူ့မှာပိုးမတွေ့ခင်အထိ သူတာဝန်ကျတဲ့ မုံးပေါ်ကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်တွေကို ထမ်းဆောင်ထားသလို Quarantine ဝင်နေတဲ့သူတွေကိုလည်း လိုက်လံကြည့်ရှုပေးခဲ့တာတွေလုပ်ခဲ့တယ်။ သူနဲ့ထိတွေ့ထားသူကတော့ (၄၀)ကျော်လောက်တော့ရှိမယ်။ အားလုံးကိုလည်း Quarantine ထားရှိထားပါပြီ။ လက်ရှိလူနာရဲ့ကျန်းမာရေးကကောင်းတယ်။ ရောဂါလက္ခဏာမပြပဲ ကူးစက်ခံရတာဆိုတော့ သူနဲ့ထိတွေ့ခဲ့တဲ့သူတွေကို ဓာတ်ခွဲစစ်ဆေးပြီးမှပဲ သူကနေတစ်ဆင့်ကူးစက်မှုက ဘယ်လောက်ထိစိုးရိမ်ရလည်းဆိုတာသိရမှာ”ပါလို့ မူဆယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဟန်နိုင်စိုးက ပြောပါတယ်။


လူနာနံပါတ် (၂၃၁)က မူလကသတင်းတွေထွက်လာသလို နန်းတော်ဂိတ်ပေါက်မှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းမဟုတ်ဘဲ မုံးပေါ်ကျေးလက်ကျန်းမာရေးဌာနမှာသာ တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

ရောဂါပိုးမတွေ့ရှိခင် မေလ (၁၈)ရက်နေ့က တရုတ်နိုင်ငံကပြန်လာတဲ့ Home Quarantine ဝင်နေသူကို သွားရောက်ကြည့်ရှုပေးခြင်းနဲ့ ဇွန်လ (၂၀)ရက်နေ့က မုံးပေါ်ရှိ ရပ်ကွက် (၄)ခုမှာ သွေးလွန်တုပ်ကွေးဆေးလိုက်ခတ်ခြင်းလုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။မေလ ၂၁ရက်နေ့မှာ မွေးလူနာတစ်ဦးကို ကုသပေးခဲ့ပြီး (၂၆)ရက်နေ့မှာတော့ မုံးပေါ်ရှိ အဆုတ်သွေးအန်လူနာတစ်ဦးကိုပါ ကုသပေးခဲ့တယ်လို့သိရပါတယ်။ဇွန်လ (၂)ရက်နေ့ ည ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အဆိုပါကျန်းမာရေးမှူးက အတည်ပြုလူနာအဖြစ်သတ်မှတ်ခံခဲ့ရတာပါ။



လူနာနံပါတ်(၂၃၁)ရောဂါကူးစက်ခံရမှုက ဘယ်ကနေကူးစက်ခံရလဲဆိုတာ ရှာဖွေလို့မရသေးသလို ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရတာက ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေတော့ရှိနေတယ်လို့လည်း သတင်းရရှိပါတယ်။ ပြည်တွင်းကူးစက်မှု မတွေ့ရှိတော့တာ ၁၄ရက်ခန့်အကြာမှာ လူနာအမှတ်(၂၃၁) ကို ပြန်လည်တွေ့ရှိတာဖြစ်ပြီး ထိတွေ့မှုရှိခဲ့သူတွေကို CCTV မှတ်တမ်းကတဆင့်ဆက်လက်ရှာဖွေမှုတွေလုပ်နေပြီး ရောဂါကူးစက်ခံရသူတွေထပ်မံရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ဓူဝံ

(Zawgyi)

နန္းေတာ္ေပါက္မွာ တာဝန္က်သူမဟုတ္ဘဲ ေက်းလက္က်န္းမာေရးမႉးသာျဖစ္တယ္လို႔သိရပါတယ္။မူဆယ္က လူနာနံပါတ္(၂၃၁)က ေက်းလက္က်န္းမာေရးဌာနမႉးတစ္ဦးျဖစ္ၿပီး သူနဲ႔ထိေတြ႕မႈရွိခဲ့သူက လတ္တေလာ ရွာေဖြေတြ႕ရွိမႈအရ (၄၀)ဦးအထက္မွာရွိတယ္လို႔ သိရပါတယ္။ေမလ (၂၈)ရက္က မူဆယ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးမွာ က်န္းမာေရးဝန္ထမ္းလစာထုတ္ အစည္းအေဝးတက္ေရာက္လာစဥ္ ဝန္ထမ္းေတြကို ေရာဂါပိုးရွိ၊မရွိ ဓာတ္ခြဲစစ္ေဆးခဲ့ရမွာ ေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။


လူနာနံပါတ္ (၂၃၁)က ျပည္ပခရီးသြားရာဇဝင္မရွိသလို အတည္ျပဳလူနာေတြနဲ႔လည္းထိေတြ႕မႈမရွိထားပါဘူး။ေရာဂါပိုးေတြ႕ရွိတဲ့အခ်ိန္မွာလည္း COVID-19 ရာဂါလကၡဏာေတြျဖစ္ေပၚခဲ့တာလည္းမရွိဘူးလို႔ သိရပါတယ္။

“ အခုလူနာက သူ႔မွာပိုးမေတြ႕ခင္အထိ သူတာဝန္က်တဲ့ မုံးေပၚေက်းလက္က်န္းမာေရးဌာနမွာ တာဝန္ေတြကို ထမ္းေဆာင္ထားသလို Quarantine ဝင္ေနတဲ့သူေတြကိုလည္း လိုက္လံၾကည့္ရႈေပးခဲ့တာေတြလုပ္ခဲ့တယ္။ သူနဲ႔ထိေတြ႕ထားသူကေတာ့ (၄၀)ေက်ာ္ေလာက္ေတာ့ရွိမယ္။ အားလုံးကိုလည္း Quarantine ထားရွိထားပါၿပီ။ လက္ရွိလူနာရဲ႕က်န္းမာေရးကေကာင္းတယ္။ ေရာဂါလကၡဏာမျပပဲ ကူးစက္ခံရတာဆိုေတာ့ သူနဲ႔ထိေတြ႕ခဲ့တဲ့သူေတြကို ဓာတ္ခြဲစစ္ေဆးၿပီးမွပဲ သူကေနတစ္ဆင့္ကူးစက္မႈက ဘယ္ေလာက္ထိစိုးရိမ္ရလည္းဆိုတာသိရမွာ”ပါလို႔ မူဆယ္ျပည္သူ႔ေဆး႐ုံအုပ္ ေဒါက္တာဟန္ႏိုင္စိုးက ေျပာပါတယ္။


လူနာနံပါတ္ (၂၃၁)က မူလကသတင္းေတြထြက္လာသလို နန္းေတာ္ဂိတ္ေပါက္မွာ တာဝန္က်ေနတဲ့ က်န္းမာေရးဝန္ထမ္းမဟုတ္ဘဲ မုံးေပၚေက်းလက္က်န္းမာေရးဌာနမွာသာ တာဝန္ထမ္းေဆာင္ေနသူလည္းျဖစ္ပါတယ္။

ေရာဂါပိုးမေတြ႕ရွိခင္ ေမလ (၁၈)ရက္ေန႔က တ႐ုတ္ႏိုင္ငံကျပန္လာတဲ့ Home Quarantine ဝင္ေနသူကို သြားေရာက္ၾကည့္ရႈေပးျခင္းနဲ႔ ဇြန္လ (၂၀)ရက္ေန႔က မုံးေပၚရွိ ရပ္ကြက္ (၄)ခုမွာ ေသြးလြန္တုပ္ေကြးေဆးလိုက္ခတ္ျခင္းလုပ္ငန္းေတြေဆာင္႐ြက္ခဲ့ပါတယ္။ေမလ ၂၁ရက္ေန႔မွာ ေမြးလူနာတစ္ဦးကို ကုသေပးခဲ့ၿပီး (၂၆)ရက္ေန႔မွာေတာ့ မုံးေပၚရွိ အဆုတ္ေသြးအန္လူနာတစ္ဦးကိုပါ ကုသေပးခဲ့တယ္လို႔သိရပါတယ္။ဇြန္လ (၂)ရက္ေန႔ ည က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ အဆိုပါက်န္းမာေရးမႉးက အတည္ျပဳလူနာအျဖစ္သတ္မွတ္ခံခဲ့ရတာပါ။


လူနာနံပါတ္(၂၃၁)ေရာဂါကူးစက္ခံရမႈက ဘယ္ကေနကူးစက္ခံရလဲဆိုတာ ရွာေဖြလို႔မရေသးသလို ေရာဂါလကၡဏာမျပဘဲ ကူးစက္ခံရတာက ေဒသခံေတြၾကားမွာ စိုးရိမ္မႈေတြေတာ့ရွိေနတယ္လို႔လည္း သတင္းရရွိပါတယ္။ ျပည္တြင္းကူးစက္မႈ မေတြ႕ရွိေတာ့တာ ၁၄ရက္ခန႔္အၾကာမွာ လူနာအမွတ္(၂၃၁) ကို ျပန္လည္ေတြ႕ရွိတာျဖစ္ၿပီး ထိေတြ႕မႈရွိခဲ့သူေတြကို CCTV မွတ္တမ္းကတဆင့္ဆက္လက္ရွာေဖြမႈေတြလုပ္ေနၿပီး ေရာဂါကူးစက္ခံရသူေတြထပ္မံရွိလာႏိုင္တယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post