(Unicode)

ဂျော့ဂျ်ဖလွိုက် သေဆုံးမှုကိစ္စအတွက် ဆန့်ကျင်ဆန္ဒပြသူ ရာပေါင်းများစွာတို့ ပြီးခဲ့သည့် မေလ ၂၉ ရက်ညပိုင်းက အိမ်ဖြူတော်အပြင်ဘက်တွင် စုဝေးရောက်ရှိခဲ့ချိန် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့်များက သမ္မတ ဒေါ်နယ်ထရမ့်ကို အထူးသီးသန့် ကတုတ်ကျင်းတစ်ခုထဲသို့ ခေါ်ဆောင်ထားခဲ့ရကြောင်း သိရသည်။

ဆန္ဒပြသူအချို့က ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ရဲအတားအဆီးအကာအရံများကို ဆွဲချခြင်းတို့ လုပ်ဆောင်ခဲ့သည့်အတွက် သမ္မတ ထရမ့်သည် အိမ်ဖြူတော်ရှိ ကတုတ်ကျင်းထဲတွင် အချိန်တစ်နာရီနီးပါးမျှဝင်နေခဲ့ရသည်ဟု အိမ်ဖြူတော်နှင့် နီးစပ်မှု ရှိသည့် အမည်မဖော်လိုသူ ရီပတ်ဘလစ်ကန် ပါတီဝင်တစ်ဦးက ပြောသည်။




အဆိုပါ ကတုတ်ကျင်းကို အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့ အရေးပေါ် အခြေအနေများတွင် အသုံးပြုရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။

မေလ ၂၉ ရက် ဆန္ဒပြပွဲများသည် ရဲတပ်ဖွဲ့ဝင်များ၏ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရစဉ် သေဆုံးသွားခဲ့သည့် ဂျော့ဂျ်ဖလွိုက်၏ ဖြစ်စဉ်ကြောင့် အစပျိုးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။



ယခုအခါ ဆန္ဒပြပွဲများသည် နိုင်ငံတဝန်း ဖြစ်ပေါ်လျက်ရှိရာ အမေရိကန်နိုင်ငံရှိ အဓိက မြို့ကြီးများ၌လည်း ကာဖျူးအမိန့်များ ထုတ်ပြန်ထားခဲ့ရသည်။

(Zawgyi)


ေဂ်ာ့ဂ်္ဖလြိဳက္ ေသဆုံးမႈကိစၥအတြက္ ဆန႔္က်င္ဆႏၵျပသူ ရာေပါင္းမ်ားစြာတို႔ ၿပီးခဲ့သည့္ ေမလ ၂၉ ရက္ညပိုင္းက အိမ္ျဖဴေတာ္အျပင္ဘက္တြင္ စုေဝးေရာက္ရွိခဲ့ခ်ိန္ အေမရိကန္ လၽွို႔ဝွက္ေထာက္လွမ္းေရးေအးဂ်င့္မ်ားက သမၼတ ေဒၚနယ္ထရမ့္ကို အထူးသီးသန႔္ ကတုတ္က်င္းတစ္ခုထဲသို႔ ေခၚေဆာင္ထားခဲ့ရေၾကာင္း သိရသည္။

ဆႏၵျပသူအခ်ိဳ႕က ေက်ာက္ခဲမ်ားျဖင့္ ပစ္ေပါက္ျခင္း၊ ရဲအတားအဆီးအကာအရံမ်ားကို ဆြဲခ်ျခင္းတို႔ လုပ္ေဆာင္ခဲ့သည့္အတြက္ သမၼတ ထရမ့္သည္ အိမ္ျဖဴေတာ္ရွိ ကတုတ္က်င္းထဲတြင္ အခ်ိန္တစ္နာရီနီးပါးမၽွဝင္ေနခဲ့ရသည္ဟု အိမ္ျဖဴေတာ္ႏွင့္ နီးစပ္မႈ ရွိသည့္ အမည္မေဖာ္လိုသူ ရီပတ္ဘလစ္ကန္ ပါတီဝင္တစ္ဦးက ေျပာသည္။



အဆိုပါ ကတုတ္က်င္းကို အၾကမ္းဖက္တိုက္ခိုက္မႈကဲ့သို႔ အေရးေပၚ အေျခအေနမ်ားတြင္ အသုံးျပဳရန္ ရည္ရြယ္တည္ေဆာက္ထားျခင္း ျဖစ္သည္။

ေမလ ၂၉ ရက္ ဆႏၵျပပြဲမ်ားသည္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ ၾကမ္းၾကမ္းတမ္းတမ္း ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံရစဥ္ ေသဆုံးသြားခဲ့သည့္ ေဂ်ာ့ဂ်္ဖလိြဳက္၏ ျဖစ္စဥ္ေၾကာင့္ အစပ်ိဳးေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။



ယခုအခါ ဆႏၵျပပြဲမ်ားသည္ နိုင္ငံတဝန္း ျဖစ္ေပၚလ်က္ရွိရာ အေမရိကန္ႏိုင္ငံရိွ အဓိက ၿမိဳ႕ႀကီးမ်ား၌လည္း ကာဖ်ဴးအမိန႔္မ်ား ထုတ္ျပန္ထားခဲ့ရသည္။

Post a Comment

Previous Post Next Post