ဒီနေ့ တပည့်တွေကိုမုန့်ဖိုး တယောက် ၁၀ သိန်းပေးလိုက်ပါပြီ အားလုံးအတွက် စုစုပေါင်း သိန်း ၃၀၀ ဝန်းကျင်ပါ…

( ဗီဒီယိုကို အောက်ဆုံးမှာ တင်ထားပါတယ် )




ကိုယ်လည်းအဆင်ပြေလို့ ချမ်းသာလို့တော့မဟုက်ပါဘူး. ဒါပေမယ့် သူတို့အတွက်တော့ လိုအပ်တာတွေအတွက် ထောက်ပံ့မှု တခု ဖြစ်ကြပါစေ..

ဘာပဲပြောပြော ဒီလိုပေးရတဲ့ဘဝကို ကျေနပ်ပါတယ် ယူသောလက်မဖြစ်ချင် ပေးသောလက်ပဲ ဖြစ်ပါရစေပေါ့.




လွန်ခဲ့တဲ့ ၁၂ နှစ်က ကိုယ်ကတလမှ ၁၂၀၀၀၀ ပဲရခဲ့တဲ့ ဝန်ထမ်းတယောက် ကနေ ဒီလိုနေရာလေးတခုဖြစ်လာဖို့ တပည့်တွေက ကိုယ့်ရဲ့ရဲဖော်ရဲဘက်တွေပါပဲ..



ဝန်ထမ်းဘဝနေ လုပ်ငန်းရှင်ဖြစ်လာတဲ့အတွက် ဝန်ထမ်းဘဝရဲ့အခက်ကိုလဲသိတယ် လုပ်ငန်းရှင် တယောက်ရဲ့ အခက်အခဲတွေကိုလဲ သိပါတယ်. ဒီနှစ်ခုကြားဘဝထဲမှာ အဆင်ပြေပြေနေနိုင်ဖို့အတွက် အမြဲကြိုးစားနေတယ်



နောင်နှစ်တွေမှာလဲ အမြဲပေးနိုင်ဖို့အတွက် ကြိုးစားနေပါတယ်.. ဘယ်အရာမှတော့ ကြိုပြောလို့မရတဲ့အတွက် မဆုက်မနစ်သော ဇွဲ လုံ့လ ဝီရိယ ကြိုးစားကြပါစို့.. ..



အားလုံးပျော်ရွှင်ပါကြပါစေ တပည့်တို့… ဝန်ထမ်း ၃၀ ကျော်ရဲ့နောက်ကမှီခိုနေတဲ့ မိသားစု ၃၀ ကျော်လည်း ပျော်ရွှင်ကြပါစေ.. .

Ko Latt

Post a Comment

Previous Post Next Post