(Unicode)

မရမ်းကုန်းမြို့နယ်ရှိ မုဒိတာအိမ်ရာ (၁) မှာ လာရောက်နေထိုင်တဲ့ နိုင်ငံဂျီးရီးယားနိုင်ငံသားတွေဟာ အဲဒီအိမ်ရာမှာရှိတဲ့ အမျိုးသမီးငယ် တွေကို ကာယိန္ဒြေ ပျက်ပြားအောင် နှောင့်ယှက်တာ၊ ဆွဲလားရမ်းလားလုပ်တာ၊ ဖုန်းနံပါတ်၊ ဗိုက်ဘာနံပါတ်တောင်းတာတွေ လုပ်ဆောင် တဲ့အပေါ် ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်ပွားနေတာပါ။ဒီကိစ္စကို ၂၀၂၀ နှစ်ဦးပိုင်းကစပြီး အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကို အကြိမ်ကြိမ် တင်ပြ ထားပေမယ့် ထူးခြားမှုမရှိတာကြောင့် ပြည်ထောင်စုအဆင့်အထိ တိုင်ကြားသွားမှာဖြစ်ပြီး လဝကကိုလည်း စစ်ဆေးဖို့ တိုက်တွန်းမယ်လို့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောထားပါတယ်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မုဒိတာအိမ်ရာထဲမှာ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မုဒိတာအိမ်ရာ (၁) မှာ နေထိုင်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေက အမျိုးသမီးတွေအပေါ် နှောင့် ယှက်နေတဲ့ကိစ္စ တိုင်းအစိုးရတာဝန်ရှိသူတွေက အရေးမယူတာကြောင့် ပြည်ထောင်စုအဆင့်ထိ ဆက်လက်တိုင်ကြားသွားမယ်လို့ ရန်ကုန် တိုင်းလွှတ်တော် မရမ်းကုန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောဆိုခဲ့တဲ့အကြောင်း ဇွန်လ ၃ ရက်မှာ ဒီဗွီဘီက သတင်း ထုတ်လွှင့်ခဲ့ပါတယ်။



ဒီသတင်းတွေထွက်လာပြီးနောက် ဒီနေ့မနက်မှာတော့ မုဒိတာအိမ်ရာဝင်းအတွင်းကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လဝက အစရှိတဲ့ အာ ဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာပါ။မုဒိတာအိမ်ရာ အဲဒီလိုစစ်ဆေးရာမှာ အိမ်ရာဝင်းအတွင်းမှာရှိတဲ့ အမျိုးသမီးတစ်ဦးငှား ရမ်းနေ ထိုင်တဲ့ တိုက်ခန်းမှာ နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတာဖြစ်ပြီး သူတို့နှစ်ယောက်ကို မရမ်းကုန်းရဲ စခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အမှုဖွင့်အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်လက်ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ် ဆေးဝါးပမာဏနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စစ်ဆေးနေဆဲဖြစ်တဲ့အတွက် မသိ ရသေးပါဘူး။

REF: THE LIFESTYLE MYANMAR

(Zawgyi)

မရမ္းကုန္းၿမိဳ႕နယ္ရွိ မုဒိတာအိမ္ရာ (၁) မွာ လာေရာက္ေနထိုင္တဲ့ ႏိုင္ငံဂ်ီးရီးယားႏိုင္ငံသားေတြဟာ အဲဒီအိမ္ရာမွာရွိတဲ့ အမ်ိဳးသမီးငယ္ ေတြကို ကာယိေျႏၵ ပ်က္ျပားေအာင္ ေႏွာင့္ယွက္တာ၊ ဆြဲလားရမ္းလားလုပ္တာ၊ ဖုန္းနံပါတ္၊ ဗိုက္ဘာနံပါတ္ေတာင္းတာေတြ လုပ္ေဆာင္ တဲ့အေပၚ ေဒသခံေတြနဲ႔ ပဋိပကၡ ျဖစ္ပြားေနတာပါ။ဒီကိစၥကို ၂၀၂၀ ႏွစ္ဦးပိုင္းကစၿပီး အစိုးရအဖြဲ႕နဲ႔ တာဝန္ရွိသူေတြကို အႀကိမ္ႀကိမ္ တင္ျပ ထားေပမယ့္ ထူးျခားမႈမရွိတာေၾကာင့္ ျပည္ေထာင္စုအဆင့္အထိ တိုင္ၾကားသြားမွာျဖစ္ၿပီး လဝကကိုလည္း စစ္ေဆးဖို႔ တိုက္တြန္းမယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ရွင္းက ေျပာထားပါတယ္။

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ မုဒိတာအိမ္ရာထဲမွာ ႏိုင္ဂ်ီးရီးယားႏိုင္ငံသားတစ္ဦးကို မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းဆီးရမိတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ မုဒိတာအိမ္ရာ (၁) မွာ ေနထိုင္တဲ့ ႏိုင္ဂ်ီးရီးယားႏိုင္ငံသားေတြက အမ်ိဳးသမီးေတြအေပၚ ေႏွာင့္ ယွက္ေနတဲ့ကိစၥ တိုင္းအစိုးရတာဝန္ရွိသူေတြက အေရးမယူတာေၾကာင့္ ျပည္ေထာင္စုအဆင့္ထိ ဆက္လက္တိုင္ၾကားသြားမယ္လို႔ ရန္ကုန္ တိုင္းလႊတ္ေတာ္ မရမ္းကုန္းၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ရွင္းက ေျပာဆိုခဲ့တဲ့အေၾကာင္း ဇြန္လ ၃ ရက္မွာ ဒီဗြီဘီက သတင္း ထုတ္လႊင့္ခဲ့ပါတယ္။

ဒီသတင္းေတြထြက္လာၿပီးေနာက္ ဒီေန႔မနက္မွာေတာ့ မုဒိတာအိမ္ရာဝင္းအတြင္းကို အုပ္ခ်ဳပ္ေရးအဖြဲ႕၊ ရဲတပ္ဖြဲ႕၊ လဝက အစရွိတဲ့ အာ ဏာပိုင္ေတြက ဝင္ေရာက္စစ္ေဆးခဲ့တာပါ။မုဒိတာအိမ္ရာ အဲဒီလိုစစ္ေဆးရာမွာ အိမ္ရာဝင္းအတြင္းမွာရွိတဲ့ အမ်ိဳးသမီးတစ္ဦးငွား ရမ္းေန ထိုင္တဲ့ တိုက္ခန္းမွာ ႏိုင္ဂ်ီးရီးယားႏိုင္ငံသားတစ္ဦးကို မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းဆီးရမိတာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ကို မရမ္းကုန္းရဲ စခန္းမွာ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းခ်စ္က ေျပာပါတယ္။

ဒါနဲ႔ပတ္သက္လို႔ အမႈဖြင့္အေရးယူႏိုင္ဖို႔ ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔လည္း သူက ဆက္လက္ေျပာပါတယ္။ ဖမ္းဆီးရမိတဲ့ မူးယစ္ ေဆးဝါးပမာဏနဲ႔ ဖမ္းဆီးခံရတဲ့ ႏိုင္ဂ်ီးရီးယားႏိုင္ငံသားရဲ႕ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ စစ္ေဆးေနဆဲျဖစ္တဲ့အတြက္ မသိ ရေသးပါဘူး။


REF: THE LIFESTYLE MYANMAR

Post a Comment

Previous Post Next Post