(Unicode)

ကိုဗစ်-၁၉ ကို အကြောင်းပြုပြီး တရုတ်နိုင်ငံဘက်က စည်းကမ်းကန့်သတ်ချက်တွေ များနေတာကြောင့် မြန်မာနိုင်ငံရဲ့ပို့ကုန်ဟာ သိသိသာသာကျဆင်းသွားတယ်လို့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးက ပြောပါတယ်။


မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ စတင်တွေ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ကို တင်ပို့တဲ့ကုန်တင်ယာဉ်တွေကို စည်းကမ်းအမျိုးမျိုးတင်းကြပ် လိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ ပို့ကုန်ဟာ သိသိသာသာကျဆင်းသွားတယ်လို့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်းကြီး ဦးစိုးညွန့်လွင်ကပြောပါတယ်။


နေ့စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၅ သန်းလောက် ကုန်သွယ်မှုလုပ်နေတဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာတော့ ကိုဗစ်-၁၉ ကာလအတွင်း သုံးပုံတစ်ပုံလောက် ကုန်သွယ်ရေး ကျဆင်းသွားတယ်လို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို မွေးမြူရေးနဲ့ စိုက်ပျိုး ထွက်ကုန်တွေ အဓိကတင်ပိုပါတယ်။ လက်ရှိ တရုတ်နိုင်ငံဘက်က စည်းကမ်းတင်းကြပ်မှုတွေကြောင့် အချိန်ကြန့်ကြာမှုတွေဖြစ်ပြီး သစ်သီးဝလံတွေ ပုပ်ကုန်တာတွေရှိပါတယ်။


ဒါ့ကြောင့် မြန်မာကုန်သည်တွေနဲ့ တောင်သူတွေဟာ ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ထိခိုက်နစ်နာမှုတွေ ရှိနေတာပါ။ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် ရှမ်းပြည်အစိုးရက တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးထားတယ်လို့ ရှမ်းပြည်နယ် စီမံ/ စီးပွားရေးဝန်ကြီးက ဆိုပါတယ်။

ဒီဗွီဘီ


(Zawgyi)

ကိုဗစ္-၁၉ ကို အေၾကာင္းျပဳၿပီး တ႐ုတ္ႏိုင္ငံဘက္က စည္းကမ္းကန္႔သတ္ခ်က္ေတြ မ်ားေနတာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ပို႔ကုန္ဟာ သိသိသာသာက်ဆင္းသြားတယ္လို႔ ရွမ္းျပည္နယ္ စီမံကိန္းနဲ႔ စီးပြားေရးဝန္ႀကီးက ေျပာပါတယ္။


ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ လူနာ စတင္ေတြ႕ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံကေန တ႐ုတ္ႏိုင္ငံဘက္ကို တင္ပို႔တဲ့ကုန္တင္ယာဥ္ေတြကို စည္းကမ္းအမ်ိဳးမ်ိဳးတင္းၾကပ္ လိုက္တာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ ပို႔ကုန္ဟာ သိသိသာသာက်ဆင္းသြားတယ္လို႔ ရွမ္းျပည္နယ္ စီမံကိန္းနဲ႔ ဘ႑ေရးဝန္းႀကီး ဦးစိုးၫြန႔္လြင္ကေျပာပါတယ္။


ေန႔စဥ္ပ်မ္းမွ် အေမရိကန္ေဒၚလာ ၁၅ သန္းေလာက္ ကုန္သြယ္မႈလုပ္ေနတဲ့ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္မွာေတာ့ ကိုဗစ္-၁၉ ကာလအတြင္း သုံးပုံတစ္ပုံေလာက္ ကုန္သြယ္ေရး က်ဆင္းသြားတယ္လို႔ ၁၀၅ မိုင္ကုန္သြယ္ေရးဇုန္ ၫႊန္ၾကားေရးမႉး ဦးတင္ရဲဝင္းက ေျပာပါတယ္။ျမန္မာႏိုင္ငံကေန တ႐ုတ္ႏိုင္ငံကို ေမြးျမဴေရးနဲ႔ စိုက္ပ်ိဳး ထြက္ကုန္ေတြ အဓိကတင္ပိုပါတယ္။ လက္ရွိ တ႐ုတ္ႏိုင္ငံဘက္က စည္းကမ္းတင္းၾကပ္မႈေတြေၾကာင့္ အခ်ိန္ၾကန႔္ၾကာမႈေတြျဖစ္ၿပီး သစ္သီးဝလံေတြ ပုပ္ကုန္တာေတြရွိပါတယ္။


ဒါ့ေၾကာင့္ ျမန္မာကုန္သည္ေတြနဲ႔ ေတာင္သူေတြဟာ ၂၀၂၀ ႏွစ္ဆန္းပိုင္းကတည္းက ထိခိုက္နစ္နာမႈေတြ ရွိေနတာပါ။ဒီကိစၥေတြကို ေျဖရွင္းဖို႔အတြက္ ရွမ္းျပည္အစိုးရက တ႐ုတ္ဘက္က တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးထားတယ္လို႔ ရွမ္းျပည္နယ္ စီမံ/ စီးပြားေရးဝန္ႀကီးက ဆိုပါတယ္။

ဒီဗီြဘီ



Post a Comment

Previous Post Next Post