(Unicode)

ဒေါက်တာအောင်မိုးညိုက လိုတာပဲပြောတတ်တယ် … မလိုရင် အိမ်ထဲက စင်္ကြန်လမ်း မှာ မျက်နှာချင်းဆိုင် ဆုံတာတောင် မော့မကြည့် ဘူး။ ကမ္ဘာကျော် Brand တွေ နာမည် တံဆိပ်ရော ဈေးရော မသိဘူး။ တခါက ရန်ကုန် မှာ ဈေးဝင်ဝယ်ရင်း Arrow အင်္ကျီတထည် သူ ကြိုက်ပြီး ကောင်တာ ကို ယူသွားတာ ငွေကိုင်ကလေးမက ကိုးသောင်းပါ ဆိုမှ ဟ… အဲ့လောက် ဈေးကြီး တာလားဟ ။

ငါ့မှာ သုံးသောင်းပဲ ပါတယ် ဆိုပြီး ပြန်ထား ခဲ့ရတာ။ တကယ့် အညာသား စစ်စစ် လူရိုးကြီးကို ဝန်ကြီးချုပ် ရထားတာ မကွေးတိုင်းသား တွေရဲ့ ကုသိုလ်ပါ။ အားနည်းချက်ဆိုလို့ မန်ယူဖန် ဖြစ်နေတာ တချက်ပဲ ပြောစရာရှိတာပါ။ထန်းပက်လက် ကုလားထိုင် မှာ ချိတ်ထား တဲ့ ဝန်ကြီးချုပ် ရဲ့ လက်နက်ကတော့ တိုက်ချင်းပစ် ဒုံးကျည် လိုပဲ… ပါဝါပြင်းတယ်… ။

ဘယ်လိုပဲ ဖြစ်ဖြစ် “”တကယ့် အညာသား စစ်စစ် လူရိုးကြီးကို ဝန်ကြီးချုပ် ရထားတာ မကွေးတိုင်းသားတွေ ရဲ့ ကုသိုလ်ပါ။…”” တဲ့ ဒေါ် အောင်ဆန်းစုကြည် ပြောတဲ့ ဒေါက်တာအောင်မိုးညို အပြင် မှာ ကြည့်ကောင်းတယ် ဆိုတာ တကယ်ပါ။ တဖက်သား အပေါ် မလိုမုန်းထား ကောက်ကျစ် ယုတ်မာတဲ့ စိတ်ထား မရှိတဲ့အတွက် သူ့မျက်နှာက ကြည်နေတယ်။



အရမ်းရိုးပြီး လူတိုင်းကို ဆရာ ဆရာနဲ့ခေါ် ရာထူးနဲ့ မလိုက်အောင် နှိမ့်ချလွန်း လို့ သူ့ကို အံ့ဩရတယ်။ အနေအထိုင် ရိုးရှင်း တယ်။ တာဝန် ထမ်းရင်း နေရတဲ့ အိမ်မှာ သူတောင်းဆိုလို့ စိတ်တိုင်းကျ စီစဉ်ပေးရတာ ထန်းကုလားထိုင်လေး တခုံပါပဲ။ ကျန်တာ အရင်လူတွေ ထားခဲ့သ မျှ။ ဒီထန်းကုလားထိုင်လေးပေါ်က မကွေးတိုင်းကို မောင်းနှင် နေခဲ့တာ တော်တော် ခရီး ရောက်ပါတယ်။

ပကာ သနမရှိ ဂုဏ်တွေဟန်တွေမမက် … နိုင်ငံရေးနဲ့ တာဝန်ကလွဲလို့ တခြား အာရုံ သိပ်မရှိတတ်တာ သူ့ပင်ကိုယ်ပါပဲ။ အလုပ်များတဲ့ အ ချိန် စကားသွား ပြောရင် တခါတခါ နှစ်ခါပြန်ပြော ရလောက်အောင် တာဝန်ထဲ စိတ်နှစ်ထားတာ။ အလုပ် တအားလုပ်တယ်။ ညဖက် ၁၂ နာရီလောက် ဆို တရေးပြန်ထပြီး စားပွဲထိုင် အလုပ်လုပ် နေတတ်တာ ညတိုင်းလိုပါပဲ။




REF: Kyaw Aung

(Zawgyi)


ေဒါက္တာေအာင္မိုးညိဳက လိုတာပဲေျပာတတ္တယ္ … မလိုရင္ အိမ္ထဲက စၾကၤန္လမ္း မွာ မ်က္ႏွာခ်င္းဆိုင္ ဆုံတာေတာင္ ေမာ့မၾကည့္ ဘူး။ ကမာၻေက်ာ္ Brand ေတြ နာမည္ တံဆိပ္ေရာ ေစ်းေရာ မသိဘူး။ တခါက ရန္ကုန္ မွာ ေစ်းဝင္ဝယ္ရင္း Arrow အက်ႌတထည္ သူ ႀကိဳက္ၿပီး ေကာင္တာ ကို ယူသြားတာ ေငြကိုင္ကေလးမက ကိုးေသာင္းပါ ဆိုမွ ဟ… အဲ့ေလာက္ ေစ်းႀကီး တာလားဟ ။

ငါ့မွာ သုံးေသာင္းပဲ ပါတယ္ ဆိုၿပီး ျပန္ထား ခဲ့ရတာ။ တကယ့္ အညာသား စစ္စစ္ လူ႐ိုးႀကီးကို ဝန္ႀကီးခ်ဳပ္ ရထားတာ မေကြးတိုင္းသား ေတြရဲ႕ ကုသိုလ္ပါ။ အားနည္းခ်က္ဆိုလို႔ မန္ယူဖန္ ျဖစ္ေနတာ တခ်က္ပဲ ေျပာစရာရွိတာပါ။ထန္းပက္လက္ ကုလားထိုင္ မွာ ခ်ိတ္ထား တဲ့ ဝန္ႀကီးခ်ဳပ္ ရဲ႕ လက္နက္ကေတာ့ တိုက္ခ်င္းပစ္ ဒုံးက်ည္ လိုပဲ… ပါဝါျပင္းတယ္… ။

ဘယ္လိုပဲ ျဖစ္ျဖစ္ “”တကယ့္ အညာသား စစ္စစ္ လူ႐ိုးႀကီးကို ဝန္ႀကီးခ်ဳပ္ ရထားတာ မေကြးတိုင္းသားေတြ ရဲ႕ ကုသိုလ္ပါ။…”” တဲ့ ေဒၚ ေအာင္ဆန္းစုၾကည္ ေျပာတဲ့ ေဒါက္တာေအာင္မိုးညိဳ အျပင္ မွာ ၾကည့္ေကာင္းတယ္ ဆိုတာ တကယ္ပါ။ တဖက္သား အေပၚ မလိုမုန္းထား ေကာက္က်စ္ ယုတ္မာတဲ့ စိတ္ထား မရွိတဲ့အတြက္ သူ႔မ်က္ႏွာက ၾကည္ေနတယ္။

အရမ္း႐ိုးၿပီး လူတိုင္းကို ဆရာ ဆရာနဲ႔ေခၚ ရာထူးနဲ႔ မလိုက္ေအာင္ ႏွိမ့္ခ်လြန္း လို႔ သူ႔ကို အံ့ဩရတယ္။ အေနအထိုင္ ႐ိုးရွင္း တယ္။ တာဝန္ ထမ္းရင္း ေနရတဲ့ အိမ္မွာ သူေတာင္းဆိုလို႔ စိတ္တိုင္းက် စီစဥ္ေပးရတာ ထန္းကုလားထိုင္ေလး တခုံပါပဲ။ က်န္တာ အရင္လူေတြ ထားခဲ့သ မွ်။ ဒီထန္းကုလားထိုင္ေလးေပၚက မေကြးတိုင္းကို ေမာင္းႏွင္ ေနခဲ့တာ ေတာ္ေတာ္ ခရီး ေရာက္ပါတယ္။

ပကာ သနမရွိ ဂုဏ္ေတြဟန္ေတြမမက္ … ႏိုင္ငံေရးနဲ႔ တာဝန္ကလြဲလို႔ တျခား အာ႐ုံ သိပ္မရွိတတ္တာ သူ႔ပင္ကိုယ္ပါပဲ။ အလုပ္မ်ားတဲ့ အ ခ်ိန္ စကားသြား ေျပာရင္ တခါတခါ ႏွစ္ခါျပန္ေျပာ ရေလာက္ေအာင္ တာဝန္ထဲ စိတ္ႏွစ္ထားတာ။ အလုပ္ တအားလုပ္တယ္။ ညဖက္ ၁၂ နာရီေလာက္ ဆို တေရးျပန္ထၿပီး စားပြဲထိုင္ အလုပ္လုပ္ ေနတတ္တာ ညတိုင္းလိုပါပဲ။



REF: Kyaw Aung

Post a Comment

Previous Post Next Post