(Unicode)


တရုတ်နိုင်ငံ ဘေဂျင်းမြို့အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီဖြစ်တဲ့ Sinovac ရဲ့ ကိုဗစ် ကာကွယ်ဆေးက ၉၉ ရာခိုင် နှုန်း ထိရောက်မှုရှိပြီး စိတ်ချရတယ်လို့ ဆိုပါတယ်။ အဲဒီဆေးကို လူပေါင်း သန်းရာနဲ့ချီအတွက် ပေးနိုင်တော့မယ်လို့လည်း သိရပါတယ်။



ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ဆေးကို အဆင့်၂ စမ်းသပ်မှုတွေပြုလုပ် ထားခဲ့ပြီး လက်တွေ့စမ်းသပ်မှုမှာ စေတနာ့ဝန်ထမ်း ၁၀၀၀ ကျော်နဲ့ စမ်းသပ်ထား နိုင်ခဲ့ပြီလို့ ၎င်းကုမ္ပဏီက ဆိုပါတယ်။ Sinovac ရဲ့သုတေသီတစ်ဦးဖြစ်တဲ့ လောင်ပိုင်ရှန်က ဒီကာကွယ်ဆေးရဲ့စမ်းသပ်မှုတွေ မှာ ၉၉ ရာခိုင်နှုန်းအောင်မြင်တာ အသေအချာပါပဲလို့ ပြောကြားထားခဲ့တာပါ။ Co-ronaVac လို့အမည်ပေးထားတဲ့ သူတို့ ကုမ္ပဏီရဲ့ကာကွယ်ဆေးက ပြီးခဲ့လတုန်း က မျောက်တွေနဲ့ စမ်းသပ်မှု ပြုလုပ်ရာမှာလည်း ထိရောက်စွာကာကွယ်ပေးနိုင်တာကို တွေ့ ခဲ့ကြပြီလို့ သိပ္ပံစာစောင်မှာလည်း ဖော်ပြရေးသားထားခဲ့ပါသေးတယ်။



ကာကွယ် ဆေးရဲ့အဆင့် ၃ စမ်းသပ်မှုတွေကို တရုတ်နိုင်ငံပြင်ပမှာ ဆောင်ရွက်သွားဖို့ရှိပြီး ဥရောပနိုင်ငံတွေနဲ့ ဗြိတိန်နိုင်ငံတို့ကို ဆက် သွယ်ကာ ကနဦးညှိနှိုင်းပြောဆိုထားပြီလို့ ဆိုပါတယ်။ ကာကွယ်ဆေးထုတ်လုပ် မှုစက်ရုံကို ဘေဂျင်းမြို့မှာ ဆောက်လုပ် နေကြပြီဖြစ်ပြီး လူပေါင်းသန်း ၁၀၀ စာအ တွက် အချိန်တိုအတွင်း ကာကွယ်ဆေး ထုတ်လုပ်သွားနိုင်မယ်လို့ ဆိုပါတယ်။

#Blacker


(Zawgyi)








#Blacker

Post a Comment

Previous Post Next Post