(Unicode)

အမေရိကန်သမ္မတတွေ အိမ်ဖြူတော်မှာ နေတာ နှစ် ၂၀၀ ကျော်ပါပီ။ အဲဒီသမိုင်းတလျှောက် ကိုယ့်ပြည်သူကို ပြန်ကြောက်လို့ ဗုံးခိုကျင်းထဲ ဆင်းပုန်းနေရတဲ့ သမ္မတက တဦးပဲရှိခဲ့ပါတယ်။ အဲဒီလိုပဲ အိမ်ဖြူတော်ကို သံဇကာ ၂ ထပ် ခတ်ပီး နေနေရတာလဲ တယောက်ထဲပဲ ရှိပါတယ်။ အဲဒီသမ္မတကို အမေရိကန်တွေက Bunker Boy လို့ ခေါ်ကြပါတယ်။ သူ့အရင် ဗုံးခိုကျင်းထဲ ဆင်းရတာက ၂၀၀၁ တုန်းက ဂျော့ဘုရှ်ရဲ့ ဒုသမ္မတ ဒစ်ချေနီပါ။ သူကတော့ ၉/၁၁ တိုက်ခိုက်မှုကြောင့် ခဏဆင်းနေရတာပါ။ ဒီဆောင်းပါးကတော့ သမ္မတဖြစ်ချိန်ထဲက ကမ္ဘာပေါ်မှာ သူ ဘာတွေ လုပ်ခဲ့သလဲဆိုတာ သုံးသပ်ပြမှာပါ။



အမေရိက

၂၀၁၅ မဲဆွယ်စည်းရုံးစဉ်ထဲက သူက မျိုးချစ်တွေရဲ့ အားကို ယူပါတယ်။ သူ့ရဲ့ အဖေကိုယ်တိုင်ကလဲ လူဖြူအစွန်းရောက်ဂိုဏ်း KKK ချီတက်ပွဲတွေမှာ ပါလေ့ရှိပီး အဖမ်းခံရသူပါ။ အမေရိကန်မှာတော့ လူဖြူအစွန်းရောက်တွေပေါ့။ အဲဒီအချိန်ထဲက ခေါင်းထောင်ချင်နေတဲ့ လူဖြူလူမဲ ခွဲခြားမှုကို အသုံးချပီး လူဖြူတွေဆီက မဲရအောင် ကြံပါတယ်။ သူ့အကြောင်းဖော်ပြရင် သတင်းမှားလို့ အော်လေ့ရှိပါတယ်။ နောက် တရုတ်ကို ဘယ်လိုတွယ်မယ်။ အမေရိကန်ကို ဘယ်လိုလုပ်ပြမယ်။ ဆီရီးယားကို ဘယ်လိုနွှာမယ်ဆိုပီး တက်လာပါတယ်။

ရုရှားကို မပြောပါဘူး။ ဘာလို့လဲဆိုတော့ ရုရှားက နောက်ကွယ်ကနေ ကူညီနေတာတွေကြောင့်ပါ။ အဲဒီအတွက် အမှုစစ်ဆေးနေဆဲဖြစ်ပီး ဟိုနေ့ကတောင် လွှတ်တော်မှာ နောက်ဆုံးသက်သေတဦးကို စစ်နေပါတယ်။ သမ္မတဖြစ်လာချိန်မှာ အမေရိကန် ပထမ မူဝါဒဆိုပီး လူဖြူတွေကို ပိုပစားပေးခဲ့ပါတယ်။ အိုဘားမား လုပ်ခဲ့တာ အကုန်ချေဖျက်ရမယ်ဆိုပီး ဥပဒေအများကြီးကို ဖျက်သိမ်းလိုက်ပီး အသစ်ပြဌာန်းခဲ့ပါတယ်။ ကျန်းမာရေးဥပဒေကို ချေဖျက်ဖို့ လုပ်ရာမှာတော့ အသစ်မရေးနိုင်လို့ Obama Care ကို ၂ နှစ်ကျော်လောက် မချစ်ပဲနဲ့ အောင့်ကာ နမ်းခဲ့ရပါတယ်။



မဟာမိတ်များနှင့် ဆက်ဆံရေး

သမ္မတ စဖြစ်ထဲက မဟာမိတ်တွေနဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်ရမယ့်အစား ဖျက်ဆီးနေခဲ့ပါတယ်။ ပါရီ ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေးစာချုပ်က ထွက်ခဲ့တာက စပီး Nato အဖွဲ့နဲ့ ဆက်ဆံရေးမပြေလည်တာက အလယ် နောက်ဆုံး UNESCO နဲ့ WHO ကပါ နှုတ်ထွက်ခဲ့ပါတယ်။ Nato အဖွဲ့ဝင်နိုင်ငံတွေကို ငွေပိုထည့်ရမယ်လို့ ဖိအားပေးပီး အခွန်တွေမြှင့်မယ်လို့ အီးယူကို ပြောခဲ့လို့ ဥရောပနဲ့ အဆင်မပြေဖြစ်ခဲ့ပါတယ်။ NATO အဖွဲ့ထဲမှာ တတိယ စစ်အင်အားအကြီးဆုံးဖြစ်တဲ့ တူရကီနဲ့လဲ အဆင်မပြေပဲ တူရကီက ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရုရှားရဲ့ S-400 ကို ဝယ်သွားလို့ ဆက်ဆံရေးအေးစက်သွားခဲ့ပါတယ်။

အိုဘားမားလက်ထက်က မဟာမိတ်တွေနဲ့ ဆက်ဆံရေးအလွန်ကောင်းခဲ့ပီး ယူကရိန်းကို ရုရှားတပ်တွေဝင်လို့ အိုဘားမားက ရုရှားကို ပိတ်ဆို့မှုတွေချမှတ်ပီး အမေရိကန်တပ်တွေကို ပိုလန်နယ်စပ်မှာ ခေါင်းဆိုင်ထားခဲ့ပါတယ်။ ထရန့်ကတော့ ရုရှားကို ပစားပေးနေလို့ ဂျာမနီက မာကယ်က ခေါင်းဆောင်ပီး ဥရောပတပ်မတော်တခု သီးသန့်ထားဖု့ိ လုပ်ဆောင်နေရပါတယ်။ အဲအကျိုးဆက်ကို မကြာခင် တွေ့ရပါမယ်။

အာရှ

အိုဘားမားလက်ထက်မှာ ကိုရီးယားနဲ့ကော ဂျပန်နဲ့ပါ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ တရုတ်ကို Soft Power နဲ့ ထောက်ထားခဲ့လို့ မြောက်ကိုရီးယားလဲ ရန်မစွာခဲ့သလို တရုတ်ကလဲ အငြင်းပွားရေပိုင်နက်က ကျွန်းတွေမှာ စစ်စခန်းတွေ မဆောက်နိုင်ခဲ့ပါဘူး။ အိုဘားမားနဲ့ ဟီလာရီကလင်တန်ဟာ နိုင်ငံရေးဂုရုကြီးတွေလို့ ကမ္ဘာ့နိုင်ငံရေးသမားတွေကို အသိအမှတ်ပြုကြပီး သူတို့ ၂ ယောက်ဟာ Soft Power ကော Hard Power ကောကို အသုံးပြုရာမှာ အလွန်ကျွမ်းကျင်ပါတယ်။

အရှေ့အာရှကို Soft Power နဲ့ ထိန်းထားပီး အနောက်အာရှကို Hard Power နဲ့ ထိန်းထားခဲ့ပါတယ်။ အာရှနွေဦးဆိုတာက အလကားဖြစ်လာတာ မဟုတ်ပါ။ အာရှနွေဦးကြောင့် အရှေ့အလယ်ပိုင်းက အမေရိကန်တပ်တွေ အဆင်ပြေခဲ့ပါတယ်။ ထရန့်လက်ထက်ကျ အဲဒါတွေ မရှိတော့ အမေရိကန်တပ်တွေ အကျအဆုံးတွေ ရှိခဲ့ပါတယ်။

အိုဘားမားဟာ TPP (Trans Pacific Partnership) ကို ချုပ်ဆိုခဲ့ပီး စီးပွားရေးကောင်းအောင် အဓိက လုပ်နိုင်ခဲ့ပါတယ်။ အဲဒီမှာ ဂျပန်က အခရာကျပါတယ်။ ထရန့်တက်လာတော့ ဒီစာချုပ်ကို ချက်ခြင်းဖျက်သိမ်းဖို့ လုပ်လို့ ဂျပန်ဝန်ကြီးချုပ်အာဘေးကိုယ်တိုင် အမေရိကန်အထိ သွားရောက်ပီး ပြောခဲ့ပေမယ့် အတင်းဖျက်သိမ်းခဲ့ပါတယ်။ အဲဒါကြောင့် ဂျပန်ဟာ ရုရှားနဲ့ စီးပွားရေးစာချုပ်ချုပ်ခဲ့သလို တရုတ်သမ္မတ ရှီကိုလဲ ဧပြီလက လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကိုဗစ်ကြောင့် မလာနိုင်လို့ မကြာခင် လာဖို့ စီစဉ်နေပါတယ်။ ဒါဟာ ထရန့်ရဲ့ ညံ့ဖျင်းမှု အကြီးစားပါ။

ဒါ့အပြင် ဂျပန်ကို စစ်စားရိတ် ပိုတောင်းတာ၊ ကိုရီးယားကိုလဲ လည်ပင်းညှစ်နေတာက အခြေအနေကို ဆိုးရွားစေပါတယ်။ ဂျပန်က ဒုတိယကမ္ဘာစစ်စာချုပ်အရ ကာကွယ်ရေးတပ်လေးပဲ ရှိပါတယ်။ အခုတော့ ဂျပန်ဟာ ထရန့်ရဲ့ အနေအထားကြောင့် စစ်တပ်ကို ကိုယ်တိုင်မြှင့်တင်ဖို့ အားထုတ်လာခဲ့ပါပီ။ GDP ရဲ့ ၁% ထက်ပိုမသုံးရဘူးဆိုတဲ့ သူတို့ခြေဥကို မလိုက်နာပဲ ဒီနှစ်ဆို ၁.၄% အထိ သုံးစွဲလာခဲ့ပါတယ်။ ဂျပန်စစ်တပ် ပြန်လည်မွေးဖွားလာခြင်းဟာ တရုတ်အတွက်တော့ အိပ်မက်ဆိုးပါ။ တိုကျိုမှာလဲ အမာအဖွဲ့တွေ အားကောင်းလာနေပါတယ်။ အာရှမှာ ဂျပန်ကပဲ တရုတ်ကို အာခံနိုင်ပါလိမ့်မယ်။ (ထိုအကြောင်းကို ဆောင်းပါးတပုဒ် ရေးပါမယ်။)

အာဆီယံ

အိုဘားမားဟာ အာဆီယံဒေသကို အလွန်ဂရုစိုက်ခဲ့ပါတယ်။ တရုတ်ကို ဝိုင်းပတ်ထားမယ့် အင်ဒိုပစိဖိတ် ဗျူဟာက အတော်ခိုင်မာနေခဲ့ပါတယ်။ အရှေ့ဘက်မှာ ကိုရီးယားနဲ့ ဂျပန်ရှိသလို တရုတ်ဘေးက ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းတို့နဲ့လဲ မဟာမိတ်ပါ။ ဒါ့အပြင် ၂၀၁၂ မှာ မြန်မာနိုင်ငံကိုပါ လာခဲ့ပီး မြန်မာနဲ့ပါ အဆင်ပြေအောင်ကြိုးစားပီး တရုတ်ကို ဝိုင်းပတ်နေခဲ့ပါတယ်။ ထရန့်မှာတော့ ဘာပေါ်လစီမှ မရှိခဲ့ပဲ အာဆီယံပေါ်မှာလဲ အာရုံမရှိလို့ မြန်မာအပါအဝင် နိုင်ငံအများစုဟာ တရုတ်ရဲ့ ခါးပတ်လမ်းထဲ ရောက်သွားခဲ့ပါတယ်။ အိုဘားမားက ဦးအောင် လုပ်ခဲ့ပေမယ့် ထရန့် ညံ့ဖျင်းလို့ ပါသွားတဲ့ နောက်တချက်ပါ။

အိုဘားမားဟာ တရုတ်ရဲ့ ဖိအားအောက် ရောက်နေတဲ့ ဗီယက်နမ်ကို ကိုယ်တိုင်သွားရောက်ပီး မဟာမိတ်ဖွဲ့ခဲ့သလို လမ်းဘေးခေါက်ဆွဲဆိုင်မှာ ထိုင်စားပီး ဘီယာသောက်ကာ ဗီယက်နမ်တွေရဲ့ နှလုံးသားကို ယူသွားခဲ့ပါတယ်။ အဲဒီဆိုင်ပိုင်ရှင်က အိုဘားမား စားသွားတဲ့ ခုံနဲ့ စားပွဲကို သေချာသိမ်းဆည်းပီး ပြသထားပါတယ်။ သူများကို ပေးမထိုင်တော့ပါဘူး။



အဲဒီနောက် ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာပီး တရုတ်ပစ္စည်းတွေ ဖျက်ဆီးကြလို့ တရုတ်လဲ နောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။ အဲဒါ Soft Power ပါပဲ။ ဖိလစ်ပိုင်ကိုလဲ တပ်စခန်းချပီး တရုတ်လက်က ကာကွယ်ပေးခဲ့ပေမယ့် ထရန့်လက်ထက်မှာတော့ အဆင်မပြေပဲ ဒူတာတေးက တပ်စခန်းတွေ ဖယ်ခိုင်းပီး အခုတော့ တရုတ်အကြွေးထဲ နစ်နေခဲ့ပါပီ။ ထိုင်းကလဲ တရုတ်ဆီက လက်နက်တွေ ဝယ်နေပါတယ်။ အာဆီယံက တရုတ်ဘက် ယိုင်သွားခဲ့ပါတယ်။

မြန်မာ

မြန်မာဟာ အိုဘားမားကို ကျေးဇူးတင်စရာတွေ ရှိနေခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၂ မှာပါ။ ဒီမိုကရေစီကို ကူးပြောင်းကာစ အထီးကျန်နိုင်ငံလေးအနေနဲ့ ရခိုင်မှာ အဓိကရုဏ်းတွေ စတင်ဖြစ်လာတဲ့အခါမှာ ကမ္ဘာတခုလုံးက ဒီနိုင်ငံမှာ စီးပွားရေးလုပ်ရမလား။ မလုပ်ရဘူးလား။ နောက်ကြောင်းပြန်မှာလား အစရှိတဲ့ သံသယတွေနဲ့ တွန့်ဆုတ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အိုဘားမား ရောက်လာခဲ့တာပါပဲ။ သူကိုယ်တိုင် လာလိုက်တဲ့အတွက် ကမ္ဘာကို သတင်းပို့လိုက်တာပါ။



သူက ရန်ကုန်တက္ကသိုလ်ထဲကနေ မြန်မာနိုင်ငံဟာ နောက်ကြောင်းမပြန်တော့ဘူးလို့ မိန့်ခွန်းထဲ ထည့်ပြောခဲ့တဲ့နောက် နိုင်ငံတကာလုပ်ငန်းတွေနဲ့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုဟာ ထောင်တက်လာခဲ့တော့ပါပဲ။ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ GDP ဟာ အခု လက်ရှိနဲ့ စာရင် အများကြီး နိမ့်ကျပါတယ်။ အခုတော့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံစာရင်းထဲက လွတ်ဖို့လမ်းပေါ် ရောက်နေပါပီ။ ၂၀၁၅ ရွေးကောက်ပွဲမှာလဲ စောင့်ကြည့်နေခဲ့သလို အမေစုကိုလဲ ချီးကျူးခဲ့ပီး အပြောင်းအလဲကို ရဲရဲလုပ်ကြဖို့ ၂ဖက် ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့သူပါ။ သူ့ကြောင့်ပဲ မြန်မာဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် အခြေခိုင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။

ထရန့်က မြန်မာပြည်ကို လုပ်ပေးခဲ့တဲ့ ကြီးမြတ်တဲ့အရာကတော့ မြန်မာနိုင်ငံသားတွေကို မြောက်ကိုရီးယား၊ နိုင်ဂျီးရီးယားနဲ့ ဆူဒန်တို့လို နိုင်ငံတွေနဲ့ တတန်းထဲထားပီး ရွှေ့ပြောင်းဗီဇာပိတ်တဲ့ အမိန့်ကို ဇန်နဝါရီ ၃၁ မှာ ပြဌာန်းပေးလိုက်တာပါပဲ။ ဖေဖော်ဝါရီ ၂၁ က စပီး အမေရိကန်သွားနေမယ်ဆိုရင် မရတော့ပါဘူး။ ကိုရွှေမြန်မာတို့ကို ရိုပြသနာကြောင့် ထရန့်က မလာပါနဲ့တော့တဲ့။ ရွှေ့ပြောင်းဗီဇာ ပိတ်လိုက်ပါတယ်။ အားပေးကြသူများလဲ သတိရစေဖို့ပါ။ ထရန့်ဘက်က ဆန္ဒသွားပြပေးမယ်ဆိုရင်တောင် အမေရိကန်ကို သွားလို့မရတော့ပါဘူး။

၂၀၂၀

ရွေးကောက်ပွဲနှစ်ဖြစ်တာကြောင့် ထရန့်ဟာ အမေရိကန်သမ္မတတို့ရဲ့ ထုံးစံအတိုင်း စစ်ပွဲနဲ့ မဲဆွယ်ဖို့ ကြံလိုက်ပါတယ်။ အီရန်နဲ့ တင်းမာမှုဖြစ်အောင် လုပ်ပီး စစ်ပွဲဆင်နွှဲဖို့ကြံခါမှ သူ လုပ်ခဲ့တဲ့အကျိုးကို ခံစားရတော့တာပါပဲ။ အဓိက မဟာမိတ်တွေဖြစ်တဲ့ NATO အဖွဲ့တွေနဲ့ ဗြိတိန်က အင်တင်တင်လုပ်နေပီး ဂျာမနီနဲ့ ပြင်သစ်က မပါဘူးလို့ အပြတ်ပြောပါတယ်။

နောက်ဆုံး ဗြိတိန်က အီရတ်က တပ်တွေ မြို့ပြင်ရွှေ့တော့မှ သဘောပေါက်သွားပီး အီရန်ကို မတိုက်တော့ပဲ လျှောချသွားပါတယ်။ နိုင်ငံတကာမှာ အမေရိကန်ရဲ့ ပါဝါ ကျဆင်းနေမုှကို အထင်းသားမြင်ခဲ့ရပါတယ်။ တခါ COVID ကာလမှာလဲ ဟိုလူ ဒီလူကိုသာ အပြစ်တင်နေပေမယ့် WHO နဲ့ ဆရာဝန်တွေ စကားကို နားမထောင်ခဲ့ပါဘူး။ ပြည်ဝင်ခွင့်ပိတ်ပါလို့ ပြောနေချိန်မှာ မပိတ်ခဲ့ပဲ Lock Down ကိုလဲ နောက်ကျမှ လုပ်ခဲ့ပါတယ်။ စီးပွားရေးထိမှာစိုးလို့ ဆက်ဖွင့်ထားတာက အတော်ဆိုးသွားပါတယ်။



WHO က ပြောတဲ့ အချက်တွေကိုလဲ မလိုက်နာပဲ ငှက်ဖျားဆေးသောက်ရင် ပျောက်တယ်ဆိုလို့ လိုက်သောက်ကြသူတွေ သေကုန်မှ အဲဒီကိစ္စတခန်းရပ်ပါတယ်။ မြန်မာပြည်မှာ အမေစုက ဦးဆောင်ပီး Mask ချုပ်နေပေမယ့် သူကတော့ Mask လဲ မတပ်ဘူးလို့ ငြင်းခဲ့ပီး အခုထိ လူကြားထဲ သွားတာမှာ တခါပဲ တပ်ဖူးပါတယ်။ ဟိုနေ့က မတပ်သလို မနေ့ကလဲ မတပ်ပါဘူး။ ဒါပေမယ့် WHO ကို ပြသနာရှာပီး အဖွဲ့ထဲက နှုတ်ထွက်ပါတယ်။ သူ့အမှားကို သူများအမှားလုပ်ပါတယ်။ ဒီအမှားတွေက သူ့ကြောင့်ဖြစ်ခဲ့တာတွေပါ။

အနှစ်ချုပ်

တကယ်တော့ လက်ရှိဖြစ်စဉ်တွေဟာ နှစ်ကာလရှည်ကြာစွာ ဖိနှိပ်ခံထားရတာတွေ ပေါက်ထွက်လာတဲ့ ပြသနာပါ။ ဒီက မျက်ကန်းထရန့်ထောက်ခံသူတွေပြောသလို တရုတ်ကြောင့် မဟုတ်သလို ဘာကြောင့်မှ မဟုတ်ပါဘူး။ ၈၈ မှာ မြန်မာပြည်သူတွေ ဆန္ဒပြကြပါတယ်။ မလိုသူတွေက ဗကပကြောင့် ဘာကြောင့်ပြောပေမယ့် ဒုက္ခရောက်လွန်းလို့ လမ်းပေါ်ထွက်ခဲ့ကြတယ်ဆိုတာ အဲဒီခေတ်က မြန်မာပြည်သူတွေ သိပါတယ်။ အခုလဲ အမေရိကန်မှာ ဒီလိုပါပဲ။ အဲဒီအချိန်က သူတု့ိ ကျနော်တု့ိကို ထောက်ခံသလို အခု ကျနော်တို့က သူတို့ကို ထောက်ခံရမှာပါ။ အခုအချိန် ထရန့်ကို မျက်စိမှိတ်ကာကွယ်နေတာက အဲဒီအချိန်က ဦးနေဝင်းကို ကာကွယ်နေသလိုပါပဲ။

ကမ္ဘာတခုလုံးက အမေရိကန်ပြည်သူတွေနဲ့ အတူ ဆန္ဒပြပေးနေကြတာက သူတို့ခံစားချက်ကို စာနာလို့ပါ။ အဲဒါကို အမေရိကန်ပြည်သူတွေကို မစာမနာ ပြောနေတာက အတော်ရယ်ချင်စရာ ကောင်းပါတယ်။ ဒီမိုကရေစီကို အားပေးတယ်ဆို လူ့အခွင့်အရေးကို တန်ဖိုးထားရမှာပါ။ အခုတော့ အာဏာရှင်ဆန်နေတဲ့ အမေရိကန် မျိုးချစ်ကို အားပေးနေပုံက တလွဲကြီးပါ။



ဒီလိုနဲ့ ထရန့်တယောက် ကျင်းထဲ ပုန်းနေချိန်မှာ ဘိုင်ဒန်နဲ့ အိုဘားမားက မိန့်ခွန်းပြောပါတယ်။ အိုဘားမားရဲ့ Town Hall ပြောကြားချက်က အလွန်ထိရောက်ပါတယ်။ “ I want you to know that you matter, I want you to know that Your lives matter, Your dreams matter “ ပါတဲ့။ အဲဒီမိန့်ခွန်းပီးတဲ့နောက် ဆန္ဒပြပွဲတွေ နည်းသွားသလို ငြိမ်းချမ်းစွာပဲ ဆန္ဒပြကြပါတယ်။

အမေရိကန်မီဒီယာတွေက တိုင်းပြည်အတွက် ခေါင်းဆောင် အလိုအပ်ဆုံးအချိန်မှာ အိမ်ဖြူတော်က လက်ရှိသမ္မတက မီးပိတ်ပီး ပုန်းနေပီး အိုဘားမားနဲ့ ဘိုင်ဒန်က ရှေ့ထွက်လာခဲ့တယ်လို့ ရေးသားခဲ့ကြပါတယ်။ ဒီလောက်ဆို အမှား အမှန်နဲ့ အောင်မြင်မှု ကျရှုံးမှုတွေကို သိလောက်ကြမှာပါ။ အမေရိကန် ပြန်လာဖို့ စုစည်းမှုအကြီးအကျယ်လိုအပ်နေပါတယ်။ ဆောင်းပါးကို မန်ဒဲလားရဲ့ သမိုင်းဝင်စကားလေးနဲ့ပဲ ပိတ်လိုက်ပါမယ်။

“လူသားတိုင်းဟာ တဦးကို တဦးမုန်းဖို့ မွေးဖွားလာကြတာမဟုတ်ပါဘူး။ မုန်းတတ်ရင် ချစ်လဲချစ်တတ်ရမယ်။ ချစ်တတ်အောင် သင်ကြားပေးကြပါစို့။”


ရေးသားသူ – Nay Thway


(Zawgyi)


အေမရိကန္သမၼတေတြ အိမ္ျဖဴေတာ္မွာ ေနတာ ႏွစ္ ၂၀၀ ေက်ာ္ပါပီ။ အဲဒီသမုိင္းတေလွ်ာက္ ကုိယ့္ျပည္သူကုိ ျပန္ေျကာက္လို့ ဗံုးခိုက်င္းထဲ ဆင္းပုန္းေနရတဲ့ သမၼတက တဦးပဲရွိခဲ့ပါတယ္။ အဲဒီလုိပဲ အိမ္ျဖဴေတာ္ကုိ သံဇကာ ၂ ထပ္ ခတ္ပီး ေနေနရတာလဲ တေယာက္ထဲပဲ ရွိပါတယ္။ အဲဒီသမၼတကုိ အေမရိကန္ေတြက Bunker Boy လို့ ေခၚျကပါတယ္။ သူ့အရင္ ဗံုးခိုက်င္းထဲ ဆင္းရတာက ၂၀၀၁ တုန္းက ေဂ်ာ့ဘုရွ္ရဲ့ ဒုသမၼတ ဒစ္ေခ်နီပါ။ သူကေတာ့ ၉/၁၁ တုိက္ခိုက္မွဳေျကာင့္ ခဏဆင္းေနရတာပါ။ ဒီေဆာင္းပါးကေတာ့ သမၼတျဖစ္ခ်ိန္ထဲက ကမၻာေပၚမွာ သူ ဘာေတြ လုပ္ခဲ့သလဲဆုိတာ သံုးသပ္ျပမွာပါ။



အေမရိက

၂၀၁၅ မဲဆြယ္စည္းရံုးစဥ္ထဲက သူက မ်ိဳးခ်စ္ေတြရဲ့ အားကုိ ယူပါတယ္။ သူ့ရဲ့ အေဖကုိယ္တုိင္ကလဲ လူျဖဴအစြန္းေရာက္ဂိုဏ္း KKK ခ်ီတက္ပြဲေတြမွာ ပါေလ့ရွိပီး အဖမ္းခံရသူပါ။ အေမရိကန္မွာေတာ့ လူျဖဴအစြန္းေရာက္ေတြေပါ့။ အဲဒီအခ်ိန္ထဲက ေခါင္းေထာင္ခ်င္ေနတဲ့ လူျဖဴလူမဲ ခြဲျခားမွဳကုိ အသံုးခ်ပီး လူျဖဴေတြဆီက မဲရေအာင္ ျကံပါတယ္။ သူ့အေျကာင္းေဖာ္ျပရင္ သတင္းမွားလို့ ေအာ္ေလ့ရွိပါတယ္။ ေနာက္ တရုတ္ကုိ ဘယ္လိုတြယ္မယ္။ အေမရိကန္ကို ဘယ္လုိလုပ္ျပမယ္။ ဆီရီးယားကုိ ဘယ္လုိႏႊာမယ္ဆုိပီး တက္လာပါတယ္။

ရုရွားကို မေျပာပါဘူး။ ဘာလို့လဲဆုိေတာ့ ရုရွားက ေနာက္ကြယ္ကေန ကူညီေနတာေတြေျကာင့္ပါ။ အဲဒီအတြက္ အမွဳစစ္ေဆးေနဆဲျဖစ္ပီး ဟုိေန့ကေတာင္ လႊတ္ေတာ္မွာ ေနာက္ဆံုးသက္ေသတဦးကို စစ္ေနပါတယ္။ သမၼတျဖစ္လာခ်ိန္မွာ အေမရိကန္ ပထမ မူ၀ါဒဆုိပီး လူျဖဴေတြကို ပိုပစားေပးခဲ့ပါတယ္။ အုိဘားမား လုပ္ခဲ့တာ အကုန္ေခ်ဖ်က္ရမယ္ဆိုပီး ဥပေဒအမ်ားျကီးကုိ ဖ်က္သိမ္းလိုက္ပီး အသစ္ျပဌာန္းခဲ့ပါတယ္။ က်န္းမာေရးဥပေဒကုိ ေခ်ဖ်က္ဖို႔ လုပ္ရာမွာေတာ့ အသစ္မေရးႏုိင္လုိ့ Obama Care ကုိ ၂ ႏွစ္ေက်ာ္ေလာက္ မခ်စ္ပဲနဲ့ ေအာင့္ကာ နမ္းခဲ့ရပါတယ္။



မဟာမိတ္မ်ားႏွင့္ ဆက္ဆံေရး

သမၼတ စျဖစ္ထဲက မဟာမိတ္ေတြနဲ့ ဆက္္ဆံေရးေကာင္းေအာင္ တည္ေဆာက္ရမယ့္အစား ဖ်က္ဆီးေနခဲ့ပါတယ္။ ပါရီ ရာသီဥတုေျပာင္းလဲမွဳထိန္းခ်ဳပ္ေရးစာခ်ဳပ္က ထြက္ခဲ့တာက စပီး Nato အဖြဲ့နဲ့ ဆက္ဆံေရးမေျပလည္တာက အလယ္ ေနာက္ဆံဳး UNESCO နဲ့ WHO ကပါ ႏွဳတ္ထြက္ခဲ့ပါတယ္။ Nato အဖြဲ့ဝင္နိုင္ငံေတြကုိ ေငြပိုထည့္ရမယ္လုိ့ ဖိအားေပးပီး အခြန္ေတြျမွင့္မယ္လုိ့ အီးယူကုိ ေျပာခဲ့လုိ့ ဥေရာပနဲ့ အဆင္မေျပျဖစ္ခဲ့ပါတယ္။ NATO အဖြဲ့ထဲမွာ တတိယ စစ္အင္အားအျကီးဆံုးျဖစ္တဲ့ တူရကီနဲ့လဲ အဆင္မေျပပဲ တူရကီက ဒံုးက်ည္ကာကြယ္ေရးစနစ္ကုိ ရုရွားရဲ့ S-400 ကုိ ၀ယ္သြားလုိ့ ဆက္ဆံေရးေအးစက္သြားခဲ့ပါတယ္။

အုိဘားမားလက္ထက္က မဟာမိတ္ေတြနဲ့ ဆက္ဆံေရးအလြန္ေကာင္းခဲ့ပီး ယူကရိန္းကုိ ရုရွားတပ္ေတြ၀င္လုိ့ အိုဘားမားက ရုရွားကုိ ပိတ္ဆုိ့မွဳေတြခ်မွတ္ပီး အေမရိကန္တပ္ေတြကုိ ပိုလန္နယ္စပ္မွာ ေခါင္းဆုိင္ထားခဲ့ပါတယ္။ ထရန့္ကေတာ့ ရုရွားကုိ ပစားေပးေနလုိ့ ဂ်ာမနီက မာကယ္က ေခါင္းေဆာင္ပီး ဥေရာပတပ္မေတာ္တခု သီးသန့္ထားဖု့ိ လုပ္ေဆာင္ေနရပါတယ္။ အဲအက်ိဳးဆက္ကုိ မျကာခင္ ေတြ့ရပါမယ္။

အာရွ

အိုဘားမားလက္ထက္မွာ ကုိရီးယားနဲ့ေကာ ဂ်ပန္နဲ့ပါ အလြန္ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိခဲ့ပါတယ္။ ေျမာက္ကိုရီးယားနဲ့ တရုတ္ကုိ Soft Power နဲ့ ေထာက္ထားခဲ့လုိ့ ေျမာက္ကုိရီးယားလဲ ရန္မစြာခဲ့သလုိ တရုတ္ကလဲ အျငင္းပြားေရပိုင္နက္က ကၽြန္းေတြမွာ စစ္စခန္းေတြ မေဆာက္ႏုိင္ခဲ့ပါဘူး။ အုိဘားမားနဲ့ ဟီလာရီကလင္တန္ဟာ ႏုိင္ငံေရးဂုရုျကီးေတြလုိ့ ကမၻာ့ႏုိင္ငံေရးသမားေတြကုုိ အသိအမွတ္ျပဳျကပီး သူတုိ့ ၂ ေယာက္ဟာ Soft Power ေကာ Hard Power ေကာကုိ အသံုးျပဳရာမွာ အလြန္ကၽြမ္းက်င္ပါတယ္။

အေရွ့အာရွကုိ Soft Power နဲ့ ထိန္းထားပီး အေနာက္အာရွကုိ Hard Power နဲ့ ထိန္းထားခဲ့ပါတယ္။ အာရွေႏြဦးဆုိတာက အလကားျဖစ္လာတာ မဟုတ္ပါ။ အာရွေႏြဦးေျကာင့္ အေရွ့အလယ္ပိုင္းက အေမရိကန္တပ္ေတြ အဆင္ေျပခဲ့ပါတယ္။ ထရန့္လက္ထက္က် အဲဒါေတြ မရွိေတာ့ အေမရိကန္တပ္ေတြ အက်အဆံုးေတြ ရွိခဲ့ပါတယ္။

အုိဘားမားဟာ TPP (Trans Pacific Partnership) ကုိ ခ်ဳပ္ဆုိခဲ့ပီး စီးပြားေရးေကာင္းေအာင္ အဓိက လုပ္ႏုိင္ခဲ့ပါတယ္။ အဲဒီမွာ ဂ်ပန္က အခရာက်ပါတယ္။ ထရန့္တက္လာေတာ့ ဒီစာခ်ဳပ္ကို ခ်က္ျခင္းဖ်က္သိမ္းဖို့ လုပ္လုိ့ ဂ်ပန္၀န္ျကီးခ်ဳပ္အာေဘးကုိယ္တုိင္ အေမရိကန္အထိ သြားေရာက္ပီး ေျပာခဲ့ေပမယ့္ အတင္းဖ်က္သိမ္းခဲ့ပါတယ္။ အဲဒါေျကာင့္ ဂ်ပန္ဟာ ရုုရွားနဲ့ စီးပြားေရးစာခ်ဳပ္ခ်ဳပ္ခဲ့သလို တရုတ္သမၼတ ရွီကိုလဲ ဧျပီလက လာဖုိ့ ဖိတ္ေခၚခဲ့ပါတယ္။ ကိုဗစ္ေျကာင့္ မလာႏုိင္လို့ မျကာခင္ လာဖုိ့ စီစဥ္ေနပါတယ္။ ဒါဟာ ထရန့္ရဲ့ ညံ့ဖ်င္းမွဳ အျကီးစားပါ။

ဒါ့အျပင္ ဂ်ပန္ကုိ စစ္စားရိတ္ ပိုေတာင္းတာ၊ ကုိရီးယားကိုလဲ လည္ပင္းညွစ္ေနတာက အေျခအေနကို ဆုိးရြားေစပါတယ္။ ဂ်ပန္က ဒုတိယကမၻာစစ္စာခ်ဳပ္အရ ကာကြယ္ေရးတပ္ေလးပဲ ရွိပါတယ္။ အခုေတာ့ ဂ်ပန္ဟာ ထရန့္ရဲ့ အေနအထားေျကာင့္ စစ္တပ္ကုိ ကိုယ္တုိင္ျမွင့္တင္ဖုိ့ အားထုတ္လာခဲ့ပါပီ။ GDP ရဲ့ ၁% ထက္ပိုမသံုးရဘူးဆုိတဲ့ သူတုိ့ေျခဥကုိ မလုိက္နာပဲ ဒီႏွစ္ဆုိ ၁.၄% အထိ သံုုးစြဲလာခဲ့ပါတယ္။ ဂ်ပန္စစ္တပ္ ျပန္လည္ေမြးဖြားလာျခင္းဟာ တရုတ္အတြက္ေတာ့ အိပ္မက္ဆုိးပါ။ တိုက်ိဳမွာလဲ အမာအဖြဲ႕ေတြ အားေကာင္းလာေနပါတယ္။ အာရွမွာ ဂ်ပန္ကပဲ တရုတ္ကုိ အာခံႏုိင္ပါလိမ့္မယ္။ (ထုိအေျကာင္းကုိ ေဆာင္းပါးတပုဒ္ ေရးပါမယ္။)

အာဆီယံ

အုိဘားမားဟာ အာဆီယံေဒသကို အလြန္ဂရုစိုက္ခဲ့ပါတယ္။ တရုတ္ကုိ ၀ုိင္းပတ္ထားမယ့္ အင္ဒုိပစိဖိတ္ ဗ်ဴဟာက အေတာ္ခုိင္မာေနခဲ့ပါတယ္။ အေရွ့ဘက္မွာ ကုိရီးယားနဲ့ ဂ်ပန္ရွိသလုိ တရုတ္ေဘးက ဗီယက္နမ္၊ ဖိလစ္ပိုင္နဲ့ ထုိင္းတုိ့နဲ့လဲ မဟာမိတ္ပါ။ ဒါ့အျပင္ ၂၀၁၂ မွာ ျမန္မာႏုိင္ငံကုိပါ လာခဲ့ပီး ျမန္မာနဲ့ပါ အဆင္ေျပေအာင္ျကိုးစားပီး တရုတ္ကို ၀ုိင္းပတ္ေနခဲ့ပါတယ္။ ထရန့္မွာေတာ့ ဘာေပၚလစီမွ မရွိခဲ့ပဲ အာဆီယံေပၚမွာလဲ အာရံုမရွိလုိ့ ျမန္မာအပါအ၀င္ ႏိုင္ငံအမ်ားစုဟာ တရုတ္ရဲ့ ခါးပတ္လမ္းထဲ ေရာက္သြားခဲ့ပါတယ္။ အုိဘားမားက ဦးေအာင္ လုပ္ခဲ့ေပမယ့္ ထရန့္ ညံ့ဖ်င္းလုိ့ ပါသြားတဲ့ ေနာက္တခ်က္ပါ။

အုိဘားမားဟာ တရုတ္ရဲ့ ဖိအားေအာက္ ေရာက္ေနတဲ့ ဗီယက္နမ္ကို ကိုယ္တုိင္သြားေရာက္ပီး မဟာမိတ္ဖြဲ့ခဲ့သလို လမ္းေဘးေခါက္ဆြဲဆုိင္မွာ ထုိင္စားပီး ဘီယာေသာက္ကာ ဗီယက္နမ္ေတြရဲ႕ ႏွလံုးသားကုိ ယူသြားခဲ့ပါတယ္။ အဲဒီဆုိင္ပိုင္ရွင္က အုိဘားမား စားသြားတဲ့ ခံုနဲ့ စားပြဲကုိ ေသခ်ာသိမ္းဆည္းပီး ျပသထားပါတယ္။ သူမ်ားကုိ ေပးမထိုင္ေတာ့ပါဘူး။



အဲဒီေနာက္ ဗီယက္နမ္မွာ တရုတ္ဆန့္က်င္မွဳေတြ ေပၚေပါက္လာပီး တရုတ္ပစၥည္းေတြ ဖ်က္ဆီးျကလုိ့ တရုတ္လဲ ေနာက္ျပန္ဆုတ္သြားခဲ့ရပါတယ္။ အဲဒါ Soft Power ပါပဲ။ ဖိလစ္ပုိင္ကုိလဲ တပ္စခန္းခ်ပီး တရုတ္လက္က ကာကြယ္ေပးခဲ့ေပမယ့္ ထရန့္လက္ထက္မွာေတာ့ အဆင္မေျပပဲ ဒူတာေတးက တပ္စခန္းေတြ ဖယ္ခုိင္းပီး အခုေတာ့ တရုတ္အေျကြးထဲ နစ္ေနခဲ့ပါပီ။ ထိုင္းကလဲ တရုတ္ဆီက လက္နက္ေတြ ၀ယ္ေနပါတယ္။ အာဆီယံက တရုတ္ဘက္ ယိုင္သြားခဲ့ပါတယ္။

ျမန္မာ

ျမန္မာဟာ အုိဘားမားကုိ ေက်းဇူးတင္စရာေတြ ရွိေနခဲ့ပါတယ္။ အထူးသျဖင့္ ၂၀၁၂ မွာပါ။ ဒီမုိကေရစီကို ကူးေျပာင္းကာစ အထီးက်န္ႏုိင္ငံေလးအေနနဲ့ ရခုိင္မွာ အဓိကရုဏ္းေတြ စတင္ျဖစ္လာတဲ့အခါမွာ ကမၻာတခုလံုးက ဒီႏုိင္ငံမွာ စီးပြားေရးလုပ္ရမလား။ မလုပ္ရဘူးလား။ ေနာက္ေျကာင္းျပန္မွာလား အစရွိတဲ့ သံသယေတြနဲ့ တြန့္ဆုတ္ေနခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ အုိဘားမား ေရာက္လာခဲ့တာပါပဲ။ သူကုိယ္တုိင္ လာလိုက္တဲ့အတြက္ ကမၻာကုိ သတင္းပို့လိုက္တာပါ။



သူက ရန္ကုန္တကၠသုိလ္ထဲကေန ျမန္မာႏုိင္ငံဟာ ေနာက္ေျကာင္းမျပန္ေတာ့ဘူးလို့ မိန့္ခြန္းထဲ ထည့္ေျပာခဲ့တဲ့ေနာက္ ႏုိင္ငံတကာလုပ္ငန္းေတြနဲ့ ကမၻာလွည့္ခရီးသြား ၀င္ေရာက္မွဳဟာ ေထာင္တက္လာခဲ့ေတာ့ပါပဲ။ အဲဒီအခ်ိန္က ျမန္မာႏုိင္ငံရဲ့ GDP ဟာ အခု လက္ရွိနဲ့ စာရင္ အမ်ားျကီး နိမ့္က်ပါတယ္။ အခုေတာ့ ျမန္မာႏုိင္ငံဟာ ဖြံ့ျဖိဳးဆဲနုိင္ငံစာရင္းထဲက လြတ္ဖုိ့လမ္းေပၚ ေရာက္ေနပါပီ။ ၂၀၁၅ ေရြးေကာက္ပြဲမွာလဲ ေစာင့္ျကည့္ေနခဲ့သလုိ အေမစုကုိလဲ ခ်ီးက်ဴးခဲ့ပီး အေျပာင္းအလဲကုိ ရဲရဲလုပ္ျကဖို့ ၂ဖက္ ေခါင္းေဆာင္ေတြကုိ တိုက္တြန္းခဲ့သူပါ။ သူ႔ေၾကာင့္ပဲ ျမန္မာဟာ ဒီမိုကေရစီလမ္းေၾကာင္းေပၚ အေျခခိုင္ခဲ့တာလို႔ ဆိုနိုင္ပါတယ္။

ထရန့္က ျမန္မာျပည္ကုိ လုပ္ေပးခဲ့တဲ့ ျကီးျမတ္တဲ့အရာကေတာ့ ျမန္မာႏုိင္ငံသားေတြကို ေျမာက္ကုိရီးယား၊ ႏုိင္ဂ်ီးရီးယားနဲ့ ဆူဒန္တုိ့လုိ ႏုိင္ငံေတြနဲ့ တတန္းထဲထားပီး ေရႊ႕ေျပာင္းဗီဇာပိတ္တဲ့ အမိန့္ကုိ ဇန္န၀ါရီ ၃၁ မွာ ျပဌာန္းေပးလိုက္တာပါပဲ။ ေဖေဖာ္၀ါရီ ၂၁ က စပီး အေမရိကန္သြားေနမယ္ဆုိရင္ မရေတာ့ပါဘူး။ ကုိေရႊျမန္မာတုိ့ကုိ ရိုျပသနာေျကာင့္ ထရန့္က မလာပါနဲ့ေတာ့တဲ့။ ေရႊ့ေျပာင္းဗီဇာ ပိတ္လုိက္ပါတယ္။ အားေပးျကသူမ်ားလဲ သတိရေစဖုိ့ပါ။ ထရန့္ဘက္က ဆႏၵသြားျပေပးမယ္ဆုိရင္ေတာင္ အေမရိကန္ကုိ သြားလို့မရေတာ့ပါဘူး။

၂၀၂၀

ေရြးေကာက္ပြဲႏွစ္ျဖစ္တာေျကာင့္ ထရန့္ဟာ အေမရိကန္သမၼတတုိ့ရဲ့ ထံုးစံအတုိင္း စစ္ပြဲနဲ့ မဲဆြယ္ဖုိ့ ျကံလိုက္ပါတယ္။ အီရန္နဲ့ တင္းမာမွဳျဖစ္ေအာင္ လုပ္ပီး စစ္ပြဲဆင္ႏႊဲဖုိ့ျကံခါမွ သူ လုပ္ခဲ့တဲ့အက်ိဳးကုိ ခံစားရေတာ့တာပါပဲ။ အဓိက မဟာမိတ္ေတြျဖစ္တဲ့ NATO အဖြဲ့ေတြနဲ့ ျဗိတိန္က အင္တင္တင္လုပ္ေနပီး ဂ်ာမနီနဲ့ ျပင္သစ္က မပါဘူးလုိ့ အျပတ္ေျပာပါတယ္။

ေနာက္ဆံုး ျဗိတိန္က အီရတ္က တပ္ေတြ ျမိဳ့ျပင္ေရႊ့ေတာ့မွ သေဘာေပါက္သြားပီး အီရန္ကုိ မတုိက္ေတာ့ပဲ ေလွ်ာခ်သြားပါတယ္။ ႏုိ္င္ငံတကာမွာ အေမရိကန္ရဲ့ ပါ၀ါ က်ဆင္းေနမဳွကုိ အထင္းသားျမင္ခဲ့ရပါတယ္။ တခါ COVID ကာလမွာလဲ ဟိုလူ ဒီလူကုိသာ အျပစ္တင္ေနေပမယ့္ WHO နဲ့ ဆရာ၀န္ေတြ စကားကုိ နားမေထာင္ခဲ့ပါဘူး။ ျပည္၀င္ခြင့္ပိတ္ပါလို့ ေျပာေနခိ်န္မွာ မပိတ္ခဲ့ပဲ Lock Down ကုိလဲ ေနာက္က်မွ လုပ္ခဲ့ပါတယ္။ စီးပြားေရးထိမွာစုိးလို့ ဆက္ဖြင့္ထားတာက အေတာ္ဆုိးသြားပါတယ္။



WHO က ေျပာတဲ့ အခ်က္ေတြကိုလဲ မလုိက္နာပဲ ငွက္ဖ်ားေဆးေသာက္ရင္ ေပ်ာက္တယ္ဆုိလို့ လိုက္ေသာက္ျကသူေတြ ေသကုန္မွ အဲဒီကိိစၥတခန္းရပ္ပါတယ္။ ျမန္မာျပည္မွာ အေမစုက ဦးေဆာင္ပီး Mask ခ်ဳပ္ေနေပမယ့္ သူကေတာ့ Mask လဲ မတပ္ဘူးလုိ့ ျငင္းခဲ့ပီး အခုထိ လူျကားထဲ သြားတာမွာ တခါပဲ တပ္ဖူးပါတယ္။ ဟိုေန့က မတပ္သလုိ မေန့ကလဲ မတပ္ပါဘူး။ ဒါေပမယ့္ WHO ကုိ ျပသနာရွာပီး အဖြဲ့ထဲက ႏွဳတ္ထြက္ပါတယ္။ သူ့အမွားကုိ သူမ်ားအမွားလုပ္ပါတယ္။ ဒီအမွားေတြက သူ့ေျကာင့္ျဖစ္ခဲ့တာေတြပါ။

အႏွစ္ခ်ဳပ္

တကယ္ေတာ့ လက္ရွိျဖစ္စဥ္ေတြဟာ ႏွစ္ကာလရွည္ျကာစြာ ဖိႏွိပ္ခံထားရတာေတြ ေပါက္ထြက္လာတဲ့ ျပသနာပါ။ ဒီက မ်က္ကန္းထရန့္ေထာက္ခံသူေတြေျပာသလုိ တရုတ္ေျကာင့္ မဟုတ္သလို ဘာေျကာင့္မွ မဟုတ္ပါဘူး။ ၈၈ မွာ ျမန္မာျပည္သူေတြ ဆႏၵျပျကပါတယ္။ မလုိသူေတြက ဗကပေျကာင့္ ဘာေျကာင့္ေျပာေပမယ့္ ဒုကၡေရာက္လြန္းလို့ လမ္းေပၚထြက္ခဲ့ျကတယ္ဆုိတာ အဲဒီေခတ္က ျမန္မာျပည္သူေတြ သိပါတယ္။ အခုလဲ အေမရိကန္မွာ ဒီလုိပါပဲ။ အဲဒီအခ်ိန္က သူတု့ိ က်ေနာ္တု့ိကုိ ေထာက္ခံသလုိ အခု က်ေနာ္တုိ့က သူတုိ့ကုိ ေထာက္ခံရမွာပါ။ အခုအခ်ိန္ ထရန့္ကုိ မ်က္စိမွိတ္ကာကြယ္ေနတာက အဲဒီအခ်ိန္က ဦးေန၀င္းကုိ ကာကြယ္ေနသလိုပါပဲ။

ကမၻာတခုလံုးက အေမရိကန္ျပည္သူေတြနဲ့ အတူ ဆႏၵျပေပးေနျကတာက သူတုိ့ခံစားခ်က္ကို စာနာလို့ပါ။ အဲဒါကုိ အေမရိကန္ျပည္သူေတြကုိ မစာမနာ ေျပာေနတာက အေတာ္ရယ္ခ်င္စရာ ေကာင္းပါတယ္။ ဒီမုိကေရစီကုိ အားေပးတယ္ဆို လူ့အခြင့္အေရးကုိ တန္ဖုိးထားရမွာပါ။ အခုေတာ့ အာဏာရွင္ဆန္ေနတဲ့ အေမရိကန္ မ်ိဳးခ်စ္ကို အားေပးေနပံုက တလြဲၿကီးပါ။



ဒီလုိနဲ့ ထရန့္တေယာက္ က်င္းထဲ ပုန္းေနခ်ိန္မွာ ဘုိင္ဒန္နဲ့ အုိဘားမားက မိန့္ခြန္းေျပာပါတယ္။ အိုဘားမားရဲ့ Town Hall ေျပာျကားခ်က္က အလြန္ထိေရာက္ပါတယ္။ “ I want you to know that you matter, I want you to know that Your lives matter, Your dreams matter “ ပါတဲ့။ အဲဒီမိန့္ခြန္းပီးတဲ့ေနာက္ ဆႏၵျပပဲြေတြ နည္းသြားသလုိ ျငိမ္းခ်မး္စြာပဲ ဆႏၵျပျကပါတယ္။

အေမရိကန္မီဒီယာေတြက တုိင္းျပည္အတြက္ ေခါင္းေဆာင္ အလိုအပ္ဆံုးအခ်ိန္မွာ အိမ္ျဖဴေတာ္က လက္ရွိသမၼတက မီးပိတ္ပီး ပုန္းေနပီး အုိဘားမားနဲ့ ဘုိင္ဒန္က ေရွ့ထြက္လာခဲ့တယ္လို့ ေရးသားခဲ့ျကပါတယ္။ ဒီေလာက္ဆုိ အမွား အမွန္နဲ့ ေအာင္ျမင္မွဳ က်ရွံုးမွဳေတြကုိ သိေလာက္ျကမွာပါ။ အေမရိကန္ ျပန္လာဖို႔ စုစည္းမႈအႀကီးအက်ယ္လိုအပ္ေနပါတယ္။ ေဆာင္းပါးကုိ မန္ဒဲလားရဲ့ သမုိင္း၀င္စကားေလးနဲ့ပဲ ပိတ္လုိက္ပါမယ္။

“လူသားတုိင္းဟာ တဦးကုိ တဦးမုန္းဖို့ ေမြးဖြားလာျကတာမဟုတ္ပါဘူး။ မုန္းတတ္ရင္ ခ်စ္လဲခ်စ္တတ္ရမယ္။ ခ်စ္တတ္ေအာင္ သင္ျကားေပးျကပါစုိ့။”

ေရးသားသူ – Nay Thway

Post a Comment

Previous Post Next Post