(Unicode)

ဘရာဇီးမှာ COVID-19 ကြောင့် နေ့အလိုက်သေဆုံးမှု အရေအတွက် စံချိန်တင်ခဲ့ပြီး ကြာသပတေးနေ့အနှောင်းပိုင်းအရောက်မှာ သေဆုံး သူအရေအတွက်ဟာ အီတလီကို ကျော်လွန် သွားခဲ့ပြီဖြစ်သော်လည်း တိုင်းပြည်ရဲ့ ပိတ်ဆို့ကန့်သတ်မိန့်တွေ အလျင်အမြန် ရုပ်သိမ်းခြင်း ကို သမ္မတဘော်ဆိုနာရိုက ဆက်လက်ထောက်ခံခဲ့ပြီး သူတို့ရဲ့ စီးပွားရေး နစ်နာဆုံးရှုံးမှုဟာ ကျန်းမာရေးအန္တရာယ်ထက် ပိုကြီးနေကြောင်း စောဒကတက်ခဲ့ပါတယ်။

ဘရာဇီးသမ္မတ ဘော်ဆိုနာရို က တုပ်ကွေးရောဂါလေးလို့ ပြောခဲ့တဲ့ ဗိုင်းရပ်စ်ဟာ သူပြောပြီး ရက် ၁၀၀ အကြာ ယခုအခါ တစ်မိနစ်ကို ဘရာဇီးပြည်သူ တစ်ယောက်နှုန်း သေဆုံးနေပြီဖြစ်တယ်လို့ ဘရာဇီးသတင်းစာ Folha de S.Paulo က အယ်ဒီတာ့အာဘော်မှာ ဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။ “သတင်းစာကို သင်ဖတ်နေချိန်မှာပဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဘရာဇီးပြည်သူတစ်ယောက် သေသွားပါပြီ” လို့ သ တင်းစာက ဖော်ပြခဲ့ပါတယ်။

ဇွန် လ ၄ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၄၇၃ ဦး သေဆုံးခဲ့ရာ အဆိုပါကပ်ရောဂါ စတင်ဖြစ်ပွားချိန်နောက်ပိုင်း ၂၄ နာရီအတွင်း လူသေဆုံးမှု အမြင့်ဆုံးဖြစ်လာခဲ့ကြောင်း ဘရာဇီးနိုင်ငံက ကြေညာလိုက်သည်။ လူသေဆုံးမှုစာရင်းအရ တစ်မိနစ်လျင် လူတစ်ဦးကျော် သေဆုံးနေပြီး ဘရာဇီးနိုင်ငံမှာ ယခုအခါ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု တတိယအမြင့်ဆုံးတိုင်းပြည် ဖြစ်လာခဲ့ သည်။


ကျန်းမာရေးဝန်ကြီးဌာနက ဘရာဇီးနိုင်ငံ၏ လူကြည့်အများဆုံး သတင်းအစီအစဉ်ဖြစ်သည့် ယမန်နေ့ည ပိုင်း ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုစာရင်းကို ဒေသစံတော်ချိန် ည ၁၀ နာရီအထိ ထုတ်ပြန်ရန် ကြန့်ကြာခဲ့သည်။ ဇွန်လ ၄ ရက်မှာ ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှုစံချိန်တင်သည့် တတိယ မြောက်နေ့ဖြစ်သည်။

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ လူ ၃၄၀၀၀ ကျော် သေဆုံးခဲ့ပြီး အီတလီနိုင်ငံ ၏ လူသေဆုံးမှုစာရင်းကို ကျော်ဖြတ်ကာ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ပြီးလျင် တတိယလူသေဆုံးမှုအများဆုံး တိုင်းပြည်ဖြစ်လာခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ စမ်းသပ်မှုများ မလုံလောက်မှုကြောင့် လူသေဆုံးမှုစာရင်း လျော့တွက်ထားသည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။

သမ္မတ ဘော်ဆိုနာရိုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ ဘရာဇီးနိုင်ငံ နုတ်ထွက်မယ်လို့ သောကြာနေ့မှာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အားနည်း မသွားသေးခင် lockdown ကန့်သတ်ချက်တွေကို ရုပ်သိမ်းတာဟာ အန္တရာယ်များမှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးခဲ့ပြီးနောက် ဘရာဇီးသမ္မတက ခုလိုခြိမ်းခြောက်ခဲ့တာပါ။

REF: SHWE WI

(Zawgyi)

ဘရာဇီးမွာ COVID-19 ေၾကာင့္ ေန႔အလိုက္ေသဆုံးမႈ အေရအတြက္ စံခ်ိန္တင္ခဲ့ၿပီး ၾကာသပေတးေန႔အေႏွာင္းပိုင္းအေရာက္မွာ ေသဆုံး သူအေရအတြက္ဟာ အီတလီကို ေက်ာ္လြန္ သြားခဲ့ၿပီျဖစ္ေသာ္လည္း တိုင္းျပည္ရဲ႕ ပိတ္ဆို႔ကန႔္သတ္မိန္႔ေတြ အလ်င္အျမန္ ႐ုပ္သိမ္းျခင္း ကို သမၼတေဘာ္ဆိုနာ႐ိုက ဆက္လက္ေထာက္ခံခဲ့ၿပီး သူတို႔ရဲ႕ စီးပြားေရး နစ္နာဆုံးရႈံးမႈဟာ က်န္းမာေရးအႏၲရာယ္ထက္ ပိုႀကီးေနေၾကာင္း ေစာဒကတက္ခဲ့ပါတယ္။

ဘရာဇီးသမၼတ ေဘာ္ဆိုနာ႐ို က တုပ္ေကြးေရာဂါေလးလို႔ ေျပာခဲ့တဲ့ ဗိုင္းရပ္စ္ဟာ သူေျပာၿပီး ရက္ ၁၀၀ အၾကာ ယခုအခါ တစ္မိနစ္ကို ဘရာဇီးျပည္သူ တစ္ေယာက္ႏႈန္း ေသဆုံးေနၿပီျဖစ္တယ္လို႔ ဘရာဇီးသတင္းစာ Folha de S.Paulo က အယ္ဒီတာ့အာေဘာ္မွာ ေဖာ္ျပ ခဲ့တာ ျဖစ္ပါတယ္။ “သတင္းစာကို သင္ဖတ္ေနခ်ိန္မွာပဲ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ဘရာဇီးျပည္သူတစ္ေယာက္ ေသသြားပါၿပီ” လို႔ သ တင္းစာက ေဖာ္ျပခဲ့ပါတယ္။

ဇြန္ လ ၄ ရက္ေန႔က ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူ ၁၄၇၃ ဦး ေသဆုံးခဲ့ရာ အဆိုပါကပ္ေရာဂါ စတင္ျဖစ္ပြားခ်ိန္ေနာက္ပိုင္း ၂၄ နာရီအတြင္း လူေသဆုံးမႈ အျမင့္ဆုံးျဖစ္လာခဲ့ေၾကာင္း ဘရာဇီးႏိုင္ငံက ေၾကညာလိုက္သည္။ လူေသဆုံးမႈစာရင္းအရ တစ္မိနစ္လ်င္ လူတစ္ဦးေက်ာ္ ေသဆုံးေနၿပီး ဘရာဇီးႏိုင္ငံမွာ ယခုအခါ ကမာၻေပၚတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူေသဆုံးမႈ တတိယအျမင့္ဆုံးတိုင္းျပည္ ျဖစ္လာခဲ့ သည္။

က်န္းမာေရးဝန္ႀကီးဌာနက ဘရာဇီးႏိုင္ငံ၏ လူၾကည့္အမ်ားဆုံး သတင္းအစီအစဥ္ျဖစ္သည့္ ယမန္ေန႔ည ပိုင္း ကို႐ိုနာဗိုင္းရပ္စ္ ေသဆုံးမႈစာရင္းကို ေဒသစံေတာ္ခ်ိန္ ည ၁၀ နာရီအထိ ထုတ္ျပန္ရန္ ၾကန႔္ၾကာခဲ့သည္။ ဇြန္လ ၄ ရက္မွာ ဘရာဇီးႏိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လူေသဆုံးမႈစံခ်ိန္တင္သည့္ တတိယ ေျမာက္ေန႔ျဖစ္သည္။

ဘရာဇီးႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လက္ရွိအခ်ိန္ထိ လူ ၃၄၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး အီတလီႏိုင္ငံ ၏ လူေသဆုံးမႈစာရင္းကို ေက်ာ္ျဖတ္ကာ ၿဗိတိန္ႏွင့္ အေမရိကန္ႏိုင္ငံတို႔ၿပီးလ်င္ တတိယလူေသဆုံးမႈအမ်ားဆုံး တိုင္းျပည္ျဖစ္လာခဲ့သည္။ ကိုဗစ္-၁၉ ေရာဂါ စမ္းသပ္မႈမ်ား မလုံေလာက္မႈေၾကာင့္ လူေသဆုံးမႈစာရင္း ေလ်ာ့တြက္ထားသည္ဟု ကြၽမ္းက်င္သူမ်ားက ယူဆၾကသည္။

သမၼတ ေဘာ္ဆိုနာ႐ိုက ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကေန ဘရာဇီးႏိုင္ငံ ႏုတ္ထြက္မယ္လို႔ ေသာၾကာေန႔မွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အားနည္း မသြားေသးခင္ lockdown ကန္႔သတ္ခ်က္ေတြကို ႐ုပ္သိမ္းတာဟာ အႏၲရာယ္မ်ားမွာျဖစ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က သတိေပးခဲ့ၿပီးေနာက္ ဘရာဇီးသမၼတက ခုလိုၿခိမ္းေျခာက္ခဲ့တာပါ။


REF: SHWE WI

Post a Comment

Previous Post Next Post