(Uniode)

ယူဂန်ဒါနိုင်ငံ၊ မြိုု့တစ်ခုမှာ ဗလီဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုတဲ့ ဓမ္မဆရာ Sheikh Mohammed Matumba ဟာ မကြာသေးခင်က လက်ထပ်ပွဲဆင်နွှဲခဲ့ရာ၊ နှစ်ပတ်အကြာမှာ အရှက်တကွဲ အကျိုးနည်းခဲ့ရတဲ့အပြင်၊ ဗလီဆရာရာထူးပါ ထိခိုက်ခဲ့ရပါတယ်။ Matumba ဟာ အမျိုးသမီးလို့ထင်ပြီးယူခဲ့တဲ့လူက ယောက်ျားတစ်ယောက်ဖြစ်နေမှန်း (၂)ပတ်အကြာမှ သိခဲ့ရတာပါတဲ့။Matumba ဒီကြားထဲမှာ ယောက်ျားလား မိန်းမလား ဘာလို့ မသိခဲ့တာလဲဆိုတော့ သူရဲ့ သတို့သမီးအဖြစ် ဟန်ဆောင်ထားသူက ဓမ္မတာလာနေတဲ့အတောအတွင်းမို့ လိင်ကိစ္စရှောင်ကြဉ်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူဟာ လောလောလက်လက် လက်ထပ်ထားသူကို အမျိုးသားတစ်ယောက်အဖြစ် လုံးဝ သံသယမဝင်မိခဲ့ပါဘူးတဲ့။



ဒါပေမယ့် Matumba ယူထားတဲ့လူဟာ အိမ်နီးနားချင်းရဲ့ တီဗွီကို လူတွေအလစ်မှာ ခိုးယူခဲ့ပါတယ်။ အဲဒီမှာ ရဲတပ်ဖွဲ့က မီးခိုးကြွက်လျှောက် လိုက်လံဖမ်းဆီးစဉ်မှာ Matumba တစ်ယောက် လုံးဝသိမထားတဲ့ အမှန်တရားကိုပါ ဖော်ထုတ်နိုင်ခဲ့တာပါ။ အဆိုပါအမျိုးသားဟာ ဗလီဆရာရဲ့ဇနီးအဖြစ် ကာဗာယူပြီး မကောင်းမှုတွေကျူးလွန်လို့ ကြိုတင်ကြံစည်ခဲ့ပုံရတယ်လို့ ရဲက ပြောပါတယ်။အသက်(၂၇)နှစ်သာရှိသေးတဲ့ Matumba ကတော့ အရှက်ကွဲခဲ့တဲ့အပြင်၊ လိင်တူလက်ထပ်ခဲ့သူလို့ စွပ်စွဲခံခဲ့ရပြီး၊ ဗလီဆရာတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူးဟုဆိုကာ ရာထူးကနေ ဖယ်ရှားခံလိုက်ရပါတယ်။ နောက်ပြီး အဲဒီဗလီတွေနဲ့လည်း လာရောက်ပတ်သက်ခြင်းမပြုဖို့ ဒေသခံဘာသာရေးအဖွဲ့က တားဆီးခဲ့ကြောင်း သိရပါတယ်။



Matumba ရဲ့ဇနီးအဖြစ် ဟန်ဆောင်ခဲ့သူမှာ Swabullah Nabukeera လို့ အမည်ရပါတယ်။ ဒါက အမျိုးသမီးနာမည်ပါ။ သူက ယောက်ျားစစ်စစ်ဖြစ်လို့၊ ယောက်ျားနာမည်လည်း ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာအကုန်လောက်မှာ Matumba နဲ့ Swabullah တို့ လက်ထပ်ခဲ့တာပါ။ မင်္ဂလာဦးညမှာ Matumba က စိတ်လှုပ်ရှားစွာ ကဲမယ်ကြံတော့ Swabullah က ဓမ္မတာလာနေလို့ သည်းခံဖို့ ပြောခဲ့ပါသတဲ့။နောက်တော့ Swabullah ဟာ Matumba စုဆောင်းထားတဲ့ ပိုက်ဆံတွေအပြင်၊ အိမ်နီးနားချင်းတစ်အိမ်ဆီကနေ တီဗွီကို ခိုးယူထွက်ပြေးသွားပါတယ်။ ရဲက ဖမ်းမိတဲ့အခါ တရားခံက သူရဲ့နာမည်အရင်းမှာ Richard Tumushabe ဖြစ်တယ်လို့ ပြောပါတယ်။ Matumba ကတော့ အလွန်ရှက်နေပြီး၊ တစ်လလောက် အိမ်ထဲကအိမ်ပြင် မထွက်ရဲပါဘူး။ တချို့ကတော့ သူ့ကို ကိုယ်စီးတဲ့မြင်း အထီးလားအမလား မသိသူလို့ ကဲ့ရယ်ကြသတဲ့။



Credit Celecrazynews

Ref DailyStar


(Zawgyi)


ယူဂန္ဒါႏုိင္ငံ၊ ၿမိဳဳ႕တစ္ခုမွာ ဗလီဆရာအျဖစ္ အသက္ေမြးဝမ္းေၾကာင္းျပဳတဲ့ ဓမၼဆရာ Sheikh Mohammed Matumba ဟာ မၾကာေသးခင္က လက္ထပ္ပြဲဆင္ႏႊဲခဲ့ရာ၊ ႏွစ္ပတ္အၾကာမွာ အရွက္တကြဲ အက်ိဳးနည္းခဲ့ရတဲ့အျပင္၊ ဗလီဆရာရာထူးပါ ထိခုိက္ခဲ့ရပါတယ္။ Matumba ဟာ အမ်ိဳးသမီးလုိ႔ထင္ၿပီးယူခဲ့တဲ့လူက ေယာက္်ားတစ္ေယာက္ျဖစ္ေနမွန္း (၂)ပတ္အၾကာမွ သိခဲ့ရတာပါတဲ့။Matumba ဒီၾကားထဲမွာ ေယာက္်ားလား မိန္းမလား ဘာလုိ႔ မသိခဲ့တာလဲဆုိေတာ့ သူရဲ႕ သတုိ႔သမီးအျဖစ္ ဟန္ေဆာင္ထားသူက ဓမၼတာလာေနတဲ့အေတာအတြင္းမုိ႔ လိင္ကိစၥေရွာင္ၾကဥ္ဖုိ႔ ေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒါေၾကာင့္လည္း သူဟာ ေလာေလာလက္လက္ လက္ထပ္ထားသူကို အမ်ိဳးသားတစ္ေယာက္အျဖစ္ လုံးဝ သံသယမဝင္မိခဲ့ပါဘူးတဲ့။


ဒါေပမယ့္ Matumba ယူထားတဲ့လူဟာ အိမ္နီးနားခ်င္းရဲ႕ တီဗြီကို လူေတြအလစ္မွာ ခုိးယူခဲ့ပါတယ္။ အဲဒီမွာ ရဲတပ္ဖြဲ႕က မီးခုိးၾကြက္ေလွ်ာက္ လုိက္လံဖမ္းဆီးစဥ္မွာ Matumba တစ္ေယာက္ လုံးဝသိမထားတဲ့ အမွန္တရားကိုပါ ေဖာ္ထုတ္ႏုိင္ခဲ့တာပါ။ အဆုိပါအမ်ိဳးသားဟာ ဗလီဆရာရဲ႕ဇနီးအျဖစ္ ကာဗာယူၿပီး မေကာင္းမႈေတြက်ဴးလြန္လုိ႔ ႀကိဳတင္ႀကံစည္ခဲ့ပုံရတယ္လုိ႔ ရဲက ေျပာပါတယ္။အသက္(၂၇)ႏွစ္သာရွိေသးတဲ့ Matumba ကေတာ့ အရွက္ကြဲခဲ့တဲ့အျပင္၊ လိင္တူလက္ထပ္ခဲ့သူလုိ႔ စြပ္စြဲခံခဲ့ရၿပီး၊ ဗလီဆရာတစ္ေယာက္ျဖစ္ဖုိ႔ မထုိက္တန္ဘူးဟုဆုိကာ ရာထူးကေန ဖယ္ရွားခံလုိက္ရပါတယ္။ ေနာက္ၿပီး အဲဒီဗလီေတြနဲ႔လည္း လာေရာက္ပတ္သက္ျခင္းမျပဳဖုိ႔ ေဒသခံဘာသာေရးအဖြဲ႕က တားဆီးခဲ့ေၾကာင္း သိရပါတယ္။



Matumba ရဲ႕ဇနီးအျဖစ္ ဟန္ေဆာင္ခဲ့သူမွာ Swabullah Nabukeera လုိ႔ အမည္ရပါတယ္။ ဒါက အမ်ိဳးသမီးနာမည္ပါ။ သူက ေယာက္်ားစစ္စစ္ျဖစ္လုိ႔၊ ေယာက္်ားနာမည္လည္း ရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာအကုန္ေလာက္မွာ Matumba နဲ႔ Swabullah တုိ႔ လက္ထပ္ခဲ့တာပါ။ မဂၤလာဦးညမွာ Matumba က စိတ္လႈပ္ရွားစြာ ကဲမယ္ႀကံေတာ့ Swabullah က ဓမၼတာလာေနလုိ႔ သည္းခံဖုိ႔ ေျပာခဲ့ပါသတဲ့။ေနာက္ေတာ့ Swabullah ဟာ Matumba စုေဆာင္းထားတဲ့ ပုိက္ဆံေတြအျပင္၊ အိမ္နီးနားခ်င္းတစ္အိမ္ဆီကေန တီဗြီကို ခုိးယူထြက္ေျပးသြားပါတယ္။ ရဲက ဖမ္းမိတဲ့အခါ တရားခံက သူရဲ႕နာမည္အရင္းမွာ Richard Tumushabe ျဖစ္တယ္လုိ႔ ေျပာပါတယ္။ Matumba ကေတာ့ အလြန္ရွက္ေနၿပီး၊ တစ္လေလာက္ အိမ္ထဲကအိမ္ျပင္ မထြက္ရဲပါဘူး။ တခ်ိဳ႕ကေတာ့ သူ႕ကုိ ကိုယ္စီးတဲ့ျမင္း အထီးလားအမလား မသိသူလုိ႔ ကဲ့ရယ္ၾကသတဲ့။

Credit Celecrazynews

Ref DailyStar

Post a Comment

Previous Post Next Post