(Unicode)

လက်ရှိဖြစ်နေတဲ့ ကိုရီးယားနှစ်နိုင်ငံ ကိစ္စမှာ ဝင်မစွက်ဖက်ဖို့ အမေရိကန်ကို မြောက်ကိုရီးယား သတိပေးပြီ…

အမေရိကန်အစိုးရအနေနဲ့ လာမယ့်သမ္မတသစ်ရွေးကောက်ပွဲမှာ အနှောင့်အယှက် မကြုံတွေ့ချင်ဘူးဆိုရင် ကိုရီးယားနှစ်နိုင်ငံကြားက ကိစ္စတွေကို ဝင်ရောက်မစွက်ဖက်ဖို့ မြောက်ကိုရီးယားအစိုးရက ဇွန်လ ၁၁ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။



တောင်ကိုရီးယား နယ်စပ်ဘက်ကနေ ခေါင်းဆောင်ကင်ဂျုံအန်ကို အပုပ်ချဝါဒဖြန့်ထားတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ မြောက်ကိုရီးယားအစိုးရဟာ နှစ်နိုင်ငံကြားက ဆက်သွယ်ရေးလိုင်းတွေကို လွန်ခဲ့တဲ့ရက်ပိုင်းက ဖြတ်တောက်ခဲ့ပါတယ်။

ဒီလုပ်ရပ်အတွက် အလွန်စိတ်ပျက် ဝမ်းနည်းမိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် မြောက်ကိုရီးယားဘက်က အခုလိုက်တုန့်ပြန် သတိပေးလိုက်တာဖြစ်ပါတယ်။


အမေရိကန်ဟာ သူ့ရဲ့နိုင်ငံရေးအခြေအနေရှုပ်ထွေးနေချိန်မှာ ကိုယ့်ပြည်တွင်းရေးကိုယ်ဂရုမစိုက်ဘဲ အခြားသူရဲ့ ပြည်တွင်းရေးရာကို မဆင်မချင်မှတ်ချက်ပြု ပြောဆိုနေတယ်ဆိုရင် ကိုင်တွယ်ရခက်တဲ့ မနှစ်မြို့ဖွယ်အခြေအနေနဲ့ ကြုံတွေ့ရဖွယ်ရှိတယ်။ ဒါကြောင့် ကိုရီးယားနှစ်နိုင်ငံရဲ့ကိစ္စကို အမေရိကန်ဘက်က ဝင်မစွက်ဖက်တာကောင်းပါလိမ့်မယ်။ ဒါဟာအမေရိကန်ရဲ့ အကျိုးစီးပွားကိုသာမက ရွေးကောက်ပွဲ ချောချောမွေ့မွေ့ကျင်းပနိုင်ဖို့လည်း အထောက်အကူဖြစ်မှာပါ” လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။


(Zawgyi)


လက္ရိွျဖစ္ေနတဲ့ ကိုရီးယားႏွစ္ႏိုင္ငံ ကိစၥမွာ ဝင္မစြက္ဖက္ဖို႔ အေမရိကန္ကို ေျမာက္ကိုရီးယား သတိေပးၿပီ…

အေမရိကန္အစိုးရအေနနဲ႔ လာမယ့္သမၼတသစ္ေ႐ြးေကာက္ပြဲမွာ အေႏွာင့္အယွက္ မႀကဳံေတြ႕ခ်င္ဘူးဆိုရင္ ကိုရီးယားႏွစ္ႏိုင္ငံၾကားက ကိစၥေတြကို ဝင္ေရာက္မစြက္ဖက္ဖို႔ ေျမာက္ကိုရီးယားအစိုးရက ဇြန္လ ၁၁ ရက္ေန႕မွာ သတိေပးခ်က္ ထုတ္ျပန္လိုက္ပါတယ္။


ေတာင္ကိုရီးယား နယ္စပ္ဘက္ကေန ေခါင္းေဆာင္ကင္ဂ်ဳံအန္ကို အပုပ္ခ်ဝါဒျဖန႔္ထားတဲ့ လက္ကမ္းစာေစာင္ေတြ ျဖန႔္ေဝေနတာနဲ႔ပတ္သက္ၿပီး မေက်နပ္တဲ့ ေျမာက္ကိုရီးယားအစိုးရဟာ ႏွစ္ႏိုင္ငံၾကားက ဆက္သြယ္ေရးလိုင္းေတြကို လြန္ခဲ့တဲ့ရက္ပိုင္းက ျဖတ္ေတာက္ခဲ့ပါတယ္။

ဒီလုပ္ရပ္အတြက္ အလြန္စိတ္ပ်က္ ဝမ္းနည္းမိေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ေဖာ္ေျပာဆိုလိုက္ၿပီးေနာက္ ေျမာက္ကိုရီးယားဘက္က အခုလိုက္တုန္႔ျပန္ သတိေပးလိုက္တာျဖစ္ပါတယ္။


အေမရိကန္ဟာ သူ႔ရဲ႕ႏိုင္ငံေရးအေျခအေနရႈပ္ေထြးေနခ်ိန္မွာ ကိုယ့္ျပည္တြင္းေရးကိုယ္ဂ႐ုမစိုက္ဘဲ အျခားသူရဲ႕ ျပည္တြင္းေရးရာကို မဆင္မခ်င္မွတ္ခ်က္ျပဳ ေျပာဆိုေနတယ္ဆိုရင္ ကိုင္တြယ္ရခက္တဲ့ မႏွစ္ၿမိဳ႕ဖြယ္အေျခအေနနဲ႔ ႀကဳံေတြ႕ရဖြယ္ရွိတယ္။ ဒါေၾကာင့္ ကိုရီးယားႏွစ္ႏိုင္ငံရဲ႕ကိစၥကို အေမရိကန္ဘက္က ဝင္မစြက္ဖက္တာေကာင္းပါလိမ့္မယ္။ ဒါဟာအေမရိကန္ရဲ႕ အက်ိဳးစီးပြားကိုသာမက ေ႐ြးေကာက္ပြဲ ေခ်ာေခ်ာေမြ႕ေမြ႕က်င္းပႏိုင္ဖို႔လည္း အေထာက္အကူျဖစ္မွာပါ” လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့တာပါ။

Credit Original

Post a Comment

Previous Post Next Post